အခွန်တော်အရ အောင်ဘာလေထီ အက္ခရာ အတိုးအလျှော့လုပ်

Friday, May 01, 2009 ·

NEJ | အောင်ဘာလေထီ အက္ခရာနံပါတ်များ ထပ်မံတိုးမြင့်ကြောင်း အောင်ဘာလေ ထီလုပ်ငန်းဌာနမှ ညွှန်ကြားရေးမှူး ဦးတင်နိုင်ရွှေ က ယနေ့ ပြုလုပ်သော (၂၄၄) ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲတွင် ပြောသည်။

(၂၄၄) ကြိမ်မြောက်တွင် အက္ခရာ (၂၂) လုံး ပါဝင်ရာမှ ယနေ့ မေလ (၁) ရက်နေ့ စတင်ရောင်းချသည့် (၂၄၅) ကြိမ်မြောက်တွင် အက္ခရာ (၂၄) လုံး ရောင်းချမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ပြီးခဲ့သည့် (၂၄၂) ကြိမ်မြောက်တွင် အက္ခရာ (၂၆) လုံးထုတ်ခဲ့ရာမှ အစိုးရက လျှော့ချခဲ့ကာ ယခုတဖန် ပြန်လည် တိုးမြှင့် ထုတ်ဝေခြင်း ဖြစ်သည်။

“တိုးလိုက်၊ လျှော့လိုက် လုပ်ချင်တာ လုပ်နေတာပဲ။ အက္ခရာက (၂၂) လုံးလောက်နဲ့ ရောင်းရတာ အဆင်ပြေနေ တာကို၊ တိုးလိုက်ပြန်ပြီ။ သူတို့ကတော့ အက္ခရာတိုးရင် ၀င်ငွေတိုးတယ်လေ” ဟု ထီလုပ်ငန်းရှင်တဦးက ပြောသည်။

ထီကိုယ်စားလှယ်တဦးက “ကျနော်တို့က အက္ခရာကို လျှော့ချတာကြိုက်တယ်။ ဒါပေမယ့် အစိုးရကတော့ သူတို့ အခွန်လျော့ကျမှာ စိုးရိမ်နေတယ်။ ကျနော်တို့ ကိုယ်စားလှယ်တွေကို ရောင်းပြီးတာနဲ့ သူ့အတွက် အခွန် ဘယ်လောက် ရမယ်ဆိုတာ သိပြီးသား။ ထီရောင်းမကုန်ရင်၊ လက်ကျန်များရင် အရှုံးပေါ်တာ” ဟု ပြောသည်။

အောင်ဘာလေ သိန်းဆုဌာနမှ အမည်မဖော်လိုသူ အရာရှိတဦးကမူ အစိုးရအနေဖြင့် လောလောဆယ် ထီအက္ခရာတခု လျှော့ထုတ်တိုင်း ကျပ် (၆၅) သန်းကျော် အခွန်ငွေ လျော့ကျသည်ဟု ပြောသည်။

“အဲဒီလို ငွေတွေလျော့လို့  အခုလို ပြန်ပြီးတော့ အက္ခရာ တိုးတာပေါ့ဗျာ” ဟု ထီလုပ်ငန်းရှင်ကြီးတဦးက ပြောသည်။

ကျပ် (၂ဝဝ) တန် ထီလက်မှတ် စတင်ထုတ်ဝေသည့် (၂၄ဝ) ကြိမ်မြောက်အောင်ဘာလေထီဖွင့်ပွဲမှစ၍ အကြိမ်တိုင်း ထီအက္ခရာများကို လျှော့ချခဲ့ရာမှ ယခုမေလ (၁) ရက်တွင် ပြန်လည်တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။

“အက္ခရာတွေကို ထပ်ပြီးတော့ တိုးဖို့ရှိတယ်လို့ ပြောတယ်ဗျ။ အခွန်တော် လျော့ကျလာတာကိုး” ဟု ထီလုပ်ငန်းရှင် တဦးက ပြောသည်။

ထီလက်မှတ်များကို တစောင်လျှင် (၂ဝဝ) ကျပ်ဖြင့် ရောင်းချပြီး (၂၄) စောင်ပါ ထီတအုပ်ကို (၄,၀၀၀) ကျပ်ဖြင့် ထီဈေးကွက်အတွင်း ရောင်းချနေကြသည်။

အောင်ဘာလေထီကို လစဉ် လဆန်း (၁) ရက်နေ့တွင် ဖွင့်လှစ်ပေးလျက်ရှိသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */