NEJ | ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်သည့်ယနေ့တွင် အစောင့်ချထားသော ရဲများ အင်းစိန် လမ်းမ တလျှောက် ပြည့်နေပြီး အင်းစိန်ကားလမ်းမပေါ်တွင် ပြေးဆွဲနေသော ခရီးသည်တင်ယာဉ်လိုင်းအချို့ကို စီးလာသည့် ခရီးသည် များ လိုရာခရီးကို မသွားနိုင်ဘဲ အခက်တွေ့ရကြောင်း ရန်ကုန် အင်းစိန်မြို့နယ်ရှိ ဒေသခံတဦးက ပြောသည်။
“ဒီနေ့မနက်က (၉) လမ်းမှာ သွားနေတဲ့ လူတွေကိုလည်း လိုက်ပြီးတော့ တယောက်ချင်း စိစစ်နေတာတွေ့တယ်။ တချို့ဆိုရင် ဘယ်လမ်းကနေ သွားလို့ သွားရမှန်း မသိကြဘူး” ဟု မျက်မြင်များက ပြောသည်။
အင်းစိန်ထောင်သို့ ဒေါ်အောင်ဆန်းစုကြည်အား သွားရောက်တွေ့ဆုံ တွေ့မြင်လိုသော ပြည်သူများသည် အစုလိုက်စီ ရောက်လာကြကြောင်း၊ အာဏာရှင်များ၏ ဖမ်းဆီးခြင်း ခံရမည်ကို စိုးရိမ်ကြသော်လည်း
သွားရောက် လိုသောစိတ် ရှိနေသည့်အတွက် ကြောက်လန့်သည့် ကြားကပင် လာရောက်ခြင်းဖြစ်ကြောင်း တောင်ဥက္ကလာပ မြို့နယ်သားတဦးက ခေတ်ပြိုင်သို့ ပြောသည်။
“ကျနော့်ကို လူတယောက်က လမ်းညွှန်တယ်ခင်ဗျ။ ခင်ဗျားသိရင် အံသြသွားမယ်။ ကျနော့်ကို လမ်းညွှန်တဲ့ သူဟာ ရဲသားတဦးပဲ။ သူက လာပြီးတော့ စောင့်ပေးတာလို့ သိရတယ်။ ကျနော်ကပြောတယ်။ ကျနော် အင်းစိန် ဟိုနေရာ ဘက်ကို သွားချင်တယ်လို့ပြောတော့ သူက လမ်းညွှန်တာ” ဟု အင်းစိန်ထောင်ဘူးဝဘက်နှင့် အနီးဆုံး နေရာသို့ ရောက်ရှိရန် ရဲတဦးက ညွှန်ခဲ့သည်ကို ၎င်းက ပြောပြသည်။
၎င်းသွားခဲ့သောလမ်းမှာ ပေါက်တောဝ မှတ်တိုင်ကျော်တွင်ရှိသော ဆရာတော်ကြီးမှတ်တိုင်က တဆင့် ဖြစ်ကြောင်း၊ သို့သော် သူ့အနေဖြင့် အဆိုပါနေရာကို မရောက်ခဲ့ဘဲ အခြေအနေကို မယုံသည့်အတွက် ပြန်ထွက်လာခဲ့ကြောင်း ပြောသည်။
ဖော့ကန်၊ အောင်ဆန်းနှင့် အင်းစိန်ခုံးတံတားမှစ၍ ထောင်အနီးထိပိတ်ထားပြီး လိုင်းကားများ၊ ဆိုက္ကားများ သွား၍ မရကြောင်း သိရသည်။
“အရေးမပါတာဗျာ။ ကျနော်တို့က တနေ့ရှာမှ တနေ့စားရတာဗျ။ အခု ဆိုက္ကားနင်းမယ့်နေရာ မရှိတော့ဘူး။ ပြီးခဲ့တဲ့ ညကပဲ ဖြစ်နေတာ။ ညပိုင်းနင်းတာလည်း ရပ်ထားလိုက်ရတယ်။ ညလည်း မနင်းရ၊ နေ့လည်း မနင်းရ ဆိုရင်တော့ ငတ်မယ်” ဟု အင်းစိန်ထောင်ရှေ့လမ်းအပေါ်တွင် ဆိုက္ကားနင်း၍ စားဝတ်နေရေးဖြေရှင်းနေရသော ကိုမြင့်နိုင်က ပြောသည်။
သံဆူးကြိုးများကို လမ်းမများတွင်ချ၍ ပိတ်ထားကာ ဖော့ကန် အောင်ဆန်းဘက်မှ ထောင်ထိလည်းကောင်း၊ အင်းစိန်ခုံးတံတားမှ ထောင်ထိလည်းကောင်း ပိတ်ထားခြင်းဖြစ်သည်။
ထို့အပြင် လမ်းကြိုလမ်းကြားများကိုလည်း ပိတ်ထားပြီး အရပ်ဝတ်ရဲများနှင့် စွမ်းအားရှင်များလည်းရှိနေကြောင်း သိရသည်။
source by : ခေတ်ပြိုင်
အင်းစိန်လမ်းမတွင် ရဲများအပြည့်ချထား ခရီးသွားများ အခက်တွေ့
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment