အဖမ်းအဆီးကြောင့် အလုပ်သမားနေ့ တက်ရောက်သူနည်း

Friday, May 01, 2009 ·

NEJ | ဒေသတွင်း၌ အဖမ်းအဆီးများကြောင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယနေ့ ကျင်းပသည့် (၁၁၉) ကြိမ်မြောက် နိုင်ငံတကာ အလုပ်သမားနေ့ (မေဒေး) အခမ်းအနားများသို့ တက်ရောက်သည့် မြန်မာ အလုပ်သမားများ နည်းပါးသွားသည်။

မြန်မာနိုင်ငံ အလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ (BLSO) တာဝန်ခံဦးသံဒုတ်က “မေဒေးနေ့မတိုင်ခင် ရက်ပိုင်းတွေက မဲဆောက်မှာ အဖမ်းအဆီးတွေ ရှိတယ်။ လုံခြုံရေးအခြေအနေကြောင့် ဒီနှစ် အလုပ်သမားနေ့ကို အလုပ်သမားတွေတက်တာ နည်းသွားတယ်။ ကျနော်တို့အနေနဲ့ ဒီလိုရက်မျိုးမှာတော့ အလုပ်သမားတွေကို ဖမ်းတားဆီးတာတွေ မလုပ်စေချင်ဘူး” ဟု ပြောသည်။

အလုပ်သမ မဖြူဖြူဝင်းက “အလုပ်သမားနေ့ အခမ်းအနားကိုတက်ဖို့ စက်ရုံကအလာ မဲဆောက်ဈေး အနောက်ဘက် အရောက်မှာ ကျမသူငယ်ချင်း နှစ်ယောက်ကို ရဲဖမ်းသွားတယ်။ အဲဒီသတင်းကြားတော့ ကျန်တဲ့ လူတွေလည်း ထွက်မလာရဲကြတော့ဘူး” ဟု ပြောသည်။

ယနေ့ကျရောက်သည့် နိုင်ငံတကာအလုပ်သမားနေ့ အခမ်းအနားများကို မြန်မာနိုင်ငံ အလုပ်သမားသွေးစည်း ညီညွတ်ရေးအဖွဲ့၊ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့နှင့် အခြားမြန်မာအလုပ်သမားအဖွဲ့များ စုပေါင်းကာ မဲဆောက်မြို့တွင် နေရာ သုံးနေရာခွဲ၍ ကျင်းပခဲ့သည်။

ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့ အလုပ်သမားဝန်ကြီး ဦးခွန်မြင့်ထွန်းက “အလုပ်သမား မှတ်ပုံတင်တာ၊ မတင်တာထား ဒီနေ့ကိုတော့ ထိုင်းအာဏာပိုင်တွေအနေနဲ့ စာနာနားလည်မှု ပေးသင့်တယ်။ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ ဒီသုံးခု ဟန်ချက်ညီ ပေါင်းစပ်မှုဟာ တိုင်းပြည်တခုရဲ့တိုးတက်မှု၊ ဆုတ်ယုတ်မှု အပေါ် အကျိုးသက်ရောက်မှုရှိတယ်” ဟု ပြောသည်။

မဲဆောက်ဒေသအတွင်း ဖမ်းဆီးမှုများနှင့်ပတ်သက်၍ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီအဖွဲ့မှ တာဝန်ခံ ဦးမိုးကြိုးက “ဒီမေဒေးနေ့ မတိုင်ခင် တပတ်လောက်ကတည်းက နေ့စဉ်လူ (၃၀၀) လောက် အဖမ်းခံ ရတယ်။ ဒီနေ့လည်း အဖမ်းအဆီးတွေရှိတော့ တနှစ် တကြိမ်ကျင်းပတဲ့ မေဒေးနေ့အခမ်းအနားကို မြန်မာ အလုပ်သမားတွေ အရင်နှစ်လောက် မလာနိုင်ကြတာဖြစ်တယ်” ဟု ပြောသည်။

ယနေ့ကျင်းပကြသည့် နိုင်ငံတကာအလုပ်သမားများနေ့အခမ်းများတွင် အလုပ်သမားရေးရာ ဟောပြောပွဲများ၊ ပျော်ပွဲရွင်ပွဲများ၊ ကျပန်းစကားပြောပွဲများ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ၊ သီဆိုကပြဖျော်ဖြေမှုများ ကျင်းပခဲ့ရာ ရာနဲ့ချီသည့် မြန်မာအလုပ်သမားများ ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြသည်။

နိုင်ငံတကာအလုပ်သမားနေ့အထိမ်းအမှတ်အဖြစ် အခမ်းအနားတက်ရောက်လာကြသည့် မြန်မာအလုပ်သမား (၂၀၀) ခန့်က မယ်တော် ဆေးခန်းနှင့် မဲဆောက် ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။

ထိုင်းနိုင်ငံတာ့ခ်ခရိုင်အတွင်း တရားဝင်စက်ရုံအလုပ်ရုံ (၄၀၀) ခန့်ရှိပြီး မြန်မာအလုပ်သမား (၃) သိန်းခန့် အလုပ်လုပ်ကိုင်လျက်ရှိကာ မဲဆောက်ဒေသအတွင်း တရားဝင်စက်ရုံအလုပ်ရုံပေါင်း (၂၀၀) ကျော်ခန့်တွင် မြန်မာအလုပ်သမား (၁) သိန်းခန့် အလုပ်လုပ်ကိုင်လျက် ရှိသည်ဟု မြန်မာ အလုပ်သမား အရေးဆောင်ရွက် နေသည့် မြန်မာပြည်သားများအရေး ပူးပွဲလှုပ်ရှားမှု ကော်မတီအဖွဲ့၏ စစ်တမ်းတွင် ဖော်ပြထားသည်။

ထိုင်းတနိုင်ငံလုံးတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများမှာ (၂) သန်းခွဲခန့်ရှိသည်ဟု မြန်မာ အလုပ်သမား အရေး ဆောင်ရွက်နေသည့် အစိုးရမဟုတ်သည့် အဖွဲ့များ၏ မှတ်တမ်းများတွင်လည်း ဖော်ပြ ထားသည်။

ကမ္ဘာ့အလုပ်သမား လှုပ်ရှားမှုသမိုင်းတွင် အလုပ်ချိန် (၈) နာရီသတ်မှတ်ပေးရေးအတွက် သွေးမြေကျ တိုက်ပွဲ ၀င်ခဲ့ ကြသည့် အလုပ်သမားတို့၏ အထင်ရှားဆုံးနှင့် သမိုင်းဝင်နေ့ထူးနေ့မြတ်တခုဖြစ်သည့် မေဒေးနေ့သည် ယနေ့ဆိုလျှင် (၁၁၉) ကြိမ်မြောက် ဖြစ်သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */