ကျောင်းသားခေါင်းဆောင် ကိုလှမျိုးနောင် မျက်စိနှစ်ဖက်စလုံး ကွယ်နိုင်ဖွယ်ရှိ

Thursday, June 18, 2009 ·

RFA | မြစ်ကြီးနားအကျဉ်းထောင်မှာ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံထားရတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုလှမျိုးနောင်ရဲ့ မျက်စိ အခြေအနေဟာ ဒီရက်ပိုင်းမှာ အလွန် ဆိုးဝါးလာတယ်လို့ မြစ်ကြီးနား အကျဉ်းထောင်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက RFAကို ပြောပြပါတယ်။

AAPP ခေါ် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)၏ တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က မြန်မာစစ်အစိုးရ ဖမ်းဆီး အကျဉ်းချထားသော နိုင်ငံရေး အကျဉ်းသားများ၏ ဓာတ်ပုံကို ပြသပြီး ရှင်းလင်း ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)
ဒီလို အခြေအနေ ဆိုးဝါးလာတဲ့အတွက် မိသားစုနဲ့ မိတ်ဆွေ အသိုင်းအဝိုင်းက သူ့ကျန်းမာရေးအခြေအနေကို စိုးရိမ်နေကြတယ်လို့ ထိုင်းအခြေစိုက် နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောခွင့်ရသူ ကိုဘိုကြည်က ပြောပြပါတယ်။


ကိုဘိုကြည်။ ။ “အခု ဒီရက်ပိုင်းထဲမှာ ကျွန်တော်တို့ သိရသလောက်ဆိုလို့ရှိရင် သူက မျက်စိကိုက်တဲ့ ဝေဒနာကို တော်တော် ခံစားနေရတာမျိုး ရှိတယ်။ တကယ်လို့ အချိန်မီ ကုသခွင့် မရဘူးဆိုလို့ရှိရင် ကန်းသွားနိုင်တဲ့ အနေအထားမျိုးရှိတယ်လို့ ကျွန်တော်တို့ ကြားသိရပါတယ်။ ဒါပေမဲ့၊ အခုအချိန်အထိ ခွဲစိတ် ကုသရမဲ့ အဆင့်ကို မရောက် သေးဘူးပေါ့။ ဒီဟာ သူအဖမ်းခံရပြီးတဲ့ အခါမှာလည်း မျက်စိကို ခွဲစိတ် ကုသခံရတယ်။ မျက်စိခွဲ ကုသတာ မအောင်မြင်ပဲနဲ့ မျက်စိတဖက်က ကွယ်သွားပြီလေ။ အခု နောက်တဖက် ကပါ ထပ်ပြီး ကွယ်မဲ့ သဘောမျိုး ဖြစ်နေတယ်။ တကယ်လို့ မျက်စိ နှစ်လုံးစလုံး ကွယ်သွားလို့ ရှိရင်တော့ သူ့ရဲ့ ရေရှည်ဘဝအတွက်ကတော့ တော်တော် စိုးရိမ်စရာ ကောင်းပါတယ်။”

ကိုလှမျိုးနောင်ဟာ ၂၀၀၇ ခုနှစ် သံဃာ့ အရေးအခင်းကာလအတွင်း ရန်ကုန်စမ်းချောင်းက မျက်စိဆရာဝန်ဆီ ဆေးစစ်ဖို့ အသွား အာဏာပိုင်တွေရဲ့ အဖမ်းဆီးခံခဲ့ရတာ ဖြစ်ပြီး အမှုတွေ စစ်ဆေး နေစဉ်မှာ မျက်စိတလုံး ကွယ်ခဲ့သူ ဖြစ်ပါတယ်။

source by : RFA

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */