တရားရုံး ကြားနာရန်လာသည့် သံတမန်များ ပိတ်ပင်ခံရ

Monday, May 18, 2009 ·

ကိုစိုး | ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အား ၎င်း၏အိမ်သို့ ရေကူး ၀င်ရောက်သူ အမေရိကန် နိုင်ငံသားနှင့် ပတ်သက်ပြီး ယနေ့ ရုံးတင်စစ်ဆေးရာ အင်းစိန် အကျဉ်းထောင်သို့ နိုင်ငံခြားသံရုံး ၄ ခု မှ သံတမန်များ လာရောက်ကြသည်ကို လုံခြုံရေး အာဏာပိုင်များက တားဆီးပိတ်ပင်ကြောင်း သိရသည်။

ဥရောပ နိုင်ငံများဖြစ်သည့် ယူကေ၊ ပြင်သစ်၊ ဂျာမနီ နှင့် အီတလီ နိုင်ငံများမှ သံတမန်များက ဒေါ်အောင်ဆန်း စုကြည် တရားရင်ဆိုင်ရာ အင်းစိန်ထောင်သို့လာရာ လုံခြုံရေးများက လမ်းများကို သံဆူးကြိုးများဖြင့် ပိတ်ဆို့ ထားပြီး ၎င်းတို့အား တားဆီးသောကြောင့် ပြန်ခဲ့ကြရကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

“ဥရောပ သံတမန်တွေ ဒီမနက် အင်းစိန်ထောင်ကို သွားတာ၊ ၀င်ခွင့်မပေးလို့ သူတို့ လှည့်ပြန်သွားရတယ်”ဟု ရန်ကုန်အခြေစိုက် အမည်မဖော်လိုသူ သံတမန် တဦး က AFP သို့ ပြောပြသည်။

“တကယ် ဥပဒေကို လေးစားတဲ့ အစိုးရဆိုရင် အများပြည်သူကို ကြားနာခွင့် ပေးတဲ့ တရားစီရင်မှုမျိုး လုပ်ရမယ်” ဟုလည်း ၎င်းက ဆက်ပြောသည်။

လတ်တလော အတည်မပြုနိုင်သေးသော သတင်းများအရ သြစတေးလျ သံတမန်တဦးသည်လည်း အင်းစိန် ထောင်အနီးမှ လှည့်ပြန်သွားခဲ့ရကြောင်း မျက်မြင်များရှိသည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲသည့် မေလ ၁၄ ရက်နေ့ကလည်း အင်းစိန်ထောင်သို့ အမေရိကန်သံရုံးနှင့် အင်္ဂလန် သံရုံးများ မှ သံတမန်များ လာရောက်သည်ကို တွေ့ရှိရကြောင်း မျက်မြင်များက ပြောသည်။

၎င်း၏ နေအိမ်သို့ ယခုလဆန်းက တိတ်တဆိတ် ၀င်ရောက်လာသော အမေရိန်ကန်လူမျိုး ဂျွန် ၀ီလျံ ယက်ထော ဆိုသူအမှုနှင့်ပတ်သက်ပြီး အာဏာပိုင်များက ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ ဒေါ်အောင်ဆန်း စုကြည်အား အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်၍ ပုဒ်မ ၂၂ ဖြင့် တရား စွဲဆို လိုက်ပြီး ယနေ့တွင် အမှုရင်ဆိုင်ရန် ရက်ချိန်းပေးလိုက်ခြင်းဖြစ်သည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */