ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသူများစုရုံး

Tuesday, August 11, 2009 ·

NEJ | ယနေ့ သြဂုတ် (၁၁) ရက်၊ ဒေါ်အောင်ဆန်းစုကြည်အမှု စီရင်ချက်ချမည့်နေ့တွင် အင်းစိန်ထောင်အနီး အင်းစိန်ဈေးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသူ လူ (၁,၀၀၀) ခန့် စုဝေးရောက်ရှိခဲ့ကြပြီး စစ်အစိုးရ ဘက်ကလည်း အရပ်ဝတ် စွမ်းအားရှင်များကို အသင့်အနေအထား ချထားကြောင်း မျက်မြင်များက ပြောသည်။

အဆိုပါ နေရာသို့သွားရောက်ခဲ့သူ သတင်းထောက် တဦးက “ဒေါ်စုကို ထောက်ခံတဲ့လူတွေ လာပြီးစုဝေးနေတာ အယောက် (၁) ထောင် လောက်ရှိမယ်။ အန်အယ်လ်ဒီအဖွဲ့ဝင်တွေပါတယ်။ အယ်ဒီတာတွေ၊ သတင်းထောက်တွေ၊ သာမန်ပြည်သူတွေပါတယ်။ အားလုံးမနက် (၁၁) နာရီအထိတော့ ငြိမ်းငြိမ်းချမ်းချမ်းပဲ” ဟု ပြောသည်။

ယနေ့ အင်းစိန် ထောင်ရှေ့လမ်းကို ဘတ်စ်ကား ပြေးဆွဲခွင့် ပိတ်ပင် ထားသော်လည်း လမ်းကို ဖွင့်ပေးထားပြီး လူများကို ၀င်ထွက်ခွင့် ပေးထားကာ အင်းစိန်ခုံးကျော် တံတားအပြင်ဘက် အင်းစိန် ပန်းခြံ ဘတ်စ်ကားဂိတ် အနီးတွင်မူ လုံထိန်းရဲတပ်ဖွဲ့ဝင်များ ကား (၆) စီးဖြင့် စောင့်ဆိုင်းနေသည်ကို တွေ့ရသည်ဟု အင်းစိန်မြို့ခံ တဦးက ပြောသည်။

၎င်းက “အရင်နေ့တွေက ဆိုရင် အင်းစိန်ပန်းခြံ မီးပွိုင့်ကပဲ အင်းစိန် ပေါက်တောဝမီးပွိုင့်ထိကို ဆိုက္ကားတွေလည်း ၀င်မရဘူး၊ ကားလည်း ၀င်မရဘူး။ ပြီးခဲ့တဲ့ သြဂုတ်လ (၈) ရက်ကဆိုရင် လူတွေကိုတောင် ပေးမ၀င်ဘူး။ ဒီနေ့တော့ ပုံစံတမျိုးတွေ့ရတယ်ဗျ။ ဆိုက္ကားတွေ ပေးဝင်တယ်၊ လူတွေကိုလည်း ပေးသွားတယ်။ ပြီးတော့ လမ်းကိုလည်း အင်းစိန်ပန်းခြံထောင့် မီးပွိုင့်ကနေ ပြီးတော့ ထောင်အနီးလေးပဲ သံဆူးကြိုးတွေ ချထားတယ်၊ ကျန်တဲ့အပိုင်းကို ဖွင့်ပေးထားတယ်။ ဒါဟာ ယုံကြည်စရာ မကောင်းတဲ့ အနေအထားပဲ” ဟု ပြောသည်။

ခုံးကျော်တံတားထိပ်နှင့် အနီးပတ်ဝန်းကျင်တွင် ကွပ်ကဲရေးကား (၅) စီးခန့်ရှိပြီး လုံထိန်းရဲတပ်ဖွဲ့ဝင်များ၊ ဆက်သွယ်ရေး စက်ကိုင် အရပ်ဝတ် လုံခြုံရေးများကို ခပ်စိပ်စိပ် ချထားသည်ဟုလည်း သွားရောက်ခဲ့သူများက ပြောသည်။

ယခင်နှင့်မတူ ထူးခြားသည်မှာ ဘီအမ်ကား၊ ဒိုင်နာကားများကို အသုံးပြုပြီး အမျိုးသမီး အမျိုးသားများပါဝင်သည့် ထောင်နှင့်ချီရှိသည့် စွမ်းအားရှင်များကို ဈေးရှေ့ခေါ်လာပြီး အချို့ကားပေါ်၊ အချို့က အင်းစိန်ဈေး အပေါ်ထပ်တွင် နေရာယူထားကြကြောင်း၊ စစ်အစိုးရ ဘက်မှ ဈေးအပေါ်ထပ်မှ နေ၍ လာရောက် စုဝေးသူများကို ဗီဒီယိုနှင့် အဆက်မပြတ် ရိုက်ကူးနေကြောင်းလည်း မျက်မြင်တဦးက ပြောသည်။

အင်းစိန် ခုံးကျော် တံတားအနီး လမ်းမကြီးရှိ အင်းစိန်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးနှင့် အင်းစိန် ကြံ့ဖွံ့ရုံးတို့တွင် ၀တ်စုံပြည့် ရဲများကို ခြံဝင်းအတွင်း အရန်သင့် အစောင့်ချထားပေးကြောင်းလည်း အင်းစိန်မြို့ခံ မျက်မြင်များက ပြောသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */