ဦးဝင်းတင် လုံခြုံရေး စိုးရိမ်ရ

Friday, May 22, 2009 ·

အေးလဲ့ | အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်နှင့် NLD အဖွဲ့ဝင်တို့က ဒေါ်အောင်ဆန်းစုကြည် အမှုရင်ဆိုင်ရာ အင်းစိန်ထောင်အနီးသို့ သွားရောက် စောင့်ကြည့် နေမှုအပေါ် လုံခြုံရေးအရ စိုးရိမ်ရကြောင်း ရှေ့နေဦးအောင်သိန်း ကပြောသည်။

NLD ရှေ့နေတဦးဖြစ်သူ ဦးအောင်သိန်းက“ ဦးဝင်းတင်နဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားနေတဲ့ သူတွေ ရဲ့ လုံခြုံရေးကို ကျနော် စိုးရိမ်မိတယ်၊ သူဟာ NLD အတွက် အရမ်းကိုအရေးပါတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်၊ ဦးဝင်းတင် က သူ့ကိုယ်သူ ပြည်သူထဲက ပြည်သူတယောက်လို့ လက်ခံထားတဲ့ အတွက် သူ့ကို လုံခြုံရေး ထားပေးရင်လည်း လက်ခံမှာမဟုတ်ပါဘူး” ဟု ပြောသည်။

ဦးဝင်းတင်သည် ဒေါ်အောင်ဆန်းစုကြည် အမှုကြားနာစစ်ဆေးစဉ် တလျောက်လုံး ဘတ်စ်ကားစီး၍ အင်းစိန် ထောင် ရှေ့သို့ သွားရောက်ကာ တရားခွင်နှင့် ပတ်သက်သည့် သတင်းများကို စောင့်ဆိုင်းနားထောင် နေပုံများ ကို အင်တာနက် သတင်း စာမျက်နှာများတွင် ဓာတ်ပုံနှင့် တကွ မြင်တွေ့ရသည်။

ယင်းသို့ NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်၏ လှုပ်ရှားမှုများကို ကြံ့ဖွံ့နှင့် စွမ်းအားရှင် တို့က အုပ်စုဖြင့်တမျိုး၊ ကားနှင့်တမျိုး လိုက်လံစောင့်ကြည့်နေကြောင်းလည်းကြားသိရသည်။

NLD အဖွဲ့ဝင် တဦးက “အဘက လမ်းသွားနေတဲ့ အချိန် စွမ်းအားရှင်လို့ ထင်ရတဲ့ အရပ်ဝတ်နဲ့ လူတွေ ဒိုင်နာ ကား နှစ်စီးနဲ့ အဘနားကို ကပ်သွားလိုက်၊ ပြန်လှည့်လိုက်နဲ့ လုပ်နေတာ တွေ့ရတယ်”ဟု ပြောသည်။

အသက် ၈၀ ဝန်းကျင်ရှိ ဟံသာဝတီ သတင်းစာ ဆရာကြီး ဦးဝင်းတင်သည် ၁၉၈၈ခုနှစ်က ဒီမိုကရေစီအရေး လှုပ်ရှားမှုတွင် စာနယ်ဇင်းကို ဦးဆောင် ပါဝင်ခဲ့သေကြောင့် ၁၉၈၉ခုနှစ်တွင် စစ်အစိုးရက နိုင်ငံရေး ပုဒ်မဖြင့် ထောင်ဒဏ် အနှစ် ၂၀ချမှတ်ခဲ့ရာ ၁၉ နှစ်ကျော် နေခဲ့ရပြီး ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် ပြန်လည် လွတ်မြောက်လာသူဖြစ်သည်။

ယခု လတ်တလောတွင် ၎င်း၏ အိမ်သို့ ရေးကူးဝင်ရောက်သူ အမေရိကန်နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော အမှုဖြင့် အင်းစိန်ထောင်တွင်း အထူးတရားရုံး၌ တရားရင်ဆိုင်နေရသော NLD ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည်လည်း ၁၉၉၆ ခုနှစ်တွင် တကြိမ်၊ ၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်းတွင်တကြိမ် လူအုပ်စုဖြင့် ဝိုင်းဝန်း တိုက်ခိုက်ခြင်း ခံခဲ့ရဖူးသည်။

ပြီးခဲ့သည့် ဧပြီလ အတွင်းကလည်း ရန်ကုန်တိုင်း တွံ့တေးမြို့မှ NLD အဖွဲ့ဝင် ဦးသိန်းဦး အပါအဝင် အဖွဲ့ဝင် တချို့ အစိုးရကျောထောက်နောက်ခံပြုထားသော ကြံ့ဖွံ့နှင့် စွမ်းအားရှင် တို့၏ ရိုက်နက်ခြင်းခံခဲ့ရသေးသည်။

ယင်း ကြံ့ဖွံ့နှင့် စွမ်းအားရှင်များသည်၂၀၀၇ခုနှစ် စက်တက်ဘာ သံဃာအရေးအခင်းကာလ မေတ္တာပို့ရွတ်ဆို ၍ ငြိမ်းချမ်းစွာ လမ်းလျှောက်သည့် သံဃာတော်များကိုလည်း အကြမ်းဖက် ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည်။

လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အဆိုပါ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း(ကြံ့ဖွံ့)သည် နိုင်ငံရေးပါတီ အသွင်ပြောင်းလဲ၍ ရွေးကောက်ပွဲဝင်ရန် စီစဉ်နေသည် ဆိုသည့် သတင်းများလည်း ကြားသိရ သည်။

ပြီးခဲ့သည့် မတ်လပိုင်းတွင် ပြည်ပအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (BLC) က စစ်အစိုးရ ပြဌာန်း ထားသော“တရားမဝင် အဖွဲ့အစည်း အက်ဥပဒေ”နှင့်ငြိစွန်းသည့် အတွက် ထိုကြံ့ဖွံ့ အဖွဲ့ကို ဖျက်သိမ်းပေး ရန် ကြေညာချက် ထုတ်ပြန်ထားသည်။

ထိုကဲ့သို့ စစ်အစိုးရက လူ့အခွင့်အရေး ချိုးဖောက်နေမှုများနှင့် ပတ်သက်ပြီး ယမန်နေ့က အမရိကန်ရှိ ဟားဗတ် တက္ကသိုလ်မှ ဥပဒေပညာရှင် ၅ ဦးက ကမ္ဘာ့ ကုလသမဂ္ဂအနေဖြင့် စစ်အစိုးရက ကျူးလွန်နေသော စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးပေးရန် တိုက်တွန်းသည့် စာတစောင်ကို ရေးသား ပေးပို့ခဲ့သည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */