NEJ | စစ်အစိုးရနှင့် အပစ်ရပ်ထားသည့် မွန်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အတွင်း အင်အား အကြီးဆုံး ဖြစ်သော မွန်ပြည်သစ် ပါတီဝင် (၂) ဦးကို ရက်သတ္တ (၃) ပတ်အတွင်း လုပ်ကြံ သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း နယ်စပ်မှ လာသောသတင်းအရ သိရသည်။
ပြီးခဲ့သည့်ဧပြီ (၁၈) ရက်တွင် ခရိုင်ကော်မတီဝင် ဒေါက်တာနိုင်မင်းနောင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး ယခုလ မေ (၈) ရက်တွင် မြို့နယ်ကော်မတီဝင်တဦးဖြစ်သူ နိုင်ရာဇာ သေနတ်ဖြင့် (၆) ချက် တိတိ ပစ်ခတ်ခြင်း ခဲ့ရ သော်လည်း ဒဏ်ရာရရှိခြင်း မရှိဘဲ လွတ်မြောက်ခဲ့သည်ဟု သိရသည်။
အသက်ဘေးမှ လွတ်မြောက်လာသူ နိုင်ရာဇာသည် ယခင်က မွန်ပြည်သစ်ပါတီ၏ မြို့နယ် ကော်မတီဝင် အဆင့်ဖြစ်ပြီး ၂၀၀၆ ခု ဂတ်စ်ပိုက်လိုင်း ပေါက်ကွဲမှုတရပ်တွင် သံသယရှိသူအဖြစ် အခြားရွာသား (၈) ဦးနှင့်အတူ နအဖ စစ်တပ်က (၃) လကျော် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။ ထို့နောက် စစ်တပ်မှ ဆက်လက် ခြိမ်းခြောက် မှုကြောင့် ၂၀၀၇ ခုတွင် မွန်ပြည်သစ်ပါတီသို့ ဝင်ရောက် အမှုထမ်းခဲ့သူဖြစ်သည်။
ဧပြီ (၁၈) ရက် လုပ်ကြံမှုတွင် ပါဝင်သူ (၃) ဦးအား ဖမ်းဆီးရမိထားကြောင်းကို စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ (စရဖ) တို့က မွန်ပြည်သစ်ပါတီ မော်လမြိုင်ရုံးသို့ လာရောက်အကြောင်းကြားခဲပြီး ထပ်မံလုပ်ကြံမည့် ပါတီဝင်များ၏ စာရင်းဇယားများကိုလည်း ၎င်းတို့ရရှိထားကြောင်း ပြောကြားခဲ့သည်ဟု မော်လမြိုင်ခရိုင်မှ အမည်မဖော်လိုသူ မွန်ပြည်သစ်ပါတီ အရာရှိတဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။
၎င်းက “စရဖတွေ လာပြောတုန်းက စာရင်းတွေ ရထားတယ်တဲ့။ ဒါပေမယ့် စာရင်းထဲမှာ ဘယ်သူတွေ ပါသလဲဆိုတာ ပြောမသွားဘူး။ ကျနော်တို့က တရားခံဆိုသူတွေကို တွေ့ခွင့်ပေးပါလို့ တောင်းဆိုထားပေမယ့် အခုထိ တွေ့ခွင့်မရ သေးဘူး” ဟု ပြောသည်။
လုပ်ကြံသတ်ဖြတ်မှု (၂) ခုစလုံးသည် စစ်အစိုးရနယ်မြေအတွင်းရှိ မော်လမြိုင်-ရေး အဝေးပြေးကားလမ်းမကြီး ပေါ်တွင် ဖြစ်ပြီး နိုင်ရာဇာအား သေနတ်ဖြင့်လှမ်းပစ်သည့် ကားအမျိုးအစားမှာလည်း တူညီနေကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ဖြစ်တဲ့နေရာက ကွမ်လှာနဲ့ ရောင်းဒေါင်းရွာအကြားမှာ၊ ကားကလည်း ဆာပ်ဖ် (Surf) အမျိုးအစားပဲ။ ကားက မော်လမြိုင်ဘက်ကို အတက်၊ သူက အဆင်း၊ ဆိုင်ကယ်စီးရင်းနဲ့ အပစ်ခံရတာ” ဟု ၎င်းက ရှင်းပြသည်။
ပထမအကြိမ် လုပ်ကြံသည့်အမှုဖြင့် စစ်အစိုးရအာဏာပိုင်တို့က ဖမ်းဆီးခဲ့သူများမှာ နိုင်အောင်ချမ်းနှင့်အဖွဲ့ဖြစ်ပြီး ၎င်းတို့သည် ၂၀၀၇ ခုတွင် မွန်ပြည်သစ်ပါတီမှ ခွဲထွက်လာသည့် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်အောင်နိုင်အဖွဲ့မှ ထပ်မံပဲ့ထွက်လာသူများ ဖြစ်သည်။
နိုင်အောင်ချမ်းအဖွဲ့သည် အင်အားလျော့နည်းလာသည့် မွန်ငြိမ်းချမ်းရေး ကာကွယ်ရေးတပ်ဖွဲ့ အမည်ခံ ဗိုလ်ချုပ်အောင်နိုင်တို့တပ်မှ ထပ်မံအထုတ်ခံရပြီး မော်လမြိုင်ရှိ စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ စရဖတို့၏ ပံ့ပိုးမှုဖြင့် မော်လမြိုင်မြို့တွင်း တနေရာတွင် တိတ်တဆိတ် ရုံးစိုက်ထားသည်ဟုလည်း မွန်ပြည်သစ်ပါတီမှ အဆိုပါအရာရှိက ပြောသည်။
“သူတို့ (အောင်ချမ်း) အဖွဲ့က အယောက် (၂၀) လောက်ပဲ ရှိမယ်။ ကော့ကရိတ်၊ ကျိုက်မရော ဘက်ခြမ်းမှာ လှုပ်ရှားနေတယ်။ ခက်တာက လောင်းကစားဝိုင်း ဖွင့်ပြီး ပိုက်ဆံ ရှာတာကြောင့်ရယ်၊ အခြားအခွန်ကောက်တာ တွေမှာလည်း နယ်မြေက တထပ်တည်း ဖြစ်နေတော့ ပြဿနာတော့ ရှိလာနိုင်တယ်” ဟု ၎င်းက ပြောသည်။
ဤလုပ်ကြံသတ်ဖြတ်မှုများ မဖြစ်ပွားမီ တပတ်ခန့်အလို ဧပြီ (၁၅) ရက်တွင် နိုင်အောင်ချမ်းအဖွဲ့နှင့် မွန်ပြည်သစ် ပါတီဝင်များ ကျိုက်မရောမြို့နယ်အတွင်းရှိ နွားဝှေ့ပွဲအတွင်း သေနတ်ပစ်ဖောက်ကြကာ အဓိကရုဏ်း ဖြစ်ခဲ့ကြသည်။
ပြီးခဲ့သည့် မတ်လကုန်ပိုင်းက ပါတီဝင် (၆) ယောက်ပါဝင်သော နိုင်အောင်ချမ်းတို့အဖွဲ့အား ဘုရားသုံးဆူမြို့မှ လက်နက်ခဲယမ်းများ ဝယ်ယူပြီး အပြန်တွင် ပါတီဝင်များကို စည်းရုံးသိမ်းသွင်းသည်ဟူသော စွဲချက်ဖြင့် မွန်ပြည်သစ်ပါတီက ဖမ်းဆီးခဲ့သည်။
ယခု ဒုတိယအကြိမ် လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပွားအပြီး ယင်းလုပ်ကြံမှု၏ နောက်ကွယ်တွင် မည်သူတို့ ရှိနေ သည်ဆို သည်မှာ မွန်တိုင်းရင်းသားတို့အတွက် ရတက်မအေးစရာ မီးပွားအစများဟု ပါတီ ခေါင်းဆောင်ပိုင်း တို့က သံသယရှိ နေကြကြောင်း မွန်နိုင်ငံရေးအသိုင်းအ၀န်းကြား ပြောဆိုနေကြသည်။
source by : ခေတ်ပြိုင်
(၃) ပတ်အတွင်း မွန်ပြည်သစ်ပါတီဝင် (၂) ဦးအား လုပ်ကြံမှု ဖြစ်ပွား
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment