ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ ဖြန့်ဝေသူ ပါတီဝင် ၄ ဦး ခေတ္တထိန်းသိမ်းခံရ

Tuesday, August 11, 2009 ·

မဇ္ဈိမ | ချင်းမိုင်။ ။ ပဲခူးမြို့ မြို့မဈေးထဲတွင် ဒေါ်အောင်ဆန်းစုကြည် ၏ ဓာတ်ပုံများ ဖြန့်ဝေသူ အန်အယ်ဒီ အဖွဲ့ဝင် ၄ ဦးသည် ယနေ့နံနက်တွင် ခေတ္တဖမ်းဆီးခံခဲ့ရပြီး ဝန်ခံကတိလက်မှတ် ရေးထိုးခဲ့ပြီးနောက် ညနေပိုင်းတွင် ပြန်လွတ်လာသည်။

ပဲခူးမြို့ အန်အယ်ဒီ အဖွဲ့ဝင်များဖြစ်ကြသည့ှ် ဒေါ်ခင်ညွန့်မူ၊ ကိုကျော်ဝင်း၊ ဒေါ်ရွှေနှင့် ကိုပေါက်စီတို့ ၄ ဦးနှင့် အခြားတဦးတို့ ဖြစ်သည်။

“မနက်တုန်းက အခြေအနေကတော့ ကျနော်တို့ကို ခရိုင် (ခယက ကောင်စီ) ရုံးထဲ ခေါ်ပြီးတော့ ခဏထိန်းထားတာပေါ့ခင်ဗျ။ ကျနော်တို့ ၂ ချက်ခွဲ၊ ၃ နာရီလောက်ကျမှ မဝတ (မြို့နယ်ကောင်စီ) ဥက္ကဋ္ဌနဲ့ ကော်မရှင်ရုံးက အဖွဲ့တွေနဲ့ ပေးတွေ့ပါတယ်။ ကျနော်တို့ကို ဝန်ခံကတိ လက်မှတ်ထိုးခိုင်းပါတယ်။ နောက်နောင် အဲဒီလိုမျိုး မဝေဖို့လို့ပေါ့နော်။ ၄ ယောက်စလုံးကိုပေါ့နော်။ ထိုးခဲ့ရပါတယ်” ဟု ပြန်လည်လွတ်မြောက်လာသူ ကိုပေါက်စီက မဇ္ဈိမကို ပြောသည်။

ယနေ့နံနက် ၉ နာရီက ပဲခူးမြို့ရွှေမော်ဓော ဘုရားပေါ်ရှိ အင်္ဂါထောင့်တွင် အန်အယ်ဒီ အဖွဲ့ဝင် ၇ ဦးနှင့်အတူ ပြည်သူ အယောက် ၃၀ ကျော်တို့က ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန်အတွက် ဝတ်ပြုဆုတောင်းမှုများ ပြုလုပ်ခဲ့ကြသည်။

ထို့နောက် ပဲခူးမြို့မ ဈေးကြီးသို့ ဆက်လက် သွားရောက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများ ဝေငှရာမှ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။ ဓာတ်ပုံဝေနေစဉ်တွင် စစ်ဖက်လုံခြုံရေးတပ်ဖွဲ့ - စရဖ၊ ရဲအထူးသတင်း တပ်ဖွဲ့ဝင်များက ဆိုင်ကယ်များဖြင့် ဓာတ်ပုံများ လိုက်ရိုက်ခဲ့သေးသည်။

ဓာတ်ပုံဝေခြင်းသည် စည်းရုံး လှုံ့ဆော်သည့်သဘော သက်ရောက်သဖြင့် နောက်နောင် မပြုလုပ်ကြရန် မဝတ ဥက္ကဋ္ဌ က သတိပေးပြောကြားခဲ့သည်။

အလားတူပင် မကွေးတိုင်း ရေနံချောင်းမြို့ရှိ အန်အယ်ဒီခေါင်းဆောင်များဖြစ်သည့် ဦးတင့်လွင်၊ ဒေါ်ခင်စောဌေး၊ ဦးကျော်ငြိမ်း၊ ဦးသန်းအောင်၊ ဦးအေးကိုတို့ကို ယနေ့နံနက် ၄ နာရီခန့်တွင် နေအိမ်များမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ယခုထိ လွတ်မြောက်လာခြင်း မရှိသေးကြောင်း မိသားစုဝင်များက ပြောသည်။

“ဒီမနက် ၄ နာရီလောက်တည်းက ဖမ်းသွားတာ။ မိသားစုတွေနဲ့ အိပ်နေတဲ့အချိန်တွေမှာ တက်ပြီး ဖမ်းသွားတာ။ ဖမ်းတာကတော့ ဝတ်ပြုဆုတောင်းပွဲတွေ မဖြစ်မြောက်အောင်လို့ ဖမ်းတာပေါ့။ သူတို့တွေ အဖမ်းခံရပေမယ့် ကျမတို့ ကျန်တဲ့လူတွေကတော့ ဒီမြို့မှာရှိတဲ့ ဘုရားတွေနေရာ ၈ ခုလောက် ကိုယ့်အဖွဲ့နဲ့ကိုယ် လုပ်ဖြစ်ကြပါတယ်” ဟု ဦးတင့်လွင်၏ ညီမဖြစ်သူ မသန်းသန်းက မဇ္ဈိမကို ပြောသည်။

ဒေါ်ခင်စောဌေးကိုမူ ယမန်နေ့ည ၁၂ နာရီအချိန်ခန့်၌ ရေနံချောင်းမြို့ရဲများက နေအိမ်သို့ဝင်ရောက်၍ ဧည့်စာရင်းစစ်ပြီးနောက် ပြန်သွားကြကာ ယနေ့နံနက် ၄ နာရီတွင် ပြန်လာကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲများကို ပေါင်းတည်၊ နတ်တလင်း၊ ဇီးကုန်း၊ သနပ္ပင်၊ အင်းတကော်၊ ရေနံချောင်း အစရှိသည့် မြို့နယ်များတွင် ပြုလုပ်ခဲ့ကြသည်။

source by : မဇ္ဈိမ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */