နာဂစ် ရန်ပုံငွေ အလွဲသုံးစားမှုဖြင့် ညွှန်ချုပ်ကို အလုပ်ဖြုတ်

Tuesday, June 23, 2009 ·

ကိုထွေး | နာဂစ် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက် ရာတွင် နိုင်ငံတကာမှ လှူဒါန်းသည့် ရန်ပုံငွေများကို အလွဲသုံးစား လုပ်သဖြင့် ဗိုလ်မှူးကြီးဟောင်း သန်းဦးကို တာဝန်မှ ရပ်ဆိုင်း ကာ ထိန်းသိမ်းထား သည်ဟု ၎င်းနှင့် နီးစပ်သည့် အသိုင်းအ၀န်းက ဆိုသည်။

၎င်းသည် လူမှု ၀န်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် တဦး ဖြစ်သည်။

ရန်ကုန် အခြေစိုက် NGO အဖွဲ့တခုမှ ၀န်ထမ်းတဦးက “နာဂစ်ကြောင့် ပျက်စီး ဆုံးရှုံးသွားတဲ့ ထူထောင်ရေး လုပ်ငန်းတွေကို ဆောင်ရွက်တဲ့ အခါ နိုင်ငံတကာ NGO တွေက ငွေတွေကို လက်ခံဖို့ အဲဒီ ၀န်ကြီးဌာနက တာဝန် ယူထားတယ်၊ အဲဒီငွေတွေနဲ့ ပတ်သက်ပြီး အခု ညွန်ကြားရေးမှူးချုပ်ကို စစ်ဆေး နေတယ်” ဟု ပြောသည်။


၎င်းညွှန်ကြားရေးမှူးချုပ်ကို မစစ်ဆေးမီ ရက်များက သူ၏ လက်အောက်ငယ်သား ဝန်ထမ်းများကို စစ်ဆေးခဲ့ကြောင်း ကြားသိရသည်။

ယင်းဝန်ကြီးဌာနသည် နာဂစ် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် နိုင်ငံတကာ NGO များနှင့် ပူးပေါင်းဆောင်ရွက်ရသော ဌာနဖြစ်သည်။

နေပြည်တော်မှ လာသော သတင်းများ အရ အထူး စုံစမ်း ထောက်လှမ်းရေး အဖွဲ့က ၎င်းကို ဖမ်းဆီးကာ စစ်ဆေး မေးမြန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

မကြာမီက နေပြည်တော်ရှိ ထိပ်တန်း စစ်ခေါင်းဆောင် များသည် စစ်တပ် အတွင်း ရာထူး အပြောင်း အရွှေ့နှင့် ရာထူး ရပ်ဆိုင်းရေး ကိစ္စများ အတွက် လျှို့ဝှက် အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း စစ်ဘက်နှင့် နီးစပ်သည့် သတင်းများအရ သိရသည်။

အဆိုပါ အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စစ်တပ်မှ အရာရှိ အချို့ကို တာဝန်မှ အနားပေးမည်ဖြစ်ပြီး တချို့ကို ရာထူးအပြောင်း အလဲ ပြုလုပ်မည် ဖြစ်ကြောင်းလည်း သိရသည်။

မုန်တိုင်းဒဏ်သင့်ဒေသများတွင် နိုင်ငံတကာ အကူအညီများနှင့် ပြည်တွင်း အကူအညီများ ဖြန့်ဝေခဲ့ရာ၌ သက် ဆိုင်ရာ အာဏာပိုင်တို့က ပစ္စည်းအကောင်းနှင့် အညံ့များ လဲလှယ်ခြင်း၊ နအဖ ခေါင်းဆေင်များ လာရောက် စစ်ဆေးစဉ် ဒုက္ခသည်များအား ပေးအပ်သည့် အကူအညီပစ္စည်းများကို ပြန်လည် သိမ်းယူခြင်းတို့ ပြုလုပ်ခဲ့သည်ဟု ကြားသိရသည်။

အလှူရှင်များသည် ၎င်းတို့ အကူအညီပေးသည့် ပစ္စည်းများကို လေဘေးဒုက္ခသည်များအား တိုက်ရိုက် ပေးခွင့် မရဘဲ ကြံ့ဖွံ့၊ မယက၊ မီးသတ် အစရှိသည့် အာဏာပိုင်အဖွဲ့များ လက်သို့ ဦးစွာ အပ်နှံရသည်ဟု ရန်ကုန်အခြေစိုက် စာနယ်ဇင်း သမားတဦးက ဧရာဝတီသို့ ပြောဆိုခဲ့သည်။

အာဏာပိုင်အဖွဲ့အစည်းများက သိမ်းယူထားသည့် ဒုက္ခသည် ကူညီရေး ပစ္စည်းတချို့ကို ရန်ကုန်မြို့တွင်းရှိ ဈေးတချို့နှင့် စတိုးဆိုင်များ၌ ပြန်လည် ရောင်းချခဲ့ကြောင်းလည်း ကြားသိရသည်။

သတင်းမီဒီယာများ၏ မှတ်တမ်းများနှင့် မျက်မြင်သက်သေများ၏ အဆိုအရ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) နှင့် ကမ္ဘာ့ကုလသမဂ္ဂ (UN) အပါအ၀င် နိုင်ငံတကာမှ လှူဒါန်းထားသည့် အကူ ပစ္စည်းများမှာ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းသင့် ဒုက္ခသည်များထံ အနည်းငယ်သာ ရောက်ရှိသည်ဟု သိရသည်။

ပြန်လည် ထူထောင်ရေး လုပ်ငန်းများအတွက် စုစုပေါင်း လိုအပ်သည့် ရန်ပုံငွေမှာ အမေရိကန် ဒေါ်လာ ၄၈၁ သန်း ဖြစ်ပြီး မူလက တောင်းခံထားသည့် အမေရိကန်ဒေါ်လာ ၂၀၁ သန်း အနက် တချို့ တ၀က်ရပြီး ဖြစ်သောကြောင့် ထပ်မံ လိုအပ်ငွေ စုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၃၀၄ သန်းဖြစ်သည်ဟု ကုလသမဂ္ဂ လူသားချင်း ညှာတာ ထောက်ထားမှု ဆိုင်ရာ ဌာန အကြီးအကဲ မစ္စတာ ဂျွန် ဟိုးစ် က ပြောဆိုခဲ့သည်။

၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့နှင့် ၃ ရက်နေ့က မြန်မာနိုင်ငံတွင် တိုက်ခတ်သည့် နာဂစ် မုန်တိုင်းသည် ဧရာဝတီတိုင်းရှိ ပုသိမ်၊ မြောင်းမြ၊ လပွတ္တာ၊ မော်လမြိုင်ကျွန်း၊ ကျုံမငေး၊ ဘိုကလေး၊ ချောင်းသာ၊ ငွေဆောင် မြို့များ ကို ဝင်ရောက် တိုက်ခတ်ခဲ့ရာ အပျက်အစီး များခဲ့သည်။

မုန်တိုင်းကြောင့် လူဦးရေ ၂ ဒဿမ ၄ သန်း ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

အဆိုပါ မုန်တိုင်းကြောင့် လူဦးရေ ၈ သောင်းကျော် အသက်ဆုံးရှုံးကာ လူ ၅ သောင်းကျော် ပျောက်ဆုံး နေသည်ဟု စစ်အစိုးရ စာရင်းများ အရသိရသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */