သံဃာတော်များ ခရီးသွားလာရေး တင်းကျပ်ခံရ

Monday, June 22, 2009 ·

မင်းနိုင်သူ | ပြီးခဲ့သည့် သီတင်းပတ်အတွင်းမှ စတင်၍ ရခိုင်ပြည်နယ် အတွင်း၌ သံဃာတော်များ၏ ခရီးသွားလာမှုကို အာဏာပိုင် များက စစ်ဆေး မေးမြန်းမှုများ တင်းကျပ်စွာ ပြုလုပ် လျက်ရှိကြောင်း ဒေသခံ သံဃာအချို့က မိန့်ဆိုသည်။

“ဦးဇင်းက ရန်ကုန်မှာ စာဝါလိုက်ပြီး စစ်တွေကို ပြန်တာ။ လမ်းမှာ အစစ်ဆေး အမေးအမြန်းတွေ အရမ်း များတာပဲ။ ကိုယ့်ရပ် ကိုယ်ဒေသ ပြန်ပြီး ၀ါဆိုတာတောင် ကောင်းကောင်း သွားလာခွင့် မရှိတော့ဘူး” ဟု စစ်တွေ ဒေသခံ သံဃာတော် တပါးက မိန့်သည်။

ယခုကာလသည် ၀ါတွင်း ကာလ ဖြစ်နေသဖြင့် သံဃာတော်များ အနေဖြင့် ၀ါတွင်း သုံးလပတ်လုံး ၀ါကပ်မည့် နေရာ ရွေးချယ်ကာ ခရီးသွားလာမှုများ ပြုနေကြရသည့် အချိန်ဖြစ်သည်။


ထိုကဲ့သို့ သံဃာတော်များ ၀ါဆိုဝါကပ်ကြွရောက်သွားလာနေချိန်တွင် ရခိုင်ပြည်နယ်အတွင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်မြို့ဖြစ်သည့် မောင်းတောမြို့နှင့် ဘူသီးတောင်မြို့အကြားတွင် ပိုမိုတင်းကျပ်ထားသည်ဟု ဒေသခံ သံဃာတော်တပါးက မိန့်သည်။

“ဘူးသီးတောင်နဲ့ မောင်းတောက (၁၆) မိုင်ပဲဝေးတယ်။ ဒါပေမယ့် လမ်းမှာတင် ဂိတ် (၂) ခုထားပြီး စစ်တယ်။ ဘုန်းကြီးတွေကိုလည်း သာသနာ့ဝန်ထမ်း ကတ်ပြခိုင်းရုံတင်မဟုတ်ဘူး။ ဘယ်သွားမှာလဲ။ ဘယ်မှာတည်းမှာလဲနဲ့ အကုန်လျှောက်စစ်မေးတယ်။ စရဖဂိတ်က ပိုဆိုးတယ်။ တချို့သံဃာတော်တွေဆို ကားမစီးတော့ဘူး။ (၁၆) မိုင်ခရီးကို ခြေလျင်ကြွကုန်ကြတယ်။ စစ်ဆေးမေးမြန်းခံရရင် အကုသိုလ်များလွန်းလို့” ဟု ဘူးသီးတောင်မှ သံဃာတော်တပါးက မိန့်သည်။

မောင်းတောမြို့ခံ ဆရာတော်တပါးကလည်း “အဓိကကတော့ ကော့ဆက်ဘဇားဘက်မှာက အပြည်ပြည်ဆိုင်ရာ ရဟန်းတော်များ အဖွဲ့ချုပ် ရှိတာကိုး။ အဲဒီကို သွားရောက်မှာ စိုးတယ်နဲ့ တူပါတယ်။ ပြီးတော့ ခုရက်ပိုင်းမှာ ရန်ကုန်လေဆိပ်ကနေ သံဃာတော်တွေ အပြင်ထွက်ဖို့ မလွယ်တော့ နယ်စပ်ကနေတဆင့် ထွက်သွားမှာကိုလည်း မလိုလားတဲ့အတွက်ဖြစ်နိုင်တယ်” ဟု မိန့်ကြားသည်။

အဆိုပါ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားမြို့ရှိ အပြည်ပြည်ဆိုင်ရာ ရဟန်းတော်များအဖွဲ့ချုပ် (ဌာနခွဲ) က ဦးစီး၍ ဒေါ်အောင်ဆန်း စုကြည် မွေးနေ့တွင် ဒေါ်အောင်ဆန်း စုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဆန္ဒပြမှုပြုလုပ်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ် ရဲက ရဟန်းတော်များ အဖွဲ့ချုပ်ရုံးကို စစ်ဆေးမှုများပြုခဲ့သည်ဟူသော သတင်းများလည်း ပေါ်ထွက်နေသည်။

၂၀၀၇ ခုနှစ်၌ မြန်မာနိုင်ငံ တ၀န်းတွင် သံဃာတော်များဦးစီးသည့် ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပွားခဲ့ပြီးနောက် ရခိုင်ပြည်နယ်မှ သံဃာတော်များမှာ ဆက်လက်၍ တက်ကြွစွာ လှုပ်ရှားနေခြင်းကြောင့် အာဏာပိုင်များ၏ အနီးကပ်စောင့်ကြည့် စစ်ဆေးမေးမြန်းမှုများ ရှိနေဆဲဖြစ်ကြောင်း ရခိုင်သံဃာတော်များက မိန့်ကြားသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */