ခိုးကူးနှိမ်နင်းရန် နည်းလမ်းတခုအဖြစ် လေးဖြူ၏ MTV စလွှင့်သည်ဟုဆို

Tuesday, June 30, 2009 ·

အေးချမ်းမြေ့ | ခိုးကူးသမားများကို နှိမ်နင်းရန် နည်းလမ်း တခုအဖြစ် အဆိုတော် လေးဖြူ၏ ဘင်္ဂလား ပင်လယ်အော် MTV သီချင်း ၄ ပုဒ်ကို MRTV4 မှ ငွေပေးကြည့်ရှုရသော လိုင်းတလိုင်းတွင် ယမန်နေ့က စတင်ထုတ်လွှင့်ပြသ လိုက်ပြီ ဖြစ်ကြောင်း ၎င်းရုပ်သံမှ တာဝန်ရှိသူ တဦးက ပြောသည်။

“ခိုးကူးသမားတွေကို မနှိမ်နင်းနိုင်လို့ နည်းလမ်းရှာကြည့်တဲ့ သဘောပဲ။ လေးဖြူနဲ့ Iron Cross က နာမည်လည်း ကြီးတယ်၊ အရှိန်အဝါလည်း ကြီးတယ် ဆိုတော့ သူတို့အဖွဲ့နဲ့ စ စမ်းကြည့်လိုက်တာ” ဟု ၎င်းက ဆက်ပြောသည်။

Forever Group က MRTV4 ရုပ်သံလိုင်းကို ၂၀၀၅ ခုနှစ်ခန့်တွင် အခကြေးငွေ မယူသည့် ရုပ်သံလိုင်း အဖြစ် စတင် ထုတ်လွှင့်ခဲ့ပြီး နောက်ပိုင်းတွင် ငွေကြေးဖြင့် ပေးဆောင် ကြည့်ရှုရသည့် 5Movie, 5Series စသည့် လိုင်းများ၌ ရုပ်ရှင်များ၊ ရုပ်ရှင်စီးရီးများ ပြသခဲ့သည်။


MRTV4 အနေနှင့် MTV ရုပ်သံလိုင်းတခု စမ်းသပ်ထုတ်လွှင့်သည်ဟု ယူဆရပြီး ယခုကဲ့သို့ ဘင်္ဂလားပင်လယ် အော် ကို စတင် ထုတ်လွှင့်ခြင်းနှင့် ပတ်သက်၍ အသေးစိတ် မည်သို့မှ မသိရှိရသေးကြောင်း Iron Cross တေးဂီတတွင် ဘေ့စ် ဂစ်တာတီးခတ် သည့် ကိုခင်မောင်သန့်က ပြောကြားသည်။

“အဓိကကတော့ ကိုလေးဖြူစီစဉ်တာပါ။ နောက်တပတ်ကျ ၄ ပုဒ်ထပ်လွှင့်ဦးမယ်ကြားတယ်။ ဒါ ခိုးကူးသမား တွေကို ကာကွယ်ဖို့ နည်းလမ်း တလမ်းရှာတာလည်း ဖြစ်နိုင်ပါတယ်” ဟု သူက ဆက်ပြောသည်။

ခိုးကူးသမားများကြောင့် မြန်မာပြည် ဂီတဈေးကွက် ပျက်လျက်ရှိပြီး အရှိန်အဝါကြီးသူ နာမည်ကြီး အဆိုတော် တချို့မှအပ စီးရီးသစ်များ မထွက်နိုင်သည်မှာ ဆယ်စုနှစ် တခု ကျော်နေပြီဖြစ်ကြောင်း ရုပ်ရှင် ဂီတ သတင်းများရေးသားနေသည့် ရန်ကုန်အခြေစိုက် သတင်းသမား တဦးက ဆိုသည်။

ယခင်လက လေးဖြူ၏ ဘင်္ဂလားပင်လယ်အော် MTV ရိုက်ကူးပြီးစီးခြင်း မရှိသေးမီ ခိုးကူးခွေများ လမ်းဘေး၌ ရောင်းချနေသဖြင့် လေးဖြူအပါအဝင် Iron Cross အဖွဲ့သားများ စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း သတင်း ထွက်ပေါ်ခဲ့သည်။

“လောလောဆယ် စမ်းသပ်ကြည့်တာ။ သူတို့ဘက်က ထုတ်သမျှ ရှုံးနေကြတာဆိုတော့ ရုပ်သံလွှင့်တဲ့ ဘက်ကို ကူးကြည့်တဲ့သဘောပဲ။ ဒီတိုင်းဆို ဘာမှ ဈေးမရဘူး။ တီဗီပေါ်မှာတော့ ကြော်ငြာတို့ဘာတို့နဲ့ အဆိုတော်တွေ ဘက်ကလည်း ဈေးပိုရနိုင်တာပေါ့” ဟု MRTV4 တာဝန်ရှိသူက ပြောသည်။

မြန်မာပြည်ဂီတ လောကသားများအနေနှင့် ခိုးကူးသမားများကို နှိမ်နင်းနိုင်ရန် မူပိုင်ခွင့်ကို ကာကွယ်နိုင်သည့် အခွင့်အရေး တရပ်ရှိရမည် ဖြစ်ကြောင်း၊ မိမိပိုင်ဆိုင်သည့် သီချင်းတပုဒ်ကို ခိုးယူသုံးစွဲသူအား တရားစွဲဆိုနိုင် သည့် အခွင့်အရေး မရှိသရွေ့ ကာကွယ်နိုင်မည် မဟုတ်ကြောင်း အဆိုတော် ကျားပေါက်က သုံးသပ်သည်။ ခိုးကူးခွေများကို နှိမ်နင်းရန်မှာ အင်နှင့်အားနှင့် လိုက်လံ ဖမ်းဆီးမှသာ ဖြစ်နိုင်မည်ဟု ၎င်းကဆိုသည်။


“အဆိုးမြင်ဘက်က ကြည့်ရင် ခုလို MRTV4 က လွှင့်ပေးလည်း ဘာမှမထူးဘူး။ ခိုးကူးသမားကတော့ ရအောင်ခိုးဦးမှာပဲ။ ဖမ်းမှပဲရမှာ။ ဖမ်းတာတောင် ဖားရိုက်သလို တပိုင်တနိုင် လုပ်လို့မရဘူး။ အလုံးအရင်းနဲ့ လိုက်ရှာ ဖမ်းမှကိုဖြစ်မှာ” ဟု သူကဆက်ပြောသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */