NLD လူငယ်များ ရန်စထိုးကြိတ်ခံရမှု ရဲက အရေးယူမပေး

Sunday, April 19, 2009 ·

RFA | ရန်ကုန်တိုင်း တွံတေးမြို့နယ် NLD လူငယ်အဖွဲ့ဝင်နှစ်ဦးကို တွံတေးမြို့ ကွမ်းခြံရပ်ကွက် ရာအိမ်မှူး အပါအဝင် လူ ၁၅ ဦးက စနေနေ့ နေ့လည်ပိုင်းမှာ ရန်စ ထိုးကြိတ် ခဲ့တာနဲ့ ပတ်သက်ပြီး ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့ပေမယ့် တရားခံတွေကို ရဲစခန်းက အရေးယူ ဖမ်းဆီးတာမျိုး မရှိဘူးလို့ တွံတေးမြို့နယ် လူငယ် တာဝန်ခံ ကိုရဲထွတ်ခေါင်က RFA ကို ပြောပါတယ်။


စစ်အစိုးရ ကျောထောက် နောက်ခံပေးထားသော ကြံ့ဖွံ့နှင့် စွမ်းအားရှင် များကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့တွင် စောင့်ဆိုင်းနေပုံ။
(Courtesy Photo: NLD-LA)
ကိုရဲထွတ်ခေါင်။ ။“တွံတေးမြို့ ကွမ်းခြံရပ်ကွက် ဘုရားသုံးဆူဘုရားမှာ လူငယ်တာဝန်ခံ-၃ ဘိုဘိုနဲ့ လူငယ်အဖွဲ့ဝင် အိမွန်သဲတို့ ဘုရားဖူးပြီးအပြန် ဘုန်းကြီးကျောင်းကို အဖြတ်မှာ၊ အဲဒီနေရာမှာ လူသူ မရှိဘူး၊ ကွမ်းခြံပိုင်း ရာအိမ်မှူး ကိုပေါက် အပါအဝင် ၁၅ ယောက်ကနေပြီး အိမွန်သဲကို လက်ကိုဆွဲတယ်၊ တွန်းလှဲတယ်။ နောက် ဘိုဘိုကို ရင်ဘတ်ကို ထိုးလိုက်တာ မှောက်သွားတယ်။ အဲဒီအချိန်မှာ အိမွန်သဲ မူးလဲသွားတော့ သူ့ကို အိမ်ကိုခေါ်သွားပြီး ပြုစုတယ်။ နောက် စခန်းမှူးဦးမြင့်ကျော်ကို လူငယ် တာဝန်ခံကနေပြီး အမှုဖွင့်ဖို့ သွားပြောတယ်။ စခန်းမှူးကနေပြီး တာဝန်မှူး သိန်းဇော်ကို အမှုဖွင့်ခိုင်းတယ်။ အမှုဖွင့်ပေးပေမယ့် တရားခံတွေကို ဖမ်းဆီးအရေးယူတာ မရှိဘူး”

ရဲစခန်းက အဲဒီလို အရေးယူဆောင်ရွက်တာမျိုး မရှိတာကြောင့် အဲဒီ NLD လူငယ်အဖွဲ့ဝင် ကိုဘိုဘိုအောင်နဲ့ မအိမွန်သဲတို့ဟာ တရားခံတွေကို ဖော်ထုတ်ဖမ်းဆီးပေးဖို့ ရဲစခန်းရှေ့မှာ ညနေ ခြောက်နာရီခွဲကနေ ည ၁၁ နာရီအထိ တောင်းဆို ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

NLD လူငယ်အဖွဲ့ဝင်တွေရဲ့ တောင်းဆိုချက်အပေါ် မရှိတာကြောင့် တွံတေး NLD လူငယ်တာဝန်ခံ ကိုရဲထွတ်ခေါင်က ရဲစခန်း တာဝန်ရှိသူတွေနဲ့ သွားရောက် မေးမြန်းဆွေးနွေးမှုတွေ လုပ်ခဲ့တယ်လို့ ကိုရဲထွတ်ခေါင်က RFA ကို ပြောပါတယ်။

ကိုရဲထွတ်ခေါင်။ ။“၁၁ နာရီ ၁၀ မိနစ်မှာ ကျနော်က ရဲစခန်းပေါ်ကို တက်ပြီးတော့ ဒု-ရဲအုပ် သိန်းဇော်ဦးနဲ့ ဆွေးနွေးတယ်။ ဘာလို့ တရားခံတွေ မဖမ်းတာလဲလို့ မေးတဲ့အခါမှာ ဒု- ရဲအုပ် သိန်းဇော်ဦးက မြို့နယ် အေးချမ်းသာယာရေး ကောင်စီ ဥက္ကဋ္ဌ ဦးအောင်စံသာက မဖမ်းခိုင်းလို့ ဖမ်းလို့မရပါဘူးလို့ ပြောတယ်”

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းသိနိုင်ဖို့ RFA က တွံတေးမြို့နယ် ရဲစခန်းဖုန်းကို အကြိမ်ကြိမ် ဆက်သွယ်ပြီး မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းအဆက်အသွယ် မရရှိခဲ့ပါဘူး။

အခုတလောမှာ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် အပါအဝင် NLD လူငယ်အဖွဲ့ဝင်တွေ ရန်စ အရိုက်နှက်ခံနေရတာနဲ့ ပတ်သက်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက အခုလို သုံးသပ်ပြောဆိုပါတယ်။

ဦးဥာဏ်ဝင်း။ ။“ဒီဥစ္စာဟာ မတော်တဆ ဖြစ်တာမျိုး မဟုတ်ပဲနဲ့ စီမံချက် ရှိရှိနဲ့ နှိပ်ကွပ်တဲ့ အခြေအနေတခု ဖြစ်နေပြီလားလို့ ကျနော်တို့ စိုးရိမ်ပါတယ်။ သို့သော်လည်း အဖွဲ့ချုပ်အနေနဲ့ ပြောချင်တာကတော့ ဘယ်လိုပဲ စီမံချက်ပဲဖြစ်ဖြစ် အဖွဲ့ချုပ်ကတော့ ဥပဒေဘောင်တွင်းက လုပ်ထိုက်တဲ့ဟာတွေ လုပ်သွားမှာပဲ”

ဧပြီလ ၁၁ ရက်နေ့တုန်းက ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဝင်တွေရဲ့ အရိုက်နှက်ခံခဲ့ရတဲ့ ကိုဝင်းကြိုင် ခေါ် ကိုကုလားကို ဧပြီလ ၁၉ ရက် နေ့လည်မှာ ရဲတွေက ဖမ်းဆီးခဲ့ပြီး ခံဝန်ချက် ထိုးခိုင်းပေမယ့် မထိုးဘူးလို့ ငြင်းဆို လိုက်ပြီး နောက်ပိုင်း သူ့ကို ပြန်လွှတ် ပေးလိုက်တယ် လို့လည်း သိရပါတယ်။

source by : http://www.rfa.org/burmese/news/police_fails_to_arrest_assailants_who_attacked_nld_youths-04192009131105.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */