အန်အယ်ဒီ လူငယ်ကို လောင်းကစားမှုဖြင့် တရားစွဲ

Friday, May 08, 2009 ·

ကိုဝိုင်း | ချင်းမိုင် (မဇ္ဈိမ)။ ။ တွံတေးမြို့နယ် အန်အယ်ဒီ လူငယ်ခေါင်းဆောင်အား ယမန်နေ့က ဖမ်းဆီး ခဲ့ပြီးနောက် နေ့တွင်းချင်းပင် လောင်းကစားမှုဖြင့် တရားစွဲလိုက်ပြီ ဖြစ်သည်။

ချဲစာရွက် လက်ဝယ်တွေ့ရှိသည်ဟု စွပ်စွဲကာ တွံတေးမြို့နယ် အန်အယ်ဒီ လူငယ်တာဝန်ခံ (၁) ကိုရဲထွဋ်ခေါင် အား မြို့နယ် ရဲနယ်ထိန်း ဝင်းထွဋ်ထွဋ်ဦး ဦးဆောင်သည့်အဖွဲ့က ယမန်နေ့ နံနက်ပိုင်းက နေအိမ်တွင် ဖမ်းဆီးပြီးနောက်၊ တရားရုံးသို့ ခေါ်ဆောင်သွားခဲ့ရာ လောင်းကစားမှုဖြင့် တရားစွဲလိုက်ခြင်း ဖြစ်သည်။

''ဖြစ်ဖြစ်ချင်း၊ သတင်းကြားတာနဲ့ ကိုဇော်မင်းထွန်း (မြို့နယ် အန်အယ်ဒီ စည်းရုံးရေးကော်မတီ တွဲဘက် အတွင်းရေးမှူး) က လိုက်သွားတယ်ပေါ့နော်။ စွဲတာက လောင်းကစားမှု သဘောပေါ့။ တရားရုံးကပဲ ပြောလိုက်တာ။ ၁၅ (က) သို့မဟုတ် ၁၆ (က) ဖြစ်မယ်။ ၁၅ (က) ဆိုတာကတော့ ထိုးသား သဘောမျိုးပေါ့။ ၁၆ (က) ဆိုရင်တော့ ဒိုင်လုံးလုံး ဖြစ်သွားပြီ။ လောလောဆယ် အဲဒီလိုပဲ အကြမ်းမျဉ်း သိထားတယ်ရှင့်'' ဟု ကိုရဲထွဋ်ခေါင်၏ ဇနီးသည် မမေမျိုးစုက မဇ္ဈိမကို ပြောသည်။

နေအိမ်သို့ လာရောက်ဖမ်းဆီးသူ နယ်ထိန်း ဝင်းထွဋ်ထွဋ်ဦးအဖွဲ့က တွံတေးမြို့နယ်မှူးမှ ဖမ်းဆီးခိုင်းသည်ဟု ပြောဆိုသလို၊ ချဲစာရွက် လက်ဝယ်တွေ့ရှိကြောင်း လက်မှတ်ထိုးခိုင်းရာတွင် ကိုရဲထွဋ်ခေါင်က သူသည် ချဲနှင့် မပတ်သက်သည့်အပြင် ချဲစာရွက်များလည်း လက်ဝယ် မရှိခြင်းကြောင့် လက်မှတ်ထိုးရန် ယမန်နေ့ ဖမ်းဆီး ခံရစဉ်က ငြင်းဆိုခဲ့သည်။

တွံတေးရဲစခန်းတွင် ချုပ်နှောင်ခံထားရသော ခင်ပွန်းသည်ထံသို့ ယနေ့နေ့လယ်၌ သွားပို့ခဲ့သော အစားအသောက် များကို စခန်းမှူး ဦးမြင့်ကျော်က လက်ခံထားလိုက်သော်လည်း လူချင်းတွေ့ခွင့် မရဘဲ မမေမျိုးစု ပြန်လာခဲ့ရသည်။

“ထမင်းတွေ၊ မုန့်တွေ၊ သောက်ရေဘူးတွေပေါ့လေ၊ သွားပို့တာပေါ့နော်။ ကျမက တွေ့လို့ရမလား ဦးလို့ပြောတော့ တွေ့လို့မရဘူး။ တွေ့လို့မရဘူးတဲ့၊ ပေးချင်တာကို ပေးခဲ့လိုက်ပါတဲ့၊ ပေးပေးမယ်တဲ့။ ဒါပေမဲ့ တွေ့ခွင့်တော့ မရှိဘူးတဲ့။ အဲဒီလို ပြောတယ်ရှင့်။ အပေါက်ဝကနေပဲ စခန်းမှူး ဦးမြင့်ကျော်က ယူထားလိုက်ပြီး ပြန်လွှတ် လိုက်တယ်ရှင့်၊ ကျမတို့ကို” ဟု သူက ပြောသည်။

ကိုရဲထွဋ်ခေါင်အား လာမည့် ၂၁ ရက်နေ့တွင် ထပ်မံ၍ ရုံးထုတ်မည်ဖြစ်ကာ၊ သူ့ကို တွံတေးရဲစခန်းတွင် ချုပ်နှောင် ထားသည်။

source by : မဇ္ဈိမ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */