ကျပ်နှင့်ဘတ် ငွေလဲလှယ်မှု မြ၀တီတွင်ပြုလုပ် မြန်မာကုန်သည်များ အကျိုးအမြတ်ပိုရ

Tuesday, June 23, 2009 ·

NEJ | ထိုင်း-မြန်မာနယ်စပ်မှ မြန်မာကုန်သည်များသည် မြန်မာ ကျပ်ငွေနှင့် ထိုင်းဘတ်ငွေ လဲလှယ်ရာတွင် ထိုင်းဘက်ခြမ်း မဲဆောက်မြို့တွင် နစ်နာမှုရှိသဖြင့် မြန်မာဘက် မြ၀တီမြို့တွင်သာ ငွေလဲလှယ်မှု ပြုလုပ်၍ ထိုင်း ကုန်ပစ္စည်းများ ၀ယ်ယူနေကြသည်။

ယင်းသို့ မြဝတီမြို့တွင်သာ မြန်မာငွေကို ဘတ်ငွေဖြင့်လဲလှယ်ပြီး ထိုင်းကုန်ပစ္စည်းများ ဝယ်ယူကြသဖြင့် အကျိုးအမြတ် ပိုမို ရရှိကြသည် ဟု မြန်မာကုန်သည်များက ပြောသည်။

မြန်မာကုန်သည်တဦးဖြစ်သူ ဦးစိန်အောင်က “အခုတော့ မြဝတီမှာ ငွေလဲတော့ ပိုကိုက်တယ်။ မဲဆောက်မှာ ဘတ်ငွေနဲ့ပဲ တိုက်ရိုက် ပစ္စည်းဝယ်တယ်။ မဲဆောက်နဲ့ မြဝတီက ငွေလဲရင် ကျပ် (၁၀၀) ကို (၅) ပြား (၁၀) ပြားအထိကွာတယ်။ ဒါကြောင့် မြဝတီမှာ လဲကြတာ” ဟု ပြောသည်။


မြဝတီတွင် မြန်မာငွေကို ဘတ်ငွေဖြင့်လဲလှယ်သည့်စနစ်တရပ် တွင်ကျယ်လာသည်မှာ တနှစ်ကျော်သွားပြီဟု မြန်မာကုန်သည်များက ပြောသည်။ သို့သော် အဆိုပါငွေလဲလှယ်မှုမှာ တရားမဝင် လဲလှယ်ခြင်းသာ ဖြစ်သည်။

မြဝတီမြို့ချစ်ကြည်ရေးတံတားထိပ်တွင် တရားမဝင်ငွေလဲလုပ်ငန်း လုပ်ကိုင်နေသည့် ငွေလဲခုံ (၃၀) ခန့်ရှိသည်ဟု ငွေလဲ လုပ်ကိုင်သူ တဦးက ပြောသည်။

၎င်းက “မြဝတီအာဏာပိုင်တွေကို လိုင်းကြေးပေးပြီး လုပ်ရတာဖြစ်တယ်။ တရားဝင်တော့ မဟုတ်ဘူး။ ကုန်သည် တွေက ငွေလဲခုံတခုမှာ တရက်ကို အနည်းဆုံးကျပ် သိန်း (၁,၀၀၀) လောက်တော့ နေ့စဉ်လဲကြတာရှိတယ်” ဟု ပြောသည်။

ငွေလဲခုံဖွင့်ထားသူများထဲတွင် နယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်သူများ အများစုပါဝင်ပြီး မြန်မာနိုင်ငံမှထွက်ရှိသည့် ရေထွက်ပစ္စည်း၊ သစ်တောထွက် ပစ္စည်း၊ လယ်ယာ ထွက်ကုန်၊ ရှေးဟောင်းပစ္စည်းများနှင့် ကျောက်မျက် ရတနာများကို ထိုင်းဘက်သို့ ဘတ်ငွေဖြင့် ရောင်းချကြပြီး ရရှိသည့်ငွေများဖြင့် မြန်မာ ကုန်သည်များကို တဆင့် ပြန်လဲလှယ်ပေးခြင်း ဖြစ်သည်။

ယခုနောက်ပိုင်း ကုန်သည်အများစုက မြဝတီတွင် ငွေလဲကြပြီး မဲဆောက်တွင် ပစ္စည်းဝယ်ယူကြသဖြင့် ယခင်က မဲဆောက် ငွေလဲ ဈေးကွက်မှာ ပျက်သလောက် ရှိသွားပြီဟု မဲဆောက်မြို့ အထည်အလိပ် ဆိုင်ကြီးတခု၏ ပိုင်ရှင်က ပြောသည်။

ယခုကဲ့သို့ ဈေးကွက်ပျက်သွားရခြင်းမှာ လွန်ခဲ့သည့်နှစ်နှစ်ကျော်က မဲဆောက်ဈေးအတွင်းရှိ ထိုင်းငွေလဲဆိုင်များကို တရားမဝင် ငွေကြေး လဲလှယ် ရောင်းဝယ်မှုဟုဆိုကာ ထိုင်းရဲမှ ဝင်ရောက် ဖမ်းဆီးမှုကြောင့် ဖြစ်သည်ဟု ထိုင်းကုန်သည်တဦးက ပြောသည်။

၎င်းက “ကျမတို့ငွေလဲဆိုင်တွေကို ဝင်ဖမ်းတော့ အလုပ်က ကမောက်ကမတွေ ဖြစ်ကုန်တယ်။ ဗမာကုန်သည် တွေလည်း ဒီကိစ္စကို စိုးရိမ်ကြတယ်။ အရင်က ဗမာကုန်သည်တွေလာရင် ဗမာငွေကို မြွေရေခွံအိတ်တွေနဲ့ သယ်လာ ကြတယ်။ လမ်းမှာ ထိုင်းရဲတွေ တွေ့တော့ ဟိုစစ်ဒီစစ်လုပ်တာတွေ ခဏခဏကြုံတော့ အခုဆိုရင် မြဝတီမှာပဲ ငွေလဲပြီး ဘတ်ငွေနဲ့ပစ္စည်း လာဝယ်ကြတယ်” ဟု ပြောသည်။

ယခုအခါ မဲဆောက်ဈေးအတွင်း တာ့ခ်ခရိုင်ကုန်သည်ကြီးများ၏ အစီအစဉ်ဖြင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ တရားဝင်ငွေလဲခွင့်လိုင်စင် (၁၃) ခုကို ဆိုင် (၁၃) ဆိုင်အတွက် ချပေးခဲ့ပြီး ကျန်ရာနှင့်ချီရှိသည့်ဆိုင်များမှာ တရားမဝင်ငွေကြေးလဲလှယ်မှု အသေးစားများကိုသာ ပြုလုပ်ကြသည်။

ယမန်နှစ် မတ်လမှစတင်သည့် မဲဆောက်ငွေဈေးမှာ မြန်မာငွေ ကျပ် (၁၀၀) လျှင် ထိုင်းဘတ် (၃.၅၀) ဖြစ်ပြီး ငွေလဲလုပ်ငန်းများ မြဝတီတွင် ဇွင့်လှစ်သည့်နောက်ပိုင်း ယနေ့ပေါက်ဈေးမှာ ကျပ် ၁၀၀ ကို ဘတ်ငွေ (၂.၉၈) ဖြစ်နေသည်။

နယ်စပ်အတွေ့အကြုံရှိ မြန်မာကုန်သည်ကြီးတဦး၏အဆိုအရ လက်ရှိနယ်စပ်စီးပွားရေးအခြေအနေအရ ယခုနှစ်လယ်ပိုင်း အလွန်တွင် ငွေလဲနှုန်းမှာ ကျပ် (၁၀၀) လျှင် ဘတ်ငွေ (၂.၅၀) အထိ ပြန်ရောက်မည့် အနေအထားရှိသည်ဟု သုံးသပ်ပြောဆိုသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */