အဓမ္မခိုင်းစေ၍ သေဆုံးမှု ILO ကို တိုင်ကြားသဖြင့် မိဘများ ခြိမ်းခြောက်ခံရ

Wednesday, April 22, 2009 ·

RFA | ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ဖဒိုမြို့က ဂွေးချိုကုန်းရွာမှာ မူလတန်းလွန် ကျောင်းဆောက်ဖို့ ဆိုပြီး အစိုးရက ငွေချပေးခဲ့ပေမဲ့ ကျေးရွာ ရယက ဥက္ကဋ္ဌနဲ့ ကျောင်းကော်မတီတွေ ပူးပေါင်းပြီး ကျေးရွာမှာ ရှိတဲ့ ဒေသခံပြည်သူတွေကို တအိမ်ထောင် ကျပ် သုံးသောင်းနှုန်း ကောက်ခံခဲ့ပါတယ်။

ကောက်ခံတဲ့ငွေ မပေးနိုင်သူတွေကိုတော့ တအိမ်ထောင်ကို သဲ ၁၅ ကျင်း၊ ကျောက် ၁၅ တင်း ပေးရမယ်ဆိုတဲ့ အတွက် ကျောက်စရစ် သွားတူးယူတဲ့ မောင်မင်းဦးနဲ့ မောင်မြင့်အောင် ညီအစ်ကို နှစ်ဦး ကျောက်ကျင်းပြိုကျပြီး မြေပိသေဆုံးခဲ့တာနဲ့ ပတ်သက်လို့ RFAက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါတယ်။

အခုလို အဓမ္မ လုပ်အားပေးခိုင်းစေမှုကြောင့် သေဆုံးသွားခဲ့ရတာနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့မှာ ILO ရုံး ကို တိုင်ကြားထားပါတယ်။

ဒီလိုတိုင်ကြားခဲ့တာနဲ့ပတ်သက်ပြီး လုပ်အားပေးခိုင်းစေမှုကြောင့် သေဆုံးသွားတဲ့ မိသားစုဝင် တွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက တရားစွဲ ထောင်ချမယ်ဆိုပြီး ခြိမ်းခြောက် ပြောဆိုနေ တယ်လို့ လမ်းပြကြယ် အဖွဲ့က ကိုသိန်းနိုင်က RFAကို အခုလို ပြောပါတယ်။

ကိုသိန်းနိုင်။ ။ “အခု ဒီအမှုနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ILOကို တိုင်ထားတယ်လေ။ ILOကို တိုင်လို့ ပေါ့နော်၊ တရားစွဲမယ်၊ အကုန်လုံး တရားစွဲပြီး ဖမ်းဆီးထောင်ချမယ်ပေါ့၊ အဲလို အမျိုးမျိုးပြောနေတယ်။ ဒီရယကအဖွဲ့ဝင်တို့၊ ဥက္ကဋ္ဌတို့၊ ကျောင်းကော်မတီ ဥက္ကဋ္ဌတို့ အဲလို လူမျိုးတွေကပေါ့။ ရွာလူကြီးတွေကပေါ့နော်၊ ခြောက်လှန့်ပြီးတော့ ဒီအမှုနဲ့ပတ်သက်လို့ သူတို့ ဖမ်းမယ်ပေါ့နော်၊ တရားပြန်စွဲမယ်၊ အကုန်လုံး ဖမ်းဆီး ထောင်ချလို့ ရတယ် ဘာညာနဲ့ ခြိမ်းခြောက်နေတယ်။”

ILO ကို တိုင်ကြားထားတာနဲ့ ပတ်သက်လို့ အခုချိန်ထိ အရေးယူဆောင်ရွက် ပေးတာ မရှိသေးသလို သက်ဆိုင်ရာ အာဏာပိုင်တွေကနေ အခုလို ခြိမ်းခြောက် ပြောဆိုနေတာတွေကြောင့် သေဆုံးသွား ခဲ့တဲ့ ညီအကိုနှစ်ဦးရဲ့ မိဘတွေဟာ စိတ်သောက ရောက်နေရတယ်လို့ ကိုသိန်းနိုင်ကပဲ ဆက်ပြောပါတယ်။

ကိုသိန်းနိုင်။ ။ “သူတို့ဖက်က အမျိုးမျိုးပေါ့နော်၊ သွားပြီးတော့ ခြိမ်းခြောက်နေတော့ သားနှစ်ယောက် သေလို့မှ ခံစားရတာကတမျိုး၊ ဒီဖက်က အခု လာပြီးတော့ ခြိမ်းခြောက်နေတာက တမျိုးနဲ့ အခြေအနေ တော်တော်ဆိုး နေတယ်။”

ပဲခူးတိုင်းအတွင်းမှာရှိတဲ့ ပညာရေးဌာန လက်အောက်က စာသင်ကျောင်း တော်တော်များများဟာလည်း ဒေသဖွံ့ဖြိုးရေးအတွက် စာသင်ကျောင်းတွေ ဆောက်လုပ်နေရာမှာ အာဏာပိုင်တွေနဲ့ ပေါင်းပြီး ဒေသခံ ပြည်သူလူထုကို အဓမ္မ လုပ်အားပေး ခိုင်းစေတာတွေ အများအပြားရှိနေတယ်လို့လည်း သိရပါတယ်။

source by : http://www.rfa.org/burmese/news/parents_threatened_for_reporting_ilo-04212009144608.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */