ဘင်္ဂလား-မြန်မာနယ်စပ်တွင် ဝက်တုပ်ကွေး စောင့်ကြည့်မှု မရှိသေး

Tuesday, April 28, 2009 ·

ငြိမ်းချမ်း | ဒါကာ (မဇ္ဈိမ) ။ ။ ကမ္ဘာတလွှားတွင် ဝက်တုပ်ကွေးရောဂါ တားဆီးကာကွယ်ရေးများ ပြုလုပ် နေသော်လည်း ဘင်္ဂလား-မြန်မာ နယ်စပ်တွင် စောင့်ကြည့်စစ်ဆေးမှု မရှိသေးကြောင်း သိရသည်။

နေ့စဉ်ဆိုသလို နှစ်နိုင်ငံ နယ်စပ်ဒေသခံများအကြား အပြန်အလှန် ကူးလူးဆက်ဆံမှု ရှိနေသည့် နယ်စပ်တွင် ဝက်တုပ်ကွေး ရောဂါကို လေ့လာစောင့်ကြည့်မှု မရှိသေးခြင်း ဖြစ်သည်။

“မြန်မာဘက်က ဝက်တွေကတော့ ရံဖန်ရံခါ လာရောင်းတာတွေ ရှိတယ်။ အမြဲတမ်းတော့ မဟုတ်ဘူး။ ပြီးခဲ့တဲ့ အပတ်ကလည်း မောင်တောဘက်က လူတွေ ဝက်သားလာရောင်းတာ ရှိတယ်” ဟု ဘင်္ဂလားဒေ့ရှ် တက္ကနာမြို့မှ ဒေသခံ ဦးမြင့်အောင်က မဇ္ဈိမကို ပြောသည်။

နှစ်နိုင်ငံ နယ်စပ်ဒေသများဖြစ်တဲ့ ဘင်္ဂလာဘက်မှ တက္ကနာမြို့နယ်နှင့် မြန်မာဘက်မှ မောင်တောမြို့နယ်တွင် ဝက်များ ရောဂါဖြစ်ပွားနေပြီး သေဆုံးမှုများ ရှိနေကြောင်း မောင်တောမှ ကိုခင်မောင်က ပြောဆိုသည်။

“ဝက်တွေမှာ ရောဂါဖြစ်နေတယ်။ ပါးစပ် အမြှုပ်တွေ ထွက်တယ်။ သေတာတွေလည်း ရှိတယ်။ လူကို ကူးဆက်တဲ့ ရောဂါလား၊ ဘာလားတော့ ကျနော်တို့လည်း မသိဘူး” ဟု သူက ပြောသည်။

သို့သော်လည်း မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ဒေသအာဏာပိုင်များသည် ဝက်တုပ်ကွေးနှင့် ပတ်သက်၍ အသိပညာပေးခြင်း မရှိသေးကြောင်း သိရသည်။

ဝက်တုပ်ကွေး လက္ခဏာများအဖြစ် ကိုယ်ပူခြင်း၊ နှာရည်ယိုခြင်း၊ နှာစေးချောင်းဆိုးခြင်း၊ ကိုယ်လက် မအီမသာ ဖြစ်၍ ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှူကြပ်ခြင်းတို့ ဖြစ်သည်။

ဘင်္ဂလားနယ်စပ်မြို့ တက္ကနာတွင် အဆိုပါ လက္ခဏာများ မတွေ့ရသော်လည်း ဝမ်းရောဂါများသာ ဖြစ်ပွား နေကြောင်း တက္ကနာမြို့ခံ မူဟာမက် ယူနွတ် (MD Unous) က မဇ္ဈိမကို ပြောသည်။

“အပူကြောင့်လားတော့ မသိဘူး။ လူတော်တော်များများ ဝမ်းလျှောကြတယ်။ ကျနော်ကိုယ်တိုင်လည်း ဝမ်းသွား နေတာ ၂ ရက်ရှိပြီ။ ဆရာဝန်ကို ပြပြီး ဆေးသောက်နေရတယ်။ နည်းနည်းတော့ သက်သာသွားပြီ” ဟု သူက ပြောသည်။

ဘင်္ဂလားဒေ့ရှ်တွင် အများစုမှာ မူစလင် ဘာသာဝင်များဖြစ်သဖြင့် ဝက်သား မစားကြသော်လည်း ဝက်သား စားသုံးသည့် လူနည်းစုများဖြစ်သော သက်၊ ရခိုင်၊ မရမ္မာ၊ ခမီ စသည်များသည့် ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး စစ်တကောင်းတောင်တန်း ဒေသများဖြစ်သည့် တက္ကနာ၊ ကော့စ်ဘာဇာ၊ ဘန်တရိုဘန်၊ ရန္ဂာမတီနှင့် ခါခရာဆိုရီ မြို့နယ်များတွင် နေထိုင်ကြသည်။

source by : မဇ္ဈိမ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */