မြန်မာ စစ်တပ်နှင့် ဒီကေဘီအေ ၁ဝ ဦး တိုက်ပွဲတွင် ကျဆုံး

Tuesday, April 28, 2009 ·

ဒယ်နီယယ် ပီဒါဆင် | မဲဆောက် (မဇ္ဈိမ) ။ ။ မြန်မာစစ်တပ်နှင့် သူ၏ မဟာမိတ် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော်သည် ထိုင်းနိုင်ငံ နယ်စပ်မြို့ မဲဆောက်တောင်ဘက်ရှိ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် အခြေစိုက်စခန်းကို သိမ်းဆည်းရန် ကြိုးပမ်းစဉ် စုစုပေါင်း တပ်သား ၁ဝ ဦး ကျဆုံးခဲ့သည်။

ဝေါလေခီး စခန်းကို သိမ်းပိုက်ရေးအတွက် လွန်ခဲ့သည့် ၁၆ ရက်ကြာ တိုက်ပွဲကာလအတွင်း မြေမြှုပ်မိုင်းနှင့် ထောင်ခြောက်များကြောင့် မြန်မာစစ်သား ၄ဝ နီးပါး ထိခိုက်ဒဏ်ရာ ရခဲ့သလို၊ စုပေါင်းတပ်ဖွဲ့ တပ်သား ၁ဝ ဦး ကျဆုံးခဲ့ခြင်း ဖြစ်သည်။

ထို ကာလအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - ကေအန်အယ်အေ တပ်မတော်မှ ဗိုလ်မှူး စောဂျေး အပါအဝင် စစ်သား ၂ ဦး ကျဆုံးခဲ့ပြီး၊ ၃ ဦး ဒဏ်ရာ ရခဲ့သည်။

ဝေါလေခီး စခန်းသည် ကေအန်အယ်အေ တပ်မဟာ ၆ နယ်မြေ ၂ဝ၁ တပ်ရင်း၏ အခြေစိုက်စခန်းဖြစ်ပြီး မဲဆောက်မြို့ တောင်ဘက် တနာရီမောင်းခန့် အကွာအဝေးတွင် တည်ရှိသည်။

ယမန်နေ့ တနေ့လုံး တိုက်ပွဲက ဆက်တိုက် ဖြစ်နေတာ၊ ယနေ့တွင်လည်း ထိုကဲ့သို ဖြစ်ပွားဖွယ်ရှိကြောင်း အကြီးတန်း ကေအန်အယ်အေ တပ်မှူးတဦးက ယနေ့ နံနက်ပိုင်းတွင် မဇ္ဈိမကို ပြောသည်။

မြန်မာစစ်တပ်ဘက်မှ စစ်သား ၅ ဦးသည် ယမန်နေ့က မြေမြှုပ်မိုင်း ပေါက်ကွဲ၍ ကိုယ်အင်္ဂါ ဆုံးရှုံးခဲ့သေးကြောင်း သိရသည်။

ယခုအခါ မြန်မာစစ်တပ်သည် ကရင်စခန်းကို နောက်ကျောမှပတ်၍ တိုက်ခိုက် သိမ်းပိုက်နိုင်ရန် ကြိုးပမ်း နေသည်။

သို့ရာတွင် ဝေါလေခီးသည် ထိုင်းနယ်စပ်နှင့် အလွန်တရာ နီးကပ်နေသဖြင့် ထိုင်းနိုင်ငံ၏ အချုပ်အခြာ အာဏာသည် အိမ်နီးချင်းနိုင်ငံ စစ်တပ်ဖွဲ့များကြောင့် ချိုးဖောက်ခံရဖွယ် ရှိနေသည်။

ကေအန်အယ်အေသည် သူ၏ စခန်းကို ထိန်းသိမ်းထားနိုင်ရေးအတွက် ဆက်လက် တိုက်ခိုက်နေသည်။

''အခြေအနေက အလွန်ကို ခက်ခဲနေပါတယ်။ တိုက်ပွဲက ရပ်ဆိုင်းသွားမယ့် သဘောတော့ လုံးဝ မရှိပါဘူး'' ဟု အဆိုပါ ကရင်တပ်မှူးက ပြောသည်။

လွန်ခဲ့သည့် ၁၆ ရက်ကာလအတွင်း တိုက်ပွဲသည် အပြင်းအထန် မရှိလှသော်လည်း၊ ပုံမှန် တိုက်ခိုက်နေကာ အဓိကကျသည့် အခြေခံစခန်းကို သိမ်းပိုက်နိုင်ရန် ကြိုးစားမှု တစိတ်တပိုင်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ် ဇွန်လကုန်ပိုင်းက ဝေါလေခီး စခန်းကို ၂ ရက်ခန့် လက်လွှတ်ခဲ့ရသော်လည်း ကေအန်အယ်အေက အလျင်အမြန်ပင် ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။

source by : မဇ္ဈိမ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */