ဂျွန်ယက်တော လွတ်ပြီ

Saturday, August 15, 2009 ·

ဗီအိုအေ | အမေရိကန်အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ် ဟာ မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံအပြီး မကြာခင်မှာပဲ အမေရိကန်နိုင်ငံသား ဂျွန်ယက်တောကို မြန်မာစစ်အစိုးရက လွှတ်ပေးလိုက်ပြီး တနင်္ဂနွေနေ့ သူ မြန်မာနိုင်ငံက ပြန်တဲ့အခါမှာ မစ္စတာ ယက်တောကိုပါ တပါတည်း ခေါ်ဆောင်သွားမယ်လို့ ဒီကနေ့ပဲ မစ္စတာ ဂျင်မ်ဝက်ဘ် က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အခုလို မစ္စတာ ယက်တောကို ပြန်ပြီး လွှတ်ပေးလိုက်တာနဲ့ပတ်သက်ပြီး ဗွီအိုအေက ဇနီးဖြစ်သူ ဘက်တီ ယက်တော ကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာတော့ -

“ဒါဟာ အံသြဖို့ကောင်းတဲ့ ၀မ်းမြောက်စရာ သတင်းပါပဲ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ သက်ညှာမှုပေးတာ မတွေ့ရတဲ့အတွက် စိုးရိမ်နေရဆဲပါ။ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာလည်း အလားတူ သက်ညှာမှုတွေ ပေးလိမ့်မယ်လို့ ကျမ မျှော်လင့်ပါတယ်။”

မစ္စတာ ယက်တောကို မြန်မာစစ်အစိုးရက ပြီးခဲ့တဲ့ အင်္ဂါနေ့ကပဲ အလုပ်နဲ့ထောင်ဒဏ် ၇ နှစ် ချမှတ်ထားခဲ့ရာကနေ အခု လွတ်မြောက်လာတာ ဖြစ်ပါတယ်။

နားဆင်ရန်

source by : ဗီအိုအေ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */