ဘန်ကောက် ဖက်ရှင်ပြပွဲတွင် မြန်မာများ အစွမ်းပြမည်

Friday, August 07, 2009 ·

သဲသဲ | မကြာမီ ပြုလုပ်မည့် ဘန်ကောက်မြို့ နိုင်ငံတကာ ဖက်ရှင် ပြပွဲတွင် မြန်မာ နိုင်ငံမှ ဖက်ရှင် ဒီဇိုင်း ပညာရှင် ၆ ဦး၏ လက်ရာများ ပါဝင်မည်ဟု သိရသည်။

၂ဝဝ၉ ခုနှစ် ဘန်ကောက်မြို့ နိုင်ငံတကာ ဖက်ရှင်ပြပွဲ နှင့် သားရေထည်ပြပွဲ (Bangkok International Fashion Fair & Bangkok International Leather Fair 2009) ဟု အမည်ပေးထားသော အဆိုပါ ပြပွဲကို သြဂုတ်လ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့ အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပမည် ဖြစ်သည်။

ပြပွဲတွင် ဟောင်ကောင်၊ တိုင်ဝမ်၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ဂျာမနီ နှင့် အာဆီယံ နိုင်ငံတို့မှ ဒီဇိုင်နာများ၏ လက်ရာများကို ထိုင်း မော်ဒယ်လ်များက ဝတ်ဆင် ပြသကြမည် ဖြစ်သည်။

အဆိုပါ ဖက်ရှင် ပြပွဲ အတွက် ရိုးရာ အငွေ့ အသက် ပါသော ဒီဇိုင်းများကို ဖန်တီးထားကြောင်း ရန်ကုန်မြို့မှ ဒီဇိုင်နာ ရူပါရွှေက ဧရာဝတီသို့ ပြောသည်။

“ပထမဆုံးနေ့ ကိုတော့ အင်းဝခေတ်က အငွေ့အသက်လေးတွေကို ယူပြီး ရှေးတုန်းက ပိတ်စတွေနဲ့ ပြန်ပြီး Modify လုပ်ဖို့ (ပြုပြင် မွမ်းမံဖို့) စိတ်ကူးထားတယ်။ ကျန်တဲ့ရက်တွေ အတွက်တော့ Evening Dress (ညနေခင်းဝတ်စုံ) တွေကို မန္တလေးက ပိုးတွေ၊ ပေါင်းပြီးသား ချည်တွေနဲ့ ဒီဇိုင်း ထွင်ထားတယ်” ဟု ဒီဇိုင်နာ ရူပါရွှေက ပြောသည်။

ဖက်ရှင် ပြပွဲတွင် နိုင်ငံတကာ ကုမ္ပဏီပေါင်း ၁ဝဝဝ ခန့်က ဆိုင်ခန်းများ ဖွင့်ပြီး ရိုးရာ ပစ္စည်းများကိုလည်း ရောင်းချ ပြသသွားမည်ဟု သိရသည်။

ပြပွဲ ပထမဆုံးနေ့တွင် အာဆီယံ နိုင်ငံများမှ ရိုးရာ ဓလေ့ ဝတ်စား ဆင်ယင်မှုများကို ပြသကြရမည် ဖြစ်သည်။

“ကိုယ်ထွင်ထားတဲ့ ဖက်ရှင်နဲ့ လိုက်ဖက်မယ့် မော်ဒယ်တွေရဲ့ မျက်နှာကို သူတို့က ရွေးခိုင်းတယ်လေ။ ကျမကတော့ ပထမဆုံးနေ့ ကိုတော့ အာရှ မျက်နှာတွေ ပေါ့နော်၊ နောက်နေ့တွေ ကျရင်တော့ ဥရောပ ပုံစံ မျက်နှာထား ရှိတဲ့ သူတွေကို တောင်းထားပါတယ်” ဟု ဒီဇိုင်နာ သက်နှင်းအေးက ပြောပြသည်။

ဖက်ရှင် ပြပွဲ ကျင်းပမည့် ခန်းမထဲတွင် အနည်းဆုံး စင်မြင့် ၃ ခုခန့် ပြုလုပ်ထားပြီး တချိန်တည်းတွင် နိုင်ငံ အသီးသီးမှ ဖက်ရှင်များကို ပြသသွားမည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဖက်ရှင် ပြပွဲကြီးကို အာဆီယံ အသင်း အနေဖြင့် ကျင်းပသည်မှာ ပထမဆုံး အကြိမ် ဖြစ်ပြီး ယခင်နှစ်များကမူ ဘန်ကောက် ဖက်ရှင် ပြပွဲ အဖြစ်သာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဖက်ရှင်ပွဲတော်ကို ဘန်ကောက်မြို့ IMPACT Exhibition Centre အမည်ရှိ ပြပွဲ ခန်းမကြီးတွင် ပြုလုပ်မည် ဖြစ်သည်။

သြဂုတ်လ ၁၃ ရက်၊ ၁၄ ရက်နေ့ ပြပွဲများကို မနက် ၁ဝးဝဝ နာရီမှ ည ၆းဝဝ နာရီအထိ ကျင်းပမည် ဖြစ်ပြီး လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြမည်ဟု ဖက်ရှင်ပြပွဲ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

သြဂုတ်လ ၁၅ ရက်၊ ၁၆ ရက်နေ့ ပြပွဲများကို မနက် ၁ဝးဝဝ နာရီမှ ည ၉းဝဝ နာရီအထိ အများ ပြည်သူ သွားရောက် ကြည့်ရှုနိုင်မည်ဟု ဆိုသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */