မေကျော် | ချင်းမိုင်(မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အတွက်ယမန်နေ့က ဆေးကုသခွင့် ရရှိခဲ့ရာ ကြွက်တက်တတ်သည့် ရောဂါ၏ အကြောင်းရင်းခံကို ဆက်လက်ရှာဖွေစစ်ဆေးနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောကြားသည်။
“လောလောဆယ်တော့ ကြွက်တက်တာနဲ့ပတ်သက်ပြီး Cause (အကြောင်းရင်းခံ) မသိသေးဘူး။ တိုးတက်မှုတော့ ရှိပါတယ်လို့ဆရာဝန်ကပြောပါတယ်။” ဟု ဦးဥာဏ်ဝင်းက မဇ္ဈိမကိုပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းကို စစ်အစိုးရက ဖမ်းဆီးခဲ့ပြီးနောက် ဒေါက်တာပြုံးမိုအိ သည် ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို ၄နာရီကြာဆေးကုသခွင့် ရရှိခဲ့သည်။
နေအိမ်အကျယ်ချုပ်ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်အတွက် ဆေးကုသခွင့် လိုအပ်ပါက အာဏာပိုင်များကို အကြောင်းကြားရသည်။
“ အခုကတော့ ပုံမှန်တွေ့ဆုံခွင့်တော့ မဟုတ်ပါဘူး။ လိုအပ်ရင် လိုအပ်သလို တွေ့ခွင့်ပေးပါတယ်။ ဒေါ်စုက လိုအပ်တယ်ဆိုရင် သက်ဆိုင်ရာလုံခြုံရေးကို အကြောင်းကြားပြီး တွေ့လို့ရပါတယ်။” ဟုဦးဥာဏ်ဝင်းက ပြောကြားသည်။
ယမန်နေ့ နေ့လည် ၁နာရီ ၁၅မိနစ်မှ ညနေ ၅နာရီကျော်ခန့်ထိ ကျန်းမာရေးဆေးကုသခွင့် ရရှိခဲ့သည်။
source by : မဇ္ဈိမ
ဒေါ်အောင်ဆန်းစုကြည် ကြွက်တက်ဝေဒနာ ခံစားနေရ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |
0 comments:
Post a Comment