မေကျော် | ချင်းမိုင် (မဇ္ဈိမ)။ ။ တောင်ကိုရီးယား သမတ၏ သဝဏ်လွှာ ပေးပို့ရန်နှင့် အာဆီယံ အထူး ထိပ်သီး ဆွေးနွေးပွဲ ဖိတ်ကြားရန် ကိုရီးယား လွှတ်တော်အမတ် ၂ ဦးသည် ယခုလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံသို့ သွားရောက်မည်။
Mr. Huh Tae Yeol နှင့် Mr. Cho Hae Jin တို့သည် ယခုလ ၈ ရက်မှ စတင်ကာ နှစ်ရက်ကြာ နေထိုင် သွားမည် ဖြစ်ပြီး၊ မြန်မာစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် တွေ့ဆုံမည့်အကြောင်း မြန်မာ နိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံရုံးက ပြောဆိုခြင်းဖြစ်သည်။
“ဇွန်လမှာ ကိုရီးယားမှာ လုပ်မယ့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲအတွက် အဓိက လာတာပါ။ သမ္မတရဲ့ သဝဏ်လွှာ ပေးဖို့ရယ်၊ နောက် ကိုရီးယား- အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ဖိတ်ဖို့ရယ်အတွက် အဓိက လာတာပါ” ဟု မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုးရီးယားသံရုံး ပထမအတွင်းဝန် Mr. Kwomg Jae Hwan က မဇ္ဈိမကို ပြောသည်။
၈ ရက်နေ့တွင် နေပြည်တော်သို့ သွားရောက်ကာ၊ ၉ ရက်နေ့တွင် ရန်ကုန်သို့ ပြန်ရောက်မည် ဖြစ်သည်။
“နေပြည်တော် သွားမယ်။ ဝန်ကြီးချုပ်နဲ့ တွေ့မယ်။ မေ ၉ ရက်နေ့မှာ ရန်ကုန်ရောက်မယ်။ ကိုရီးယား ကုမ္ပဏီတွေ သဘာဝဓာတ်ငွေ့ ထုတ်တဲ့ ဒေသတွေကို သွားဖို့တော့ အချိန်မလောက်နိုင်ဘူးလို့ ကျနော် ထင်တယ်။ မသွားပါဘူး” ဟု သူက ဆက်ပြောသည်။
ကိုရီးယား-အာဆီယံ အထူး ထိပ်သီးဆွေးနွေးပွဲသည် ဇွန်လ ၁ ရက်နှင့် ၂ ရက်နေ့တွင် ဂျဲဂျူကျွန်း၌ ကျင်းပမည် ဖြစ်ရာ ယင်းအတွက် တောင်ကိုရီးယား သမ္မတက အာဆီယံနိုင်ငံများသို့ အထူးကိုယ်စားလှယ် ၁ဝ ဦး စေလွှတ်ခြင်း ဖြစ်သည်ဟု ဆိုသည်။
source by : မဇ္ဈိမ
ကိုရီးယား လွှတ်တော်အမတ် ၂ ဦး မြန်မာပြည် သွားမည်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်
လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
0 comments:
Post a Comment