ဒေါက်တာ တင်မျိုးဝင်း လုံခြုံရေးအတွက် အတိုက်အခံများ စိုးရိမ်နေ

Tuesday, May 12, 2009 ·

မေကျော် | ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်၏ ဆရာဝန် ဒေါက်တာ တင်မျိုးဝင်း၏ လုံခြုံရေးမှာ စိုးရိမ်နေရကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေက ပြောဆိုလိုက်သည်။

ဒေါက်တာ တင်မျိုးဝင်းသည် ယခုလ ၇ရက်နေ့က ဖမ်းဆီးခံရပြီး ယမန်နေ့က ၁၄ရက် ရမန်ဖြင့် ချုပ်နှောင်ခံနေရသည်။

“ဒေါက်တာ တင်မျိုးဝင်းရဲ့ လုံခြုံရေးကို စိုးရိမ်တယ်။ သူဘက်က ရှေ့နေနဲ့ တွေ့ခွင့်မရဘူး။ လျောက်လဲခွင့် မပေးဘူး။ ဒီလို ဒေါက်တာ တင်မျိုးဝင်းကို မတရားဖမ်းတယ်။ မတရား ချုပ်နှောင်တယ်။” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) နိုင်ငံခြားရေး တာဝန်ခံ ဦးညိုအုန်းမြင့်က ပြောသည်။

ယခုလ ၅ ရက်နေ့က ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ဝင်းအတွင်း ရေကူးဝင်ရောက်ခဲ့သူ အမေရိကန် နိုင်ငံသားနှင့် ဆက်စပ်ပြီး အပြစ်ပေးရန် စစ်အစိုးရက ကြံစည်နေသည် ဟုလည်း ပြောဆိုလိုက်သည်။

ဒေါက်တာ တင်မျိုးဝင်း ဖမ်းဆီးခံထားရမှုကို ပြည်ပရောက် ဒီမိုကရေစီ အင်အားစုများက ယခုလ ၁၅ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ မိသားစု ဆရာဝန် ဖြစ်သူ လက်ရှိ ဖမ်းဆီးခံထားရသည့် ဒေါက်တာ တင်မျိုးဝင်း၏ လုံခြုံရေးနှင့် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေများကို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခြင်း ဖြစ်သည်။

သတင်းစာ ရှင်းလင်းပွဲကို NCGUB, NCUB, ENC, SYCB, NY Forum, FDB, NLD-LA တို့ ပူးပေါင်းပြုလုပ်မည် ဖြစ်သည်။

ထိန်းသိမ်းခံရချိန် မှစ၍ မိသားစုနှင့် တွေ့ခွင့်မရသည့် အပြင် စစ်အစိုးရ အာဏာပိုင်များက ထိန်းသိမ်းရသည့် အကြောင်းရင်းကိုလည်း အကြောင်းကြားခြင်းမရှိဟု ဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ Medical Record က သူတယောက်တည်းပဲ သိတယ်။ ဒေါ်အောင်ဆန်းစုကြည်က အခု သွေးပေါင်ကျတယ်။ အစာစားလို့ မရဘူး။ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကို အဓိက တာဝန်ယူထားတဲ့ ဆရာ တင်မျိုးဝင်းကို ဖမ်းလိုက်တယ်” ဟု ဦးညိုအုန်းမြင့်က ပြောကြားသည်။

source by : မဇ္ဈိမ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */