ကချင်အဖွဲ့ စစ်အင်အား တိုးချဲ့

Wednesday, June 17, 2009 ·


အေးလဲ့
ဧရာဝတီ
ငြိမ်းချမ်းရေး ယူထားသည့် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) က စစ်သား စုဆောင်းရေးကို တိုးချဲ့ လုပ်ဆောင်နေကြောင်း KIA နှင့် နီးစပ်သူများက ပြောသည်။

ကချင်တပ်သားသစ်များ စစ်ရေးလေ့ကျင့်နေစဉ် (ဓာတ်ပုံ - Ryan Libre)
“အခု KIA က တပ်ပြေးတွေရော၊ တပ်ဖွဲ့ဝင်ဟောင်းတွေကိုပါ ပြန်ခေါ်တယ်၊ သူတို့ကို အပြစ်မပေး၊ အရေး မယူဘဲ တပ်ထဲ ပြန်လာဖို့ ခေါ်တယ်” ဟု KIA နှင့် နီးစပ်သူ တဦးက ပြောသည်။

တရုတ် - မြန်မာ နယ်စပ် ဒေသခံများကလည်း KIA သည် ကချင်ပြည်နယ်မှ လူငယ်များကို ခေါ်ယူ စုဆောင်းပြီး စစ်ရေး ဆိုင်ရာ သင်တန်းများ တက်ရောက်ခိုင်းနေကြောင်း ဧရာဝတီကို ပြောပြသည်။

ဤသို့ စစ်သားစုဆောင်းနေခြင်းသည် KIA အား နယ်ခြားစောင့်တပ်ဖွဲ့ အဖြစ် အသွင်ကူးပြောင်းရန် မြန်မာ စစ်အစိုးရက ဖိအားပေးနေခြင်းနှင့် ဆက်စပ်မှု ရှိနိုင်သည်ဟု အကဲခတ်များက သုံးသပ်နေကြသည်။


နယ်ခြားစောင့်တပ်ဖွဲ့ အဖြစ် အသွင် ကူးပြောင်းရေးနှင့် ပတ်သက်ပြီး KIA ၏ နိုင်ငံရေး ဦးဆောင် အဖွဲ့ ဖြစ်သော ကချင် အမျိုးသား လွတ်လပ်ရေး အဖွဲ့ (KIO) ခေါင်းဆောင်များသည် မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် စိုးဝင်း နှင့် ၂ ကြိမ် တွေ့ဆုံခဲ့ပြီးဖြစ်သည်ဟု သိရသည်။ ဧပြီလ ၂၈ ရက်နေ့ နှင့် မေလ ၂၁ ရက်နေ့တို့တွင် တွေ့ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဒုဗိုလ်ချုပ်ကြီး ဂေါ်ရီ ဇော်ဆိုင်း၊ ဒေါက်တာ လဂျာ၊ ဗိုလ်မှူးချုပ် ဂွမ်မော်၊ ဗိုလ်မှူး ဂေါ်လုလအောင်၊ ဒုဗိုလ်မှူးကြီး လဖိုင်လအောင်၊ ဒုဗိုလ်မှူးကြီး လဇိန်ဂျီးနော်၊ ဦးကွမ်ထတ်ထိန်နန် စသည့် KIO ဗဟို ကော်မတီ အဖွဲ့ဝင်များ ပါဝင်သည့် ကော်မတီ တခုကို ဖွဲ့စည်းထားကြောင်း၊ ထိုကော်မတီက ကချင်လူထု နှင့် မြန်မာစစ်အစိုးရကြား ကြားနေ ဆွေးနွေးပေးမည် ဖြစ်ကြောင်း သိရသည်။

လာမည့် စနေနေ့၌ ထိုကော်မတီသည် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့် နှင့် မြစ်ကြီးနားမြို့တွင် တွေ့ဆုံ ဆွေးနွေးမည်ဟုလည်း သိရသည်။ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်သည် အပစ်အခတ် ရပ်စဲရေး အဖွဲ့များကို နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲနိုင်ရေးအတွက် လိုက်လံ ဆွေးနွေးနေသူ ဖြစ်သည်။

နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေး ကိစ္စကို KIO ခေါင်းဆောင်များက ယခုလ နောက်ဆုံးထားပြီး ကချင် လူထု အကြား ဆန္ဒခံယူသွားမည် ဟု သိရသည်။ ကချင် ပြည်နယ် ဒေသခံ အများစုက ထိုသို့ အသွင်ကူးပြောင်းရေးကို လက်မခံကြကြောင်း အကဲခတ်များက ပြောသည်။

“ကချင်လူထု အများစုက ဒီ နယ်ခြားစောင့်တပ်ကို လက်မခံကြဘူး၊ ကချင် အမျိုးသား အတိုင်ပင်ခံ ကောင်စီ ကလည်း လက်မခံပါဘူး” ဟု KIA နှင့် နီးစပ်သူတဦးက ပြောသည်။

“ကျနော်တို့ကတော့ အခုလို နိုင်ငံရေး အခြေအနေ ဆိုးနေတဲ့ အချိန်မှာ တပ်ပြောင်းဖို့ ကို လက်မခံနိုင်ဘူး၊ နိုင်ငံရေး ပြဿနာကို အရင် မဖြေရှင်းဘဲနဲ့ လက်နက်ဖြုတ်၊ တပ်ပြောင်းဖွဲ့တာမျိုး လက်မခံနိုင်ပါဘူး” ဟု ၎င်းက ဆက်လက် ပြောပြသည်။

KIO ခေါင်းဆောင်တချို့ကလည်း ရှမ်းပြည်မြောက်ပိုင်းရှိ ကချင်တိုင်းရင်းသားတို့၏ သဘောထားကို သွားရောက် မေးမြန်းနေသည်ဟုလည်း သိရသည်။

“ KIO ရဲ့ ဒုတိယ ဥက္ကဋ္ဌ (၁) ဒေါက်တာ လဂျာက ရှမ်းပြည်နယ် မြောက်ပိုင်း တပ်မဟာ ၄ ဘက်မှာ လူထု သဘောထား ကောက်ယူဖို့ သွားပါတယ်၊ အများစုက လက်မခံကြဘူး” ဟု အထက်ပါ KIA နှင့် နီးစပ်သူက ပြောသည်။

KIO အဖွဲ့သည် ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်နိုင်ခဲ့သည်။

ဤအဖွဲ့ကို ၁၉၆၁ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ကချင် ကျောင်းသား ခေါင်းဆောင် ဇော်တူး နှင့် ဇော်ဆိုင်းတို့ နှစ်ဦးက စတင် ဖွဲ့စည်းကာ ကချင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးကို စတင်ခဲ့ခြင်း ဖြစ်သည်။

KIA တွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း အခြေစိုက် တပ်မဟာ ၅ ခု ရှိပြီး စစ်သည် အင်အား ၄၀၀၀ ခန့် ရှိသည်ဟု သိရသည်။ KIO ဌာနချုပ် ရှိရာ တရုတ် မြန်မာ နယ်စပ်မြို့ လိုင်ဇာတွင်လည်း စစ်သင်တန်းကျောင်း၊ အရာရှိ လေ့ကျင့်ရေး သင်တန်းကျောင်း၊ ရွှေ့ပြောင်းတပ်တို့် ရှိကြောင်း သိရသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */