မလေးရှား အချုပ်ခန်းများမှ မြန်မာများ ကျန်းမာရေး ထိခိုက်

Friday, August 28, 2009 ·

ကိုထွေး | မလေးရှားနိုင်ငံ ကွာလာလမ်ပူ နိုင်ငံတကာ လေဆိပ် အနီးရှိ ထိန်းသိမ်းရေး စခန်းမှ မြန်မာ အလုပ်သမားများ ဆေးဝါး ကုသခွင့် မရသဖြင့် ကျန်းမာရေး ဆိုးရွားလာနေကြောင်း သိရသည်။

အချုပ်ဆောင် တခုတည်းတွင် လူပေါင်း ၆၀ ခန့် ကျပ်တည်းစွာ နေရသည့် အတွက် ရောဂါ ကူးစက်ရန် လွယ်ကူနေသည်ဟု အထိန်းသိမ်းခံ နေရသူ တဦးဖြစ်သည့် ကိုသန်းထွန်းစိုးက ပြောသည်။

“ယားနာ ပေါက်တဲ့ လူတွေက ဆေးဝါး ကုသခွင့် မရှိပါဘူး၊ ကျနော်လည်း ၂ လလောက်ရှိပြီ ယားတာ။ လူတွေ အပြင်းအထန် ဖျားနာမှ ဆေးကုပေးတယ်၊ တပတ်မှာ ဆေးကုခွင့်က ၄ ယောက်ပဲ ရတယ်” ဟု ကိုသန်းထွန်းစိုး က ဧရာဝတီသို့ ပြောသည်။

ထိန်းသိမ်းရေး စခန်းတွင် အသီးအရွက်များကို ကျွေးမွေးခြင်း မရှိဘဲ ငါးဟင်းကိုသာ အဓိကထား ကျွေးသဖြင့် အာဟာရဓာတ် ချို့တဲ့နေကြကြောင်း၊ ဆပ်ပြာ မရှိသဖြင့် အများစုမှာ ယားနာများ စွဲကပ်နေကြောင်း ကိုသန်းထွန်းစိုးက ရှင်းပြသည်။

မြန်မာပြည်သားများသည် မလေးရှားတွင် လပေါင်းများစွာ ထိန်းသိမ်းခံနေရခြင်း ဖြစ်သည်။ ၎င်းတို့ ကွာလာလမ်ပူ လေဆိပ် အနီး ထိန်းသိမ်းရေး စခန်းသို့ ပြောင်းရွှေ့ ချုပ်နှောင်ခံထားရသည်မှာ ၂ လ ရှိပြီ ဖြစ်ကြောင်း သိရသည်။

အခြေအနေ ဆိုးရွားသည့် အချုပ်ခန်းများအတွင်း လူအများအပြား ပိတ်လှောင်ခံထားရကြောင်း ထိန်းသိမ်းခံနေရသူ တဦးဖြစ်သည့် ကိုခိုင်မင်းက ပြောသည်။

“အလုံပိတ်ထားတော့ လမ်း မလျှောက် ရတာကြာပြီ၊ ပြင်ပက လေနဲ့ နေရောင် မရတော့ ပိုဆိုးတယ်။ ကျနော်ကတော့ ခြေထောက်တွေ ယောင်နေတယ်” ဟု ကိုခိုင်မင်းက ပြောသည်။

မလေးရှားတွင် တရားဝင် စာရွက်စာတမ်း မရှိဘဲ နေထိုင်၊ အလုပ်လုပ်ကိုင်မှုဖြင့် ဖမ်းဆီးခံထား ရသော နိုင်ငံခြားသား ၇၀၀၀ ခန့် ရှိနေသည်။ မြန်မာပြည်သားမှာ အများစု ဖြစ်ပြီး အရေအတွက် အားဖြင့် ၂၈၀၀ ခန့် ရှိသည်ဟု မလေးရှားမှ လာသည့် AP သတင်းတပုဒ်တွင် ဖော်ပြထားသည်။ ထိန်းသိမ်းခံ ထားရသူများ အတွက် နေရာ ထိုင်ခင်း အလုံ အလောက် မရှိဟု ဆိုသည်။

တရားမ၀င် နေထိုင်သည့် နိုင်ငံခြားသားများကို ရက်အနည်းငယ်သာ ထိန်းသိမ်းရန် စီစဉ် တည်ဆောက်ထားသည့် ထိုစခန်းများတွင် မြန်မာပြည်သားများ သောင်တင်နေရခြင်းမှာ မလေးရှားရှိ မြန်မာသံရုံး၏ အားနည်းချက် ဖြစ်ကြောင်း၊ သံရုံးက ထိန်းသိမ်းခံထားရသူ မြန်မာတဦးထံမှ အချက်အလက် ရယူပြီး မှတ်ပုံတင်သည့် လုပ်ငန်း အတွက် ၆ လခန့် အချိန်ယူလေ့ရှိကြောင်း AP သတင်းက ဆိုသည်။

ထို့ပြင် နေရပ်ရင်း ပြန်လည်ပို့ဆောင်ရန် ရင်းဂစ် ၆၂၀ (ဒေါ်လာ ၁၈၀ ခန့်) ကောက်ခံသည်ဟု ဆိုသည်။

တခြား နိုင်ငံများမှ အလုပ်သမားများမှာ ဖမ်းဆီးခံရပြီး တပတ်အတွင်း နေရပ်ရင်းနိုင်ငံသို့ ပြန်လည် ရောက်ရှိသွားလေ့ ရှိပြီး မြန်မာ ပြည်သားများသာ လပေါင်းများစွာ ချုပ်နှောင်ခံနေရခြင်း ဖြစ်သည်ဟု သိရသည်။
လွန်ခဲ့သည့် ၃ လ က Pulau Pinang ပြည်နယ်ရှိ လူဝင်မှု ကြီးကြပ်ရေး ဌာန ထိန်းသိမ်းရေး စခန်း တခုတွင် ကြွက်ကြောင့် ဖြစ်ပွားသည့် အဖျားရောဂါ တမျိုးကြောင့် မြန်မာ အလုပ်သမား ၂ ဦး သေဆုံး သွားသည်။

ထိန်းသိမ်းခံရစဉ် အနိုင်ကျင့် နှိပ်စက်သည်ဟူသော သတင်းများလည်း မကြာခဏ ထွက်ပေါ်လျက် ရှိသည်။ ထိုအခြေအနေများကြောင့် ပြီးခဲ့သည့် လဆန်းပိုင်းက Kajang မြို့နယ်၊ Semenyih အရပ် လူဝင်မှုကြီးကြပ်ရေး ဌာန (လဝက) အချုပ်ခန်းတွင် အဓိကရုဏ်း ဖြစ်ပွားခဲ့သည်။ အာဏာပိုင်များက ထိုအချုပ်ခန်းမှ မြန်မာ အလုပ်သမား တချို့ကို ကွာလာလမ်ပူ လေဆိပ် အနီးရှိ ထိန်းသိမ်းရေး စခန်းသို့ ပြောင်းရွှေ့ခဲ့သည်။

မလေးရှားနိုင်ငံတွင် ရွှေ့ပြောင်း အလုပ်သမားများအတွက် လူ့အခွင့်အရေး စံချိန်မှာ နိမ့်ကျနေကြောင်း၊ နိုင်ငံခြားသား မုန်းတီးမှုလည်း အလွန်များကြောင်း၊ ထိုသို့ မုန်းတီးမှုကြောင့် ပြဿနာ များစွာ ဖြစ်ပေါ်နေကြောင်း ကြားသိရသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */