NLD ပါတီဝင်များ ခရီးသွားခြင်းကို အာဏာပိုင်များက နှောင့်ယှက်နေ

Friday, April 24, 2009 ·

RFA | လာမဲ့ ဧပြီလ ၂၈ရက်နဲ့ ၂၉ရက်နေ့ ပါတီရုံးချုပ်မှာ ပြုလုပ်မဲ့ NLD ပါတီ ပြည်နယ်နဲ့ တိုင်း မြို့နယ်ပေါင်းစုံ ဆွေးနွေးပွဲအတွက် နယ်လှည့် ဖိတ်ကြားနေတဲ့ ပါတီဝင်တွေကို ဒေသဆိုင်ရာ အာဏာပိုင်တွေက တားဆီး နှောင့်ယှက်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တည်ထောင်သည့် နှစ် ၂၀ပြည့် အခမ်းအနားကို ရန်ကုန်မြို့ရှိ ပါတီ ဌာနချုပ်တွင် စက်တင်ဘာ ၂၇ရက်နေ့က ကျင်းပနေပုံ ဖြစ်ပါသည်။ (Photo: AFP)
ပြီးခဲ့တဲ့ ဧပြီလ ၂၁ရက်နေ့က အိမ်မဲမြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးမောင်မောင်ကြီး မြောင်းမြမြို့နယ် စကားများ ရွာကို သွားပြီး အစည်းအဝေးအတွက် ဖိတ်ကြားတာကို မြောင်းမြမြို့နယ် NLDအတွင်းရေးမှူးက ဧည့်စာရင်းတိုင် ထားပေးခဲ့ပါတယ်။ ဒါပေမဲ့ ည ၁၀နာရီလောက်မှာ အာဏာပိုင်တွေက သူ့ကို ရွာမှာ တရက်တည်း နေခွင့်ပြု နိုင်မယ် ဖြစ်ကြောင်း ပြောတယ်လို့ သိရပါတယ်။ ဦးမောင်မောင်ကြီးက ခုလို ပြောပါတယ်။

ဦးမောင်မောင်ကြီး။ ။ “ဥက္ကဋ္ဌတွေ၊ အဖွဲ့ဝင်တွေ ကိုယ်တိုင် လာခေါ်တယ်ခင်ဗျ၊ ကျွန်တော်တို့ အဲဒီ ကျေးရွာ ရယကရုံးကို လိုက်သွားပါတယ်။ လိုက်သွားတဲ့အခါကျတော့ ကျွန်တော့ကို ဘာပြောလာလဲလို့ ဆိုတော့ ဦးလေးကို ကျွန်တော့ရွာမှာ ဒီနေ့တညပဲ တည်းခိုခွင့် ပြုနိုင်ပါမယ်တဲ့။ မနက်ဖြန်ကို ကျွန်တော်တို့ ရွာမှာ ဆက်ပြီးတော့ တည်းခိုခွင့် မပြုနိုင်ပါဘူးတဲ့။”

ဒီကိစ္စနဲ့ပတ်သက်ပြီး စကားများ ကျေးရွာအုပ်စု ဥက္ကဋ္ဌနဲ့ ည၁၂နာရီလောက်အထိ အချေအတင် ဆွေးနွေး ရတယ်လို့ ဦးမောင်မောင်ကြီးက ပြောပါတယ်။ မိမိဟာ ဧည့်စာရင်း တိုင်ပြီးသား ဖြစ်တဲ့အပြင် ဘာပြစ်မှုမှ ကျုးလွန်ခဲ့တာ မရှိဘူးလို့ ပြောဆိုပြီး မိမိအလုပ်ကိစ္စ ပြီးမှ ပြန်မှာဖြစ်ကြောင်း ပြန်လည် ဆွေးနွေးတယ်လို့ ဆိုပါတယ်။

ဦးမောင်မောင်ကြီး။ ။ “ဦးလေးတယောက်တည်းကိုပဲ မင်းအခု ထွင်းပြီးတော့ ဒီတညပဲ ရွာဧည့်စာရင်း ပေးတာလား၊ အခြားအခြားသော ဧည့်သည်တွေ လာရင်ကော ဦးလေးလိုပဲ မင်း တရက်တည်း ပေးသလား၊ ဦးလေးသိတာတော့ အနည်းဆုံး မင်းတို့ ၇ရက် အခြားလူတိုင်းကို ပေးတယ်။ ဦးလေးကျမှ ဘာဖြစ်လို့ ဒီတရက်တည်း ပြန်ရမယ်လို့ နှင်ထုတ်နေတာလဲ။ အဲဒီ ၁၂နာရီလောက်ကျမှ နောက်ဆုံး ကျွန်တော်က ကျွန်တော့ကိစ္စ ပြီးမှ ပြန်မယ်လို့ ဆွေးနွေးတဲ့အခါ နောက်ဆုံးကျတော့မှ ဦးလေးရယ်တဲ့ ကျွန်တော့ကို နားလည်ပေးပါ၊ ကျွန်တော် ပြောချင်လို့ ပြောရတာ မဟုတ်ပါဘူးတဲ့၊ ကျွန်တော့အထက် အဖွဲ့အစည်းတွေက မယကဥက္ကဋ္ဌ ဦးတင့်နိုင်တို့၊ ခယက ဥက္ကဋ္ဌ ဦးအေးဟန်တို့ကနေပြီးတော့ အမိန့်ပေးလို့၊ ခိုင်းလို့ ကျွန်တော် ပြောရတာပါတဲ့။”

ခုလို လာမဲ့ ဧပြီလ ၂၈ရက်နဲ့ ၂၉ရက်နေ့များမှာ ပြုလုပ်မဲ့ NLD ပါတီရဲ့ ပြည်နယ်နဲ့ တိုင်း၊ မြို့နယ် ပေါင်းစုံ ဆွေးနွေးပွဲအတွက် နယ်လှည့်နေသူ ပါတီဝင်တွေအနေနဲ့ အနှောင့်အယှက် မျိုးစုံခံနေရပေမဲ့ စစ်အစိုးရ အာဏာပိုင်များနဲ့ စစ်အစိုးရ ထောက်ခံမှု ရထားတဲ့ အဖွဲ့အစည်းများ ၂၀၁၀ ရွေးကောက် ပွဲနဲ့ ပတ်သက်ပြီး နယ်လှည့်ပြီး စည်းရုံးရေးဆင်းနေတာကိုတော့ ဒေသ အာဏာပိုင်တွေကိုယ်တိုင် လိုက်ပြီး စီစဉ်ပေးနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

source by : http://www.rfa.org/burmese/news/dissidents_harassed_in_travelling-04232009132023.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */