ဒေါ်စုမွေးနေ့ ချီတက်ဆန္ဒပြပွဲ ခွင့်ပြုချက် ရုပ်သိမ်းခံရ

Friday, June 19, 2009 ·

နန်းဒေဝီ | နယူးဒေလီ (မဇ္စျိမ)။ ။ အိန္ဒိယ-မြန်မာ နယ်စပ် မိုးရေး မြို့တွင် ပြုလုပ်မည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ချီတက် ဆန္ဒပြပွဲကို အာဏာပိုင် များ၏ ပွဲမိန့် ရပြီး ဖြစ်သော်လည်း ပြန်လည်၍ အစီအစဉ် ဖျက်လိုက် ရကြောင်း မိုးရေး အခြေစိုက် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ပြောသည်။

မဏိပူရပြည်နယ် လက်ထောက် ကော်မရှင်နာ Tengnoupal ဌာနခွဲ၏ ခွင့်ပြုချက် ပွဲမိန့် ရပြီးဖြစ်သော်လည်း ပွဲမိန့်ပေးခဲ့သည့် အရာရှိ အပေါ် ဖိအားပေးမှုများ ရှိနေသည့်အတွက် မနက်ဖြန် ပြုလုပ်မည့် ၆၄ နှစ်မြောက် ဒေါ်စုမွေးနေ့ ချီတက် ဆန္ဒပြပွဲကို ဖျက်သိမ်း လိုက်ကြောင်း WLB ၏ ဥက္ကဋ္ဌ ဘုတ်အဖွဲ့ဝင် တဦး ဖြစ်သည့် မငိုင်ငိုင်း၏ ပြောဆိုချက် အရ သိရခြင်း ဖြစ်သည်။

“ပွဲမိန့်က ၁၆ ရက်နေ့က ရပြီးသား။ ဒီနေ့ မနက် အစောကြီးမှာ ဒီကိစ္စ ဖျက်သိမ်းဖို့ ပြောလာတယ်” ဟု သူက ပြောသည်။


မိုးရေးမြို့ရှိ ဘောလုံးကွင်း၌ ဒီမိုကရေစီအင်အားစုများနှင့် ဒေသခံများစုရုံး ချီတက်ဆန္ဒပြရန် စီစဉ်ထားသော်လည်း ယခုလို ပွဲမိန့်ဖျက်သိမ်းလိုက်ခံရပြီးနောက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကို ကိတ်မုန့်ခွဲပြီး အစီအစဉ်ကို အကျဉ်းချုံး ပြုလုပ်သွားမည် ဖြစ်သည်။

ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံဖြစ်သည့် ADC အရာရှိသည် Tengnoupal ခရိုင် မိုရေးမြို့တွင် ဆန္ဒပြပွဲများ ကျင်းပမည်ဆိုပါက ခွင့်ပေးချက် ပေးပိုင်ခွင့်ရှိသူ ဖြစ်သည်။

ယမန်နေ့ထုတ် မဏိပူရပြည်နယ် အခြေစိုက် Hueiyen Lanpao အွန်လိုင်းသတင်းဌာနက ဆန္ဒပြပွဲကို ကန့်ကွက်သည့် အယ်ဒီတာ့ အာဘော် ရေးသား ခဲ့ပြီးနောက် ADC အရာရှိအပေါ် ဖိအားပေးမှုများ ဖြစ်လာခဲ့သည်ဟု ပြည်နယ်အစိုးရနှင့် နီးစပ်သည့် သတင်း ရပ်ကွက် က ပြောသည်။

မဏိပူရပြည်နယ်၏ မြို့တော် အင်ဖားမြို့အခြေစိုက် ကသည်းလူမျိုးပိုင်သည့် Hueiyen Lanpao - အွန်လိုင်းသတင်းဌာနနှင့် နေ့စဉ်ထုတ် သတင်းစာတိုက်က ယမန်နေ့ ရက်စွဲဖြင့် အာဘော်တရပ် ထုတ်ပြန်ရာတွင် “ADC အဖွဲ့က နိုင်ငံခြားသားတွေကို မိုးရေးမှာ ဆန္ဒပြပွဲလုပ်ဖို့ ဘယ်လိုကြောင့် ခွင့်ပြုချက်ပေးနိုင်သလဲ” ဟု ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားသည်။

ထို့အပြင် Additional Deputy Commissioner-ADC, Tengnoupal ဌာနခွဲက အထက်အာဏာပိုင်များ၏ ခွင့်ပြုချက်မယူဘဲ မြန်မာ အခြေစိုက် အဖွဲ့ ၂ ဖွဲ့ဖြစ်သည့် WLB နှင့် ကူကီးအမျိုးသမီးများနှင့် လူအခွင့်အရေး အဖွဲ့အစည်း - KWHRO တို့ကို မိုးရေးတွင် ချီတက် ဆန္ဒပြပွဲ ပြုလုပ်ရန် ခွင့်ပြုမိန့် ပေးခဲ့ကြောင်း ရေးသား ဖော်ပြထားသည်။

မြန်မာအဖွဲ့အစည်းများ ဦးဆောင်ပြီး ဆန္ဒပြပွဲ ပြုလုပ်နိုင်ရေးအတွက် ADC အဖွဲ့ အာဏာပိုင်တဦး၏ ခွင့်ပြုချက်ဖြင့် မရနိုင်ကြောင်းလည်း သတင်းပေး သူများ၏ အပြောကို ပြန်လည်၍ ကိုးကား ဖော်ပြထားသည်။

ယခုလို အိန္ဒိယနယ်စပ်၊ မိုးရေးတွင် ဆန္ဒပြပွဲကို ပြုလုပ်ခြင်းဖြင့် မြန်မာ စစ်အစိုးရနှင့် သံတမန်ရေးအရ ဆက်သွယ်မှုကို ထိပါး ချိုးဖောက်ရာ ရောက်ကြောင်း ဆိုထားသည်။

ထို့အပြင် မြန်မာနှင့် နယ်ခြားထိ စပ်နေသည့် မိုးရေးမြို့တွင် ဆန့်ကျင် ချီတက်ပွဲကဲ့သို့သော လှုပ်ရှားမှု တစုံတရာ ပြုလုပ် ခြင်းဖြင့် လက်ရှိ အုပ်ချုပ်နေသည့် မြန်မာ စစ်အစိုးရကို ပြစ်တင်ရှုတ်ချသည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ရာ ရောက်စေပြီး စစ်အစိုးရကို ရန်စရာ ရောက်ကြောင်း ရေးသားထားသည်။

source by : မဇ္ဈိမ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */