ဥရောပသမဂ္ဂက မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ ဒဏ်ခတ်မှု ထပ်တိုး

Friday, August 14, 2009 ·

NEJ | နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ် ပြစ်ဒဏ် ချမှတ်လိုက်ပြီး သူ့၏ အခြေခံ အခွင့်အရေးများကို ချိုးဖောက် လိုက်သည့်အပေါ် တုံ့ပြန်အရေးယူသည့် အနေဖြင့် ဥရောပသမဂ္ဂ( အီးယူ) က မြန်မာ စစ်အစိုးရကို ယမန်နေ့က ပိတ်ဆို့ဒဏ်ခတ်မှုအသစ်တရပ် တိုးချဲ့ချမှတ်လိုက်သည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ဒေါ်အောင်ဆန်းစုကြည်၏အမှုကို စီရင်ချက်ချသည့် တရားသူကြီးများ၏ အမည်များကိုပါ အီးယူ နိုင်ငံများသို့ ခရီးသွားလာခွင့်ဗီဇာပိတ်ပင်လိုက်ပြီး ၎င်းတို့၏ပိုင်ဆိုင်မှုများကိုပါ ပိတ်ဆို့ဟန့်တားလိုက်ခြင်းဖြစ်သည်။

မြန်မာစစ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့နှင့်ဆက်နွှယ်သူများ ပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်းများ၊ ပိုင်ဆိုင်မှုများကိုလည်း ထပ်တိုး ပိတ်ဆို့ ဒဏ်ခတ်ခြင်း ဖြစ်ကြောင်း ဥရောပသမဂ္ဂမှ သြဂုတ် (၃) ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုကဲ့သို့ ဥရောပသမဂ္ဂမှ ထပ်မံတိုးချဲ့လိုက်သည့် ပိတ်ဆို့ အရေးယူမှု အသစ်သည် ၁၉၉၆ ခုနှစ်ကတည်းက အီးယူက မြန်မာနိုင်ငံ အပေါ်ချမှတ်ခဲ့သည့် လက်နက်ရောင်းချမှု ပိတ်ပင်ခြင်း၊ စစ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏မိသားစုများအပါအ၀င် ၎င်းတို့နှင့် ဆက်နွှယ်နေသူများ၏ ခရီးသွားလာခွင့်ဗီဇာများ ပိတ်ပင်ထားခြင်း၊ မြန်မာနိုင်ငံနှင့် သံတမန်ဆက်သွယ်ရေး အကန့်အသတ်ထားရှိခြင်း၊ စစ်အစိုးရ အဖွဲ့ဝင်များ၏ နိုင်ငံခြားဘဏ်ငွေစာရင်းများ ပိတ်ဆို့ထားခြင်း၊ လူသားချင်းစာနာမှု ဆိုင်ရာမဟုတ်သည့် အကူအညီ အထောက်အပံ့ များကို ဆိုင်းငံ့ထားခြင်းတို့အပေါ် ထပ်မံတိုးချဲ့ချမှတ်လိုက်ခြင်းဖြစ်သည်။

မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ချိုးဖောက်မှုဖြင့် ပြီးခဲ့သည့်သြဂုတ် (၁၁) ရက်တွင် အလုပ်ကြမ်းဖြင့် ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့ပြီးသည့်နောက် နေအိမ်အကျယ်ချုပ်အဖြစ် (၁) နှစ်ခွဲ ပြောင်းလဲချမှတ်ခဲ့သည်။

ထိုသို့ ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်အစိုးရက ပြစ်ဒဏ်ချမှတ်ခဲ့သည့်အပေါ် ဥရောပသမဂ္ဂက တရားမျှတမှုမရှိကြောင်း ပြစ်တင် ရှုတ်ချ လိုက်ပြီး အကန့်အသတ် မရှိ ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */