သံဃာများ ပြည်ပမီဒီယာ နားမထောင်ဖို့ တားမြစ်ချက်ထုတ်

Tuesday, August 04, 2009 ·


RFA

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ပြစ်ဒဏ် ချမှတ်မယ်ဆိုရင် ပြည်တွင်းပြည်ပ သံဃာတော်တွေ ဦးဆောင်ပြီး ပြင်းထန်တဲ့ ဒဏ်ခတ်မှုတွေ လုပ်ဆောင်သွားမှာ ဖြစ်လို့ ပြည်သူတွေ အသင့်ပြင်ဆင်ထားဖို့ နှိုးဆော်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကြီးရဲ့ ကြေညာချက် ဇူလိုင် ၃ဝ ရက်နေ့က ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီနေ့မှာပဲ မြင်းခြံ သံဃာ့မဟာနာယကအဖွဲ့က မြို့တွင်းက ကျောင်းထိုင် ဆရာတော်တွေကို မိမိတို့တပည့်တွေကို မိမိတို့ ထိန်းသိမ်းပေးဖို့ ပင့်ဖိတ် လျှောက်ထားခဲ့ပါတယ်။

မြန်မာနိုင်ငံရှိ စာသင်တိုက်ကြီးတခုတွင် သံဃာများ နေ့ဆွမ်းစားနေပုံ ဖြစ်ပါသည်။ (Photo: AFP)

အစည်းအဝေး တက်ရောက်ခဲ့တဲ့ မြင်းခြံမြို့က ကျောင်းထိုင်ဆရာတော်တပါးကို ဒီိအစည်းအဝေးအကြောင်း လျှောက်ထားကြည့်တဲ့အခါမှာ ခုလို ဖြေကြားတော်မူပါတယ်၊

ကျောင်းထိုင်ဆရာတော်။ ။ 'ပရိယတ်၊ ပဋိပတ်သာလျှင် သံဃာများရဲ့အလုပ်ဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျန်တဲ့အလုပ်တွေကို မလုပ်ဖို့ နိုင်ငံရေးသမားတွေရဲ့ ခုတုံးလုပ်မခံရဖို့ သံဃာ့ မဟာနာယက ဥက္ကဋ္ဌ ဆရာတော်က ပြောတယ်။ တိုက်ကုန်း ဦးဇောတိပါလ ဆရာတော်က ဖြည့်စွက်ပြီးတော့ သူက ဘာပြောလဲဆိုတော့ ဒီဗီဘီတို့၊ ဗီအိုအေတို့၊ RFA တို့ ဆိုတဲ့ မီဒီယာက လာနေတဲ့ အသံလွှင့်ဌာနတွေက လာနေတဲ့ သတင်းတွေက


မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ တခုမှ ကောင်းတာ မပါဘူး၊ အလကား အသံလွှင့်ဌာနတွေ ဖြစ်တယ်၊ ဒီအလကား အသံလွှင့်ဌာနတွေက ထုတ်တဲ့အသံတွေကို သံဃာတွေ နားထောင်ပြီးတော့ အလကား အလုပ်တွေကို မလုပ်ကြဖို့ အခုကြွလာတဲ့ ကျောင်းထိုင်ကျောင်းပိုင်ဆရာတော်များက မိမိရဲ့ တပည့်များကို သြဝါဒပေးဖို့ ဆုံးမဖို့ ဆိုတဲ့အကြောင်းကို ထပ်ဆင့်ပြီးတော့ ပြောတယ်။'

မြင်းခြံ သံဃာ့နာယက အဖွဲ့က ဘယ်လို ရည်ရွယ်ချက်တွေကြောင့် ဒီစည်းကမ်းတွေ တားမြစ်ချက်တွေ ထုတ်ရသလဲဆိုတာ သိရှိနိုင်ဖို့ ပြင်ပအသံလွှင့် ဌာနတွေကို နားမထောင်စေရ လို့ မိန့်ကြားခဲ့တဲ့ သံဃာ့နာယကအဖွဲ့ဝင် တိုက်ကုန်းကျောင်းဆရာတော် ဦးဇောတိပါလကို RFA က လျှောက်ထား မေးမြန်းခဲ့ပါတယ်။

ဦးဇောတိပါလ။ ။ 'စာမေးပွဲတွေ ကောလာဟလနဲ့ ဒီနှစ်ထဲ ကျင်းပမယ်၊ အဲဒီဟာတချက်။ ကိုယ်တော်လေးတွေ ဆူပူမှု မဖြစ်အောင်ပေါ့ဗျာ။ ထိန်းသိမ်းဖို့တချက်။ နောက် ဒီ ကျုပ်တို့ ဘီဘီစီတို့၊ ဗီအိုအေတို့၊ ဒီဟာနှစ်ချက်တော့ ပြောပါတယ်၊ ဘီဘီစီ ဆိုတာကလည်း သူတို့ အမေရိကန်တို့ အင်္ဂလိပ်တို့ လက်ကိုင်တုတ်ပဲ။ အကျိုးပြုတဲ့လုပ်ငန်း မရှိသောကြောင့် ဘုန်းကြီးက တားတာပါ၊ အလကား အသံလို့ ဒီလိုပြောတာပါ။ သူတို့ မြန်မာ့အသံကျတော့ နားမထောင်ဘူး။ ပြင်ပ မီဒီယာတွေကိုပဲ အဟုတ်ထင်ပြီးတော့နေတော့ သူတို့မှာ မျက်စိတဖက်၊ နားတဖက် ပိတ်သလို ဖြစ်နေတယ်။ စွဲလန်းကြတာကြောင့် ဘုန်းကြီးက ဒါကို အလကား အသံကို နားမထောင်ကြနဲ့လို့ ဒီလိုပြောလိုက်တာပဲ၊ အလကားအသံ နားထောင်လို့ရှိရင် အကြံကလည်း မှားလာမယ်၊ အလကားအကြံ ကြံတတ်တယ်။ အလကားအကြံ ကြံလို့ရှိရင် လုပ်ငန်း လုပ်လို့ရှိရင် အလကားအလုပ်လုပ်လိမ့်မယ်။'

အခုလိုသံဃာတော်တွေကို နိုင်ငံရေးထဲ ဝင်မပါအောင် ထိန်းသိမ်းဖို့ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စောစောက ကျောင်းထိုင် ဆရာတော်ကိုပဲ လျှောက်ထားကြည့်တဲ့အခါ

ကျောင်းထိုင်ဆရာတော်။ ။ 'ခံစားချက်တွေက သူတို့ဥစ္စာနဲ့ သူတို့ ရှိနေကြပြီးသား။ အနည်းဆုံးပြောရလို့ရှိရင်တော့ ဒိဖြင့်မြို့တွေက ဘာမှ မဖြစ်ဘူးဆိုရင်တော့ မြင်းခြံလည်း ဘာမှဖြစ်မှာ မဟုတ်ဘူးပေါ့၊ ဒိဖြင့်မြို့တွေက ဖြစ်လာရင်တော့ ဘယ်သူမှ ထိန်းလို့ မရပါဘူး၊ ဒီသံဃာတော်တွေရဲ့ အနေအထားမှာ ဒကာ ဒကာမတွေရဲ့ ဒုက္ခကို ဒီတိုင်းလက်ပိုက်ြပီး ကြည့်နေမလား၊ လက်ပိုက်ပြီး ကြည့်နေလို့ မရဘူးလေ။ တကယ့် အရေးရယ် အကြောင်းရယ်လို့ ဖြစ်လာတော့မှ ဒီတိုင်း ငုတ်တုတ်ထိုင်နေလို့ရှိရင် ခက်ပြီပေါ့။ အရေးအကြောင်းရယ် ဖြစ်လာပြီဟေ့ဆိုရင်တော့ ဘယ်သူမှ မငြင်းပါဘူး၊ သူ့ဟာနဲ့သူတော့ ဖြစ်လာကြမှာ။'

မြင်းခြံမြို့မှာ ကိုးဆောင် စာသင်တိုက်ကြီးအပြင် တခြား ဘုန်းကြီးကျောင်းပေါင်း ၅ဝ ကျော် ရှိတဲ့အတွက် ၂ဝဝ၇ စက်တင်ဘာတုန်းကလို သံဃာ့အရေးအခင်း မြင်းခြံမြို့က စဖြစ်လာမှာကို အာဏာပိုင်တွေက အထူး စိုးရိမ်နေကြတယ်လို့ သိရပါတယ်။ မြင်းခြံမြို့ဟာ အထက်မြန်မာပြည်မှာ မန္တလေးနဲ့ ပခုက္ကူပြီးရင်း သံဃာ အများဆုံး ဖြစ်ပါတယ်။


source by :RFA

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */