ဝေဘာဂီအထူးကုဆေးရုံကြီးမှ လူနာများ မင်္ဂလာဒုံ ဆေးရုံသစ်ကြီးသို့ ရှေ့လအတွင်း ရွှေ့ရမည်

Monday, May 11, 2009 ·

အောင်ထက် | HIV/ AIDS ဝေဒနာရှင်များကို ကုသပေးနေသည့် မြောက်ဥက္ကလာပမြို့နယ်၊ HIV/ AIDS အထူးကုဆေးရုံကြီးအား အစိုးရမှ ပြန်သိမ်းလိုက်ပြီး ဆေးရုံတက် လူနာများအား မင်္ဂလာဒုံ အထူးကု ဆေးရုံသစ်ကြီးသို့ ဇွန်လအတွင်း ပြောင်းရွှေ့ရမည်ဖြစ်ကြောင်း ဝေဘာဂီမှ တာဝန်ကျဆရာဝန်တဦးက ပြောသည်။

မင်္ဂလာဒုံ ဆေးရုံဝင်းအတွင်း ခုတင် (၅၀) ဆံ့၊ အဆောင်သစ် (၂) ဆောင်ကို ကုမ္ပဏီတခုမှ တာဝန်ယူ ဆောက်လုပ် နေသည်မှာ မကြာမီ ပြီးစီးတော့မည်ဖြစ်ကြောင်း၊ မင်္ဂလာဒုံဆေးရုံကြီးသည် ဝေဘာဂီ ဆေးရုံကဲ့သို့ မကြီးသော်လည်း ရွှေ့ပြောင်းလူနာများ ဆံ့နိုင်ကြောင်း အဆိုပါဆရာဝန်က ပြောသည်။

ကျိုက္ကလို့-ကျိုက္ကလဲ့ဘုရား အရှေ့ဘက် အထူးကုဆေးရုံ (မင်္ဂလာဒုံ) ဖွင့်လှစ်လိုက်သည်မှာ တနှစ်ကျော်ခန့်သာ ရှိသေးပြီး မင်္ဂလာဒုံ ဆေးရုံအုပ်ကြီးမှာ ဒေါက်တာ အောင်စန်း ဖြစ်သည်။

“ဆေးရုံရွှေ့မယ်လို့တော့ အသံတွေ ထွက်နေတယ်။ တရားဝင် အော်ဒါတော့ မထွက်သေးဘူး။ ဒီကိစ္စ လူကြီးတွေ ပိုသိလိမ့်မယ်။ မေလကုန်ခါနီး ဖုန်းဆက်ကြည့်ရင် အတိအကျ သိလိမ့်မယ်” ဟုလည်း ဝေဘာဂီဆေးရုံမှ တာဝန်ကျ ဆရာမတဦးက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဝေဘာဂီဆေးရုံအုပ်ကြီး ဒေါက်တာထင်အောင်စောအား ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဖုန်းဖြေကြားခြင်းမရှိပေ။

မည်သည့်အကြောင်းကြောင့် ဝေဘာဂီဆေးရုံမှ လူနာများအား မင်္ဂလာဒုံဆေးရုံသို့ ပြောင်းရွှေ့မည်ဆိုသည်ကို သက်ဆိုင်ရာမှ ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း ပြီးခဲ့သည့်လအနည်းငယ်က ဝေဘာဂီနှင့် မင်္ဂလာဒုံ ဆေးရုံကြီးတို့ရှိ လုပ်သက်ရင့် ဆရာဝန်များ၊ သူနာပြုများကို နယ်ဆေးရုံများသို့ ရွှေ့ပြောင်းခဲ့ပြီး ဆရာဝန်အသစ်များ အစားထိုးခန့်အပ်လိုက်ကြောင်း သိရသည်။

ထိုသို့ လုပ်သက်ရင့်ဆရာဝန်များကို ပြောင်းရွှေ့လိုက်မှုနှင့်ပတ်သက်၍ အဆိုပါ ဝေဘာဂီမှ တာဝန်ကျ ဆရာဝန်က “HIV နဲ့ ပတ်သက်လို့ ကျနော်တို့ဆီမှာ အထူးကုသမားတော် (၅) ဦး (၆) ဦးထက် မပိုဘူး။ သူတို့တွေတောင် M.Med.Sc (ဆေးပညာ မဟာသိပ္ပံ) ပြီးလို့ HIV Diploma ကို ပြည်ပမှာ သွားယူထားတဲ့ အဆင့်တွေပဲ ရှိတယ်။ Master တွေ၊ P.H.D တွေ ယူထားတာတွေ မဟုတ်ဘူး။ AIDS ဝေဒနာရှင်တွေကို ကုသဖို့ဆိုတာ အတွေ့အကြုံ ရင့်ကျက်တဲ့ ဆရာဝန်တွေနဲ့သာ သင့်တော်တာ” ဟု ပြောသည်။

၎င်းက “ဝေဘာဂီ ဆေးရုံကြီးမှာ တနေ့ကို လူနာအယောက် (၃၀) လောက် နေ့စဉ် အသက်ဆုံးရှုံးနေကြတယ်။ ဆေးရုံတခုလုံးမှာဆို လူနာပေါင်း ပျမ်းမျှခြင်း (၁၅၀) လောက်ရှိတယ်၊ တနေ့တနေ့ကို (၃၀) လောက်သေလိုက်၊ နောက်ထပ် (၃၀) (၄၀) လောက်တက်လာလိုက်။ တခါတခါကျ ကုတင်တွေအစားထိုးလိုက်နဲ့ မြန်မာ တနိုင်ငံလုံးက လူနာတွေ လာတက်ကြတာပါ” ဟု ဆက်လက်ပြောသည်။

မြန်မာတနိုင်ငံလုံးမှ HIV/ AIDS ဝေဒနာရှင်များအား အဓိကကုသပေးနေသည့်ဆေးရုံနှစ်ခုမှာ ဝေဘာဂီနှင့် မင်္ဂလာဒုံ အထူးကုဆေးရုံတို့ဖြစ်သည်။

ဝေဘာဂီ အထူးကုဆေးရုံအနီး၌ ရေလယ်ဘုန်းကြီးကျောင်းရှိပြီး အဆိုပါ ဘုန်းကြီးကျောင်းတွင် အန်အယ်လ်ဒီ လူငယ်များ အကူအညီပေးနေသည့် AIDS ဝေဒနာရှင်များ စုစည်းနေထိုင်ကြသည်။

ရေလယ်ဘုန်းကြီးကျောင်းသည် သံဃာတော် ရွှေဝါရောင်တော်လှန်ရေးအပြီး ဖျက်ဆီးခံလိုက်ရသော သင်္ဃန်းကျွန်း မဂ္ဂင် ကျောင်းတိုက် အခွဲလည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် HIV/ AIDS ဝေဒနာရှင်ပေါင်း (၃) သိန်းကျော်ရှိသည်ဟု စစ်အစိုးရ ကျန်းမာရေးဌာနက ၂၀၀၄ ခုတွင် သတင်းထုတ်ပြန်ခဲ့သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */