ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲမှု အပေါ် စစ်အစိုးရ ခုခံ

Monday, June 01, 2009 ·

ဗီအိုအေ | မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ ဖိတ်မခေါ်ဘဲနဲ့ ရောက်လာတဲ့ အမေရိကန် ဂျွန်ယက်ထော ကို ခိုလှုံခွင့် ပေးခဲ့တဲ့ အတွက် အပြစ်ပေးဖို့က လွဲပြီး တခြားလမ်းမရှိဘူးလို့ မြန်မာ ဒုတိယ ကာကွယ်ရေး ၀န်ကြီး ဗိုလ်ချုပ်အေးမြင့် က တနင်္ဂနွေ စင်္ကာပူ နိုင်ငံမှာ ကျင်းပတဲ့ အာရှဒေသ လုံခြုံရေး နှစ်ပတ်လည် အစည်းအဝေးမှာ ပြောကြား လိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားသား တရားမ၀င် ၀င်ရောက်မှုကို အာဏာပိုင်တွေထံ အကြောင်းမကြားဘဲ အမှန်တရားကို ဖုံးကွယ်ထားတယ်လို့ ပြောခဲ့တဲ့အပြင်၊ ဒီတရားမ၀င် လာရောက်သူကို ကျွေးမွေးပြီး ခိုလှုံခွင့်ပါပေးခဲ့တာဟာ ဥပဒေကို ချိုးဖောက်တာ ဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဥာဏ်ဝင်းကတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ တစုံတရာ ချိုးဖောက်တာ မတွေ့ရဘူးလို့ ပြောဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း မစ္စတာ ယက်ထော ပထမ အကြိမ် လာရောက်စဉ်က အာဏာပိုင်တွေကို ပြောကြားခဲ့ပေမဲ့ အရေးယူမှု တစုံတရာ မရှိတဲ့အပြင်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကန့်သတ်မှု တားဆီးမှု တစုံတရာ မလုပ်ခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့ ရှေ့နေဖြစ်သူတွေနဲ့ မနေ့က အင်းစိန် ထောင်ဝန်းထဲမှာ ၂နာရီကြာ တွေ့ဆုံခွင့် ပေးခဲ့တာမို့ ကျန်းကျန်းမာမာနဲ့ တွေ့ခွင့်ရခဲ့တယ်လို့ ရှေ့နေကြီး ဦးဥာဏ်ဝင်းက ဗွီအိုအေကို ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အမှုကို တနင်္လာနေ့ကနေ သောကြာနေ့ကို ရွှေ့ဆိုင်းခဲ့ပေမဲ့ အာဏာပိုင်တွေဘက်က အကြောင်းပြချက်မပေးဘူးလို့လည်း ဦးဥာဏ်ဝင်းက ပြောပါတယ်။

တနင်္ဂနွေနေ့မှာပဲ ကာကွယ်ရေး ၀န်ကြီးများအဆင့် အာရှဒေသ လုံခြုံရေး အစည်းအဝေးကို တက်ရောက်လာတဲ့ ဗြိတိန်နိုင်ငံက နိုင်ငံတကာ ကာကွယ်ရေးနဲ့ လုံခြုံရေး ဆိုင်ရာ ၀န်ကြီး အန်းတေလာ က ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးသင့်တဲ့ အပြင်၊ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာက ထောက်ခံ ပံ့ပိုးပေးနေတယ်လို့ ပြောပါတယ်။ ဒီအစည်းအဝေးကို တက်ရောက်လာတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး မြန်မာ စစ်အစိုးရအနေနဲ့ အတိုက်အခံတွေနဲ့ တွေ့ဆုံဖို့ တိုက်တွန်းခဲ့ပါတယ်။

နားဆင်ရန်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */