A(H1N1) တုပ်ကွေး ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာ

Friday, June 12, 2009 ·

NEJ | A( H1N1) တုပ်ကွေးကို ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ် လိုက်ကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့(ဒဗလျူအိပ်ခ်ျအို) က ကြေညာလိုက်သည်။

A(H1N1) တုပ်ကွေး ဖြစ်ပွားမှု အခြေအနေကို ကမ္ဘာ့ကပ် ရောဂါအသွင် ကူးစက် ရောဂါ အဆင့် အမြင့်ဆုံး ဖြစ်သည့် အဆင့် (၆) သို့ တိုးမြှင့် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

ယင်းသို့ သတ်မှတ်ရခြင်းမှာ A(H1N1) ဗိုင်းရပ်သည် မြောက်အမေရိက တိုက်အတွင်း လူလူချင်း ကူးစက်သည့် အဆင့် ဖြစ်ပွားခဲ့ရာမှ ယခုအခါ အခြား နိုင်ငံများသို့ ကူးစက် ပျံ့နှံ့လာသောကြောင့် ဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ထုတ်ပြန်သည်။


ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာတွင် ကျင်းပသည့် အရေးပေါ် ကော်မတီ အစည်းဝေးအပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ ဒေါက်တာ မာဂရက်ချမ်းက A(H1N1) တုပ်ကွေးကို ကမ္ဘာ့ကပ်ရောဂါအဆင့်အဖြစ် ကြေညာခဲ့ခြင်းဖြစ်သည်။

၎င်းက “၂၀၀၉ ခုနှစ် ကမ္ဘာ့ကပ်ရောဂါတုပ်ကွေး စတင်နေပါပြီ” ဟု ဂျနီဗာတွင် သတင်းထောက်များကို ပြောကြားခဲ့ပြီး ယခုအချိန်သည် ကပ်ရောဂါဖြစ်ပွားမှု အစောပိုင်း အချိန်ဖြစ်ပြီး ယင်းရောဂါပိုးပျံ့နှံ့မှုကို တားဆီးမရသေးကြောင်း ပြောကြားခဲ့သည်။

လက်ရှိ ဖြစ်ပွားမှုများ အရ ရောဂါကူးစက် ခံရသူ အများစုသည် ပြင်းပြင်းထန်ထန် ခံစားရခြင်း မရှိသေးကြောင်း၊ ရောဂါ အသည်းအသန် ဖြစ်ပွားသူ အရေအတွက် ရုတ်တရက် မြင့်တက်မှု မရှိနိုင်သေးကြောင်း ဒေါက်တာချမ်းက ပြောသည်။

A(H1N1) တုပ်ကွေးကို အသက် (၂၅) နှစ်အောက် လူငယ်များတွင် အဖြစ်များသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းသို့ A(H1N1) တုပ်ကွေးကို ကမ္ဘာ့ ကပ်ရောဂါ အဖြစ် သတ်မှတ်လိုက်သည့် အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကလည်း ကြိုတင် ပြင်ဆင်မှုများ လုပ်ထားရန် ယမန်နေ့ နယူးယောက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် သတိပေး ပြောကြား လိုက်သည်။

ယခုအခါ တုပ်ကွေး ဗိုင်းရပ်ပိုးသစ် ပျံ့နှံ့မှုသည် အသေအပျောက် နှုန်းနည်းပြီး ဆိုးဝါးသည့် အခြေအနေသို့ မရောက် သေးသော်လည်း ရှေ့လာမည့် လများအတွင်း မည်သို့ ဖြစ်လာမည်ကို မသိရှိသဖြင့် အလေးထား စောင့်ကြည့်ရန်လိုအပ်ကြောင်း မစ္စတာဘန်ကီမွန်းက ပြောသည်။

ဖွံ့ဖြိုးသည့်နိုင်ငံများတွင်သာ ယခုတုပ်ကွေးရောဂါလက္ခဏာများ အဖြစ်များခဲ့သော်လည်း မကြာမီအတွင်း ပြောင်းလဲမှု ဖြစ်နိုင်ပြီး သက်ရောက်မှုများလည်း ဖြစ်ပေါ် လာနိုင်ကြောင်း၊ ဆင်းရဲသည့် နိုင်ငံများသည် ကျန်းမာရေး စနစ် ညံ့ဖျင်းသဖြင့် ကြိုတင် ပြင်ဆင်မှုများ လုပ်ထားကြရန် လိုအပ်ကြောင်း ၎င်းက သတိပေးပြောကြားသည်။

ယခုအခါ ကမ္ဘာတ၀န်း နိုင်ငံပေါင်း (၇၄) နိုင်ငံတွင် A(H1N1) တုပ်ကွေး ဖြစ်ပွားသူ (၃) သောင်းနီးပါးရှိနေပြီး သေဆုံးသူ (၁၄၄) ဦးရှိသွားပြီ ဖြစ်ကြောင်းလည်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ထုတ်ပြန်သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */