ရန်ကင်း အန်အယ်ဒီ ဥက္ကဋ္ဌ ထောင်ပြောင်းရဖွယ်ရှိ

Thursday, June 04, 2009 ·

မျိုးကြီး | ရွှေလီ (မဇ္ဈိမ) ။ ။ ကချင်ပြည်နယ် ဗန်းမော်ထောင်၌ ပြစ်ဒဏ် ကျခံနေရသည့် ရန်ကုန်တိုင်း ရန်ကင်းမြို့နယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမျိုးခင်သည် ကျန်းမာရေး အခြေအနေကြောင့် ထောင်ပြောင်းရဖွယ် ရှိသည်။

“ကျမ သွားတွေ့တော့ အက်ဘီနဲ့ ထောင်မှူးက ခေါ်ပြောတယ်။ ၅ ရက်နေ့ ထောင်ပြောင်းမယ်လို့ ပြောတယ်။ ဘယ်ထောင်မှန်းတော့ မသိသေးဘူး။ ကျန်းမာရေးကြောင့် ထောင်ပြောင်းပေးတာပါတဲ့။ အဲလိုပြောတယ်။ ဆရာဝန်ရှိတဲ့ထောင် ပြောင်းတာပေါ့နော်။ သူတို့ အဲလိုတော့ ပြောတယ်။ အတိအကျတော့ မသိသေးဘူးပေါ့နော်” ဟု ဒေါ်ခင်ခင်ဝင်းက ပြောသည်။

အသက် ၄၀ နှစ်အရွယ် ဦးမျိုးခင်တွင် နှလုံးနှင့် သွေးတိုးရောဂါ ဝေဒနာကို ပြင်းထန်စွာ ခံစားနေရကာ ပြီးခဲ့သည့်လ ၂၁ ရက်နေ့က မူးမေ့လဲကျခဲ့ရသလို၊ ၂၃ ရက်နေ့ကလည်း အလွန်အမင်း အော့အန်ခဲ့သဖြင့် ဗန်းမော်မြို့နယ် ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူခဲ့ရသည်ဟုဆိုသည်။

“သူကလေ ကျန်းမာရေး မကောင်းဘူး။ နှလုံးနဲ့ သွေးတိုးရောဂါ ဖြစ်နေတယ်။ ဗန်းမော်ထောင်မှာက သတိ ၃ ခါ လစ်သွားတယ်” ဟု ဒေါ်ခင်ခင်ဝင်းက ပြောသည်။

မူးမေ့လဲကျသွားသည့် အရှိန်ကြောင့် ဦးခေါင်း၊ မျက်ခုံးနှင့် နားရွက်တွင် အနည်းငယ် ဒဏ်ရာရသဖြင့် ဆေးရုံက ဦးခေါင်းကို ဓာတ်မှန် ရိုက်ပေးခဲ့ပြီးနောက် ၂၆ ရက်နေ့တွင် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သည်။

ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြပွဲများ ရန်ကုန်၌ ဖြစ်ပွားနေစဉ် ၂၀၀၇ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့တွင် အာဏာပိုင်များက ဦးမျိုးခင်အား ဖမ်းဆီးကာ လူစုလူဝေးတွင် ပါဝင်ကာ ရုန်းရင်းဆန်ခတ် ဖြစ်စေမှု - ၁၄ရ၊ ဥပဒေနှင့် ဆန့်ကျင်သည့် လူစုလူဝေးတွင် ပါဝင်မှု - ၁၄၃ ၊ အစိုးရကို အကြည်ညိုပျက်စေရန် ပြောဆိုမှု - ၅ဝ၅ (ခ) တို့ဖြင့် ထိုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ထောင်ဒဏ် ၄ နှစ်ခွဲ ချခဲ့သည်။

ထို့နောက် ရန်ကုန် အင်းစိန်ထောင်မှ ကချင်ပြည်နယ် ဗန်းမော်ထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည်။

source by : မဇ္ဈိမ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */