အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တည်ထောင်သည့် နှစ် ၂၀ပြည့် အခမ်းအနားသို့ တက်ရောက် နေသော၊ ထောင်မှ မကြာမီက ပြန်လည် လွတ်မြောက်လာသူ သတင်းစာဆရာကြီး ဦးဝင်းတင် (ဝဲ)နှင့် စမ်းချောင်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဆွေ (ယာ) တို့ကို စက်တင်ဘာ ၂၇ရက်နေ့က NLD ရုံးချုပ်တွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP) |
အာအက်ဖ်အေ | အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တိုင်းနဲ့ပြည်နယ်အသီးသီးက ကိုယ်စားလှယ်တွေ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်တဲ့ ၂ ရက်ကြာ အစည်းအဝေးဟာ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ ဧပြီ ၂၉ရက် ဒီကနေ့ ကျင်းပပြီးစီးသွားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တိုင်းနဲ့ပြည်နယ် စုံညီ အစည်းအဝေးနဲ့ ပတ်သက်ပြီး ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်က ဒီညီလာခံကနေ အဓိက ညီညွတ်ရေးနဲ့ စစ်အစိုးရနဲ့ ပြေလည်ရေး လမ်းကြောင်း ချမှတ် နိုင်ခဲ့တယ်လို့ ပြောပါတယ်။
ဦးဝင်းတင် နဲ့ RFA မှ ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။
နားထောင်ရန်ဒီကနေ့ ဒုတိယနေ့ အစည်းအဝေး အခြေအနေတွေ နဲ့ ပါတီ ဆက်လက်လုပ်ဆောင်မဲ့ အခြေအနေတွေကို ဗဟိုအလုပ် အမှုဆောင် ကော်မတီ တဦး ဖြစ်တဲ့ ဦးခင်မောင်ဆွေကို RFA မှ ကိုဇော်မိုးကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။
နားထောင်ရန်
0 comments:
Post a Comment