စစ်အုပ်စုဖက်က စုံစမ်း စစ်ဆေးရေးနှင့် လုံခြုံရေးများ အရှိန်မြှင့် ပြင်ဆင်နေ

Wednesday, June 03, 2009 ·

မိုးမခအထောက်တော် | ဇွန်လ ပထမပတ် ဒေါ်အောင်ဆန်းစုကြည်အား တရားရုံးချိန်မထုတ်မီအတွင်း စစ်အုပ်စု၏ စစ်နှင့် ရဲထောက်လှမ်းရေးများ၊ အရပ်ဝတ် အကြမ်းဖက်များသည် အထူးစစ်ဆင်ရေးသဖွယ် ရန်ကုန်မြို့အတွင်း ပြင်ဆင်မှုများ၊ စစ်ဆေးမှုများ ပြုလုပ်နေကြသည်ဟု မျက်မြင်တို့က ပြောသည်။

ယခင်အပတ် မေလ ၂၈ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် တဦးတည်းဆန္ဒပြသဖြင့် အဖမ်းဆီးခံရသူ ဦးဇော်ညွန့်ကို အင်းစိန်ထောင်၊ တိုက်တခုတွင် ဖမ်းဆီး စစ်ဆေးနေကြောင်း၊ ရိုက်နှိက် နှိပ်စက်မှုများ ရှိကြောင်းကို အင်းစိန် ထောင်ဝန်ထမ်း တချို့က တဆင့် ကြားသိရသည်။

မြို့နယ်အချို့က ကြံဖွတ်များ၊ စွမ်းအားရှင်များနှင့် စစ်အုပ်စုသတင်းပေးများကို အရပ်ဝတ် အကြမ်းဖက် သမားများဟု မြို့နေလူထုက အမည်ပေးထားပြီး ၎င်းတို့က ဒီမိုကရေစီရေး လှုပ်ရှားသူများ၊ မိသားစုများနှင့် အန်အယ်ဒီ ပါတီဝင်များကို ပြောင်ပြောင်တင်းတင်း ဆဲရေးခြင်း၊ ရန်စခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပြုလုပ် နေကြသည်ဟု မိုးမခသို့ ပြောကြားသည်။

“သောကြာနေ့ပြီးရင် မင်းတို့တတွေ အလှည့်ပဲ …” ဟု ပြောကြောင်း အန်အယ်ဒီပါတီထောက်ခံသူ လူငယ် တဦးကို ကြံ့ဖွတ် ရပ်ကွက် လူကြီး တဦးက ပြောသည်ဟု ဆိုသည်။

“လူထုက ပိုပြီး မခံမရပ်နိုင်ဖြစ်ကြတယ်။ ပါတီဝင်တွေ၊ ပါတီဝင်ဟောင်းတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ၊ မိသားစုတွေ၊ အကျဉ်းသား ဟောင်းတွေတင် သာမက အခု မျိုးဆက်သစ် လူငယ်တွေ၊ ကျောင်းသားတွေကပါ အခုအရေးအခင်းမှာ ပါဝင်ပတ်သက်လာကြတယ်။ အကြမ်းဖက်ခံထားရတဲ့ အတွေ့အကြုံက လူတွေဆီမှာ ရှိပြီးသားဆိုတော့ စစ်သားတွေ ကြံဖွတ်တွေ အကြမ်းဖက်လာတာကို ငုံခံနေဖို့တော့ အစီအစဉ်မရှိဘူး”

ဟု အင်းစိန်ထောင်ရှေ့ ဆန္ဒပြုလှုပ်ရှားမှုများတွက် မပျက်မကွက်သွားရောက်သူတဦးက ပြောကြားသည်။

source by : မိုးမခ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */