ဖနိဒါ | ချင်းမိုင် (မဇ္ဈိမ)။ ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ထိပ်တိုက် တွေ့လိုကြောင်း ခန္တီးထောင်တွင် ဆန္ဒပြခဲ့သူ ရွှေဝါရောင်ခေါင်းဆောင် အရှင်ဂမ္ဘီရအား ကလေးမြို့ထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။
စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ထိပ်တိုက်တွေ့လိုကြောင်း ခန္တီးထောင်ထဲတွင် မကြာသေးခင်က အော်ဟစ်ဆန္ဒပြခဲ့သူ ရွှေဝါရောင် ခေါင်းဆောင်အား စစ်ကိုင်းတိုင်း ခန္တီးထောင်မှ ကလေးမြို့ထောင်သို့ ပြောင်းရွှေ့ခြင်း ဖြစ်သည်။
“မနေ့က အမေဖုန်းဆက်တယ်။ အသိတွေကနေ သိရတယ်။ ကလေးကို ရောက်သွားပြီလို့တော့ ပြောတယ်။ ဘယ်နေ့က ပြောင်းလိုက်တယ် မသိသေးဘူး။ ကျန်းမာရေး သိပ်မကောင်းလို့ ပြောင်းလိုက်တယ်လို့ ကြားတယ်” ဟု အမဖြစ်သူ မခင်သူဋ္ဌေးက မဇ္ဈိမကို ပြောသည်။
ဆရာတော်သည် ၂ဝဝ၇ ခုနှစ် ရွှေဝါရောင် သံဃလှုပ်ရှားမှုကြီးတွင် ဦးဆောင်ခဲ့သဖြင့် စစ်အာဏာပိုင်များ၏ အင်းစိန်ထောင်တွင်း ကြည့်မြင်တိုင် တရားရုံးက ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် သာသနာ ညှိုးနွမ်းစေသည့် ပြစ်မှုနှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို နှောင့်ယှက်မှု အပါအဝင် အမှုတွဲ ၃ မှုဖြင့် ထောင်ဒဏ် ၁၂ နှစ် စတင်ချမှတ်ခဲ့သည်။
၂၁ ရက်နေ့တွင် ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်က စွဲဆိုထားသည့် မှုခင်းပုဒ်မ ၉ ခု၊ အလုံမြို့နယ်က စွဲဆိုထားသော ပုဒ်မ ၄ ခုတို့ဖြင့် ထပ်တိုးထောင်ဒဏ် ၅၆ နှစ်ဖြင့် စုစုပေါင်း ၆၈ နှစ် ချမှတ်ခံရသည်။
သူ့ကို အာဏာပိုင်များက လိုက်လံဖမ်းဆီးသဖြင့် တိမ်းရှောင်ပုန်းအောင်းနေစဉ် ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် မန္တလေးတိုင်း စဥ့်ကိုင်မြို့၌ အဖမ်းခံခဲ့ရသည်။
အသက် ၂၉ နှစ်အရွယ်၌ ဓမ္မာစရိယတန်း စာဝါလိုက်နေရင်း နိုင်ငံရေးတွင် စိတ်ပါဝင်စားခဲ့သည့် ဆရာတော်သည် ၂ဝဝ၇ ခုနှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့သည့် ရွှေဝါရောင် တော်လှန်ရေးဟု အမည်တွင်ခဲ့သော သံဃာ-လူထု လှုပ်ရှားမှုကြီးတွင် ဦးဆောင်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃတပ်ပေါင်းစုအဖွဲ့ကြီး၏ ဦးဆောင် ဆရာတော်တပါး ဖြစ်ခဲ့သည်။
သူသည် အင်းစိန်ထောင်တွင် အကျဉ်းကျခံရစဉ် ဦးနှောက်နှင့် အာရုံကြော အခြေအနေ ဆိုးရွားသည့် အဖြစ်လည်း ကြုံတွေ့ခဲ့ရသေးသည်။
ဆရာတော်၏ အကိုဖြစ်ပြီး၊ ယခုအခါ ရှမ်းပြည်နယ် တောင်ကြီးထောင်တွင် နိုင်ငံရေးမှုဖြင့် ထောင်ဒဏ် ၁၄ နှစ် ကျခံနေရသည့် ကိုအောင်ကျော်ကျော်ထံ မိခင်ဒေါ်ရေးက ထောင်ဝင်စာတွေ့ရန် စီစဉ်ထားသော်လည်း အရှင် ဂန္ဘီရ နာမကျန်း ဖြစ်နေသဖြင့် ယခုတပတ်အတွင်း ကလေးထောင်သို့ သွားရောက်တွေ့ဆုံရန် စီစဉ်နေသည်။
“အမေက တပတ်အတွင်း လိုက်သွားမယ်ပြောတယ်။ အကြော်အလှော်တွေ လုပ်သွားမယ် ပြောတယ်လေ။ ခန္တီးမှာက အေးတယ်ဆိုတော့၊ ငယ်ငယ်တုန်းက ရင်ကျပ်ရှိတယ်။ မနည်း ကုထားရတယ်။ အခု အဲဒီရောဂါ ပြန်ပေါ်လာသလား မသိဘူး။ ဦးဇင်းဆီ အရင်သွားတယ်တဲ့” ဟု မခင်သူဋ္ဌေးက ပြောသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူထောင်ရှိ မောင်ဖြစ်သူ ကိုအောင်ကိုကိုလွင်နှင့် မွန်ပြည်နယ် မော်လမြိုင်ထောင်ရှိ ခင်ပွန်းသည် ကိုမိုးထက်လျှံ တို့သည် ကျန်းမာရေး ကောင်းမွန်နေကြောင်း သူက ဆက်ပြောသည်။
source by : မဇ္ဈိမ
ဗိုလ်ချုပ်မှူးကြီးကို ထိပ်တိုက်တွေ့လိုသူ ထောင်ပြောင်းခံရ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment