မြန်မာ့ရေပိုင်နက်နားက မသင်္ကာဖွယ် မြောက်ကိုရီးယားသင်္ဘော

Sunday, August 09, 2009 ·

ဗုဒ္ဓဟူးနေ့က အိန္ဒိယ ရေပိုင်နက်အတွင်း မြန်မာနဲ့ ထိုင်းနိုင်ငံအနီးမှာ ခွင့်ပြုချက်မရဘဲ ကျောက်ချသွားတဲ့ မသင်္ကာဖွယ် မြောက်ကိုရီးယား ကိစ္စ၊ အသေးစိတ် စုံစမ်းစစ်ဆေးနေပြီလို့ အိန္ဒိယ အစိုးရ တာဝန်ခံ များက ပြောကြားကြပါတယ်။ ဘင်္ဂလား ပင်လယ်အော်အတွင်းမှာ အဲဒီ မြောက်ကိုရီးယား သင်္ဘောကို အချက်ပြ ဆက်သွယ် ပေမယ့် မတုံ့ပြန်ခဲ့ဘူး။ ၆နာရီကျော်ကြာ နောက်က လိုက်ပြီး လေထဲကို အမြောက် ၂ချက် ပစ်ဖောက်လိုက်ပြီးတော့မှ ရပ်တန့်နိုင် ခဲ့တယ်လို့ အိန္ဒိယဒေသ ကမ်းခြေစောင့် တပ်မှူးချုပ်က ပြောကြောင်း The Time of India သတင်းစာက ကိုးကားရေးသား ဖော်ပြ ပါတယ်။ Port Blairs ဆိပ်ကမ်းမှာ စိုက်ကပ်ထားပြီး ကနဦး စစ်ဆေးမှုအရ မြောက်ကိုရီးယား သင်္ဘောဟာ ထိုင်းနိုင်ငံကနေ အီရတ် နိုင်ငံကို သွားနေ တာဖြစ်တယ်။

သကြားတွေကိုသာ တွေ့ရပေမဲ့ မြောက်ကိုရီးယား သင်္ဘောတွေမှာ နျူကလီးယားနဲ့ ဒုံးလက်နက် အရင်က တင်ခဲ့ဖူးတယ် စသဖြင့် ရေးသားထားပါတယ်။ မြန်မာပြည်မှာ နျူကလီးယား လက်နက်လုပ်ဖို့ မြောက်ကိုရီးယားက ကူညီနေတယ်ဆိုတဲ့ အရင် သတင်းပတ်ထဲမှာ သြစတေးလျားက သတင်းများ ထွက်ပေါ်ခဲ့သလို၊ ဇွန်လတုန်းကလည်း မသင်္ကာဖွယ်ရာ ပစ္စည်းများ တင်ဆောင်သွားတယ်လို့ ယူဆရတဲ့ မြောက်ကိုရီးယား သင်္ဘောတစင်း မြန်မာပြည်ဘက်ကို သွားနေစဉ် အမေရိကန် ရေတပ် ဖျက် သင်္ဘောက နောက်ယောင်ခံလိုက်တော့မှ အဲဒီသင်္ဘောဟာ မြောက်ကိုရီးယားဘက်ကို ပြန်သွားခဲ့ဖူးပါတယ်။

နားဆင်ရန် (MP3)

source by : VOA

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */