NEJ | မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး (၁) နှစ်ပြည့်ပြီးသော်လည်း မုန်တိုင်းဒဏ်ခံရသူများအတွက် အကူအညီများ လိုအပ်နေဆဲဖြစ်ကြောင်း ကမ္ဘာ့အကူအညီပေးရေးအဖွဲ့များက ပြောသည်။
လေဘေးဒုက္ခသည် (၅) သိန်းခန့်အတွက် နေစရာအိမ်များ အမြန်ဆုံးလိုအပ်နေကြောင်း လူသားချင်းစာနာ ထောက်ထားမှု အကူအညီများပေးနေသည့် Inter-Agency Standing Committee( IASC) အဖွဲ့ကြီးက ပြောကြားသည်။
မြန်မာနိုင်ငံမှ နာဂစ်မုန်တိုင်းဒဏ်ခံရသူများအတွက် ၂၀၀၉ မှ ၂၀၁၀ ခုနှစ်အတွင်း ဦးစားပေး လုပ်ဆောင် စရာများ ကျန်နေသေးသည်ဟုလည်း ယင်းအဖွဲ့က တင်ပြထားသည်။
အဆိုပါ လုပ်ငန်းများမှာ မုန်တိုင်းသင့်ဒေသများ၌ အိုးအိမ်ဆောက်လုပ်ရေး၊ လာမည့်နှစ် ဧပြီအမီ နောက်ထပ် စာသင်ကျောင်း (၆၀၀) ဆောက်လုပ်ရေး၊ စာနပ်ရိက္ခာထောက်ပံရေး၊ အိုးအိမ်ပစ္စည်းဆုံးရှုံးကာ ကြွေးတင် နေသည့် အိမ်ထောင်စုများအား ငွေကြေးထောက်ပံ့ရေး၊ မွေးမြူရေးနှင့် အခြား အသက် မွေးဝမ်းကျောင်း လုပ်ငန်းများ မတည်ပေးရေး အပါအ၀င် ကျန်းမာရေးနှင့် လူမှုဘ၀ ဖူလုံရေး လုပ်ငန်းများကို တိုးမြှင့် လုပ်ဆောင်ရေးတို့ ဖြစ်သည်။
ကုလသမဂ္ဂက နာဂစ်ဘေးသင့်သူများအား ကူညီနိုင်ရေးအတွက် နိုင်ငံတကာသို့ တောင်းခံထားသည့် လိုအပ်ငွေမှာ အမေရိကန် ဒေါ်လာ (၄၇၇) သန်းဖြစ်ပြီး ယင်းငွေ၏ (၆၆) ရာခိုင်နှုန်းဖြစ်သည့် ဒေါ်လာ (၃၁၅) သန်းရရှိခဲ့သည်။ နောက်လာမည့် (၃) နှစ်အတွက် အမေရိကန်ဒေါ်လာ (၆၉၁) သန်း တောင်းခံထားသည်ဟု (OCHAFTS) တွင် ဖော်ပြသည်။
ကူညီထောက်ပံ့ငွေများအနက် စားနပ်ရိက္ခာအတွက် အများဆုံးအသုံးချခဲ့ပြီး ပညာရေးအသုံးစရိတ်မှာ ဒုတိယအများဆုံးဖြစ်ကာ ကျန်းမာရေးအသုံးစရိတ်မှာ တတိယအများဆုံးဖြစ်သည်။
၂၀၀၈ ခု မေ (၁-၂) ရက်တို့တွင် တိုက်သည့်နာဂစ်မုန်တိုင်းကြောင့် လူပေါင်း (၂) သန်း (၄) သိန်းခန့် မုန်တိုင်းဒဏ် ခံခဲ့ကြရပြီး သေဆုံးသူပေါင်း (၁) သိန်း (၄) သောင်းခန့်ရှိကာ စာသင်ကျောင်းပေါင်း (၄) ထောင်ခန့် ဆုံးရှုံးပျက်စီး ခဲ့ကြောင်း၊ လူပေါင်း (၁) သန်းကျော်အတွက် စားနပ်ရိက္ခာများ ထောက်ပံပေးခဲ့ကာ၊ ကလေး (၅) သိန်းကျော် အတွက် ပညာရေးထောက်ပံ့မှုများပေးနိုင်ခဲ့ပြီး ကျောင်းပေါင်း (၁,၄၀၀) ပြင်ဆင်ပေးနိုင်ခဲ့ကြောင်း ကယ်ဆယ်ရေး ၀က်ဆိုဒ် များတွင် ဖော်ပြထားသည်။
source by : ခေတ်ပြိုင်
နာဂစ်လေဘေးဒုက္ခသည် (၅) သိန်းအတွက် နေအိမ်များလိုအပ်ဆဲ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment