နိုင်ငံရေးသမားများ အရိုက်ခံရပြန်ပြီ

Monday, April 20, 2009 ·

ဇာနည်ဝင်း | အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အထူး ပြန်ကြားရေး တာဝန်ခံ တဦးဖြစ်သူ ဦးသိန်းညွန့်သည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ရန်ကုန်မြို့ရှိ သူ၏ နေအိမ်ခြံဝင်း အတွင်း တိုက်ခိုက် ရိုက်နှက်ခံရ သဖြင့် ဒဏ်ရာရရှိသွားသည်။


ရန်ကုန်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ (ဓာတ်ပုံ - အေပီ)
ဦးသိန်းညွန့်၏ မိသားစုဝင်များ ရောက်ရှိလာသဖြင့် မည်သူမည်ဝါမှန်း မသိရသော တိုက်ခိုက်သူက ခြံစည်း ကျော်ပြီး ထွက်ပြေးသွားသည်ဟု သိရသည်။

“ခေါင်းက ဖူးယောင်သွားပြီးတော့ ပွန်းပဲ့သွားတယ်။ ခေါင်းကတော့ မူးနေတုန်းပဲ” ဟု မိသားစုဝင် တဦးက ပြောပြသည်။

ဦးသိန်းညွန့်သည် အသက် ၆၅ နှစ် ရှိပြီဖြစ်ပြီး သင်္ဃန်းကျွန်း မြို့နယ်၊ အမှတ် ၁ မဲဆန္ဒနယ်မှ ရွေးကောက်ခံ ခဲ့ရသည့် ပြည်သူ့ ကိုယ်စားလှယ် တဦးလည်း ဖြစ်သည်။

ပြီးခဲ့သည့် အပတ်အတွင်း ရန်ကုန်တိုင်း တွံတေးမြို့နယ်မှ အဖွဲ့ချုပ် လူငယ်တချို့ ရိုက်နှက်ခံရမှု ၂ ကြိမ် ဖြစ်ပွား ခဲ့သည်ဟု ရန်ကုန်မှ လာသော သတင်းများက ဆိုသည်။

နိုင်ငံရေးသမားတို့ ရိုက်နှက်ခံရမှုများ မကြာခဏ ဖြစ်ပွားခဲ့သော်လည်း တရားခံကို ရှာဖွေ ဖော်ထုတ် ဖမ်းဆီး နိုင်ခဲ့သည် ဟူသော သတင်းများ ထွက်ပေါ်လာခြင်း မရှိသေးပေ။

၂၀၀၇ နှင့် ၂၀၀၈ ခုနှစ်အတွင်း တိုက်ခိုက်ခံရသည့် နိုင်ငံရေးသမား အများစုသည် ၎င်းတို့ကိုယ်တိုင် ဖမ်းဆီးခံ ခဲ့ရပြီး ကြီးမားသည့် ထောင်ဒဏ်များ အပေးခံခဲ့ရသည်။

ရိုက်နှက်မှု ကျူးလွန်သူများမှာ အာဏာပိုင်တို့ ဖွဲ့စည်းထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးအသင်း၊ စွမ်းအားရှင် အသင်းတို့တွင် အသင်းဝင်များဖြစ်သည်ဟူသော ယူဆချက်များလည်း ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ်နေသည်။ အာဏာပိုင်တို့က ထိုသတင်းများနှင့် ပတ်သက်ပြီး ဖြေရှင်းခြင်း မရှိသေးပေ။

ထိုတိုက်ခိုက်မှုများမှာ ဒေသတချို့တွင်သာ ဖြစ်ပွားနေခြင်း ဖြစ်သောကြောင့် တိုက်ခိုက်မှုများ၏ နောက်ကွယ်တွင် မည်သူမည်ဝါ ရှိနေသည်ကို ခန့်မှန်းရခက်နေကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ၏ နိုင်ငံခြားရေးဌာနမှ ကိုမိုးဇော်ဦးက ပြောသည်။

“အထက်က ခိုင်းတာမျိုး မဟုတ်ဘဲနဲ့ အောက်ခြေက သူတို့ သဘောနဲ့ သူတို့ လုပ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
မူဝါဒ တခုလို ချမှတ်ပြီးတော့ တမင်တကာ လုပ်တာမျိုး ဟုတ်ချင်မှလည်း ဟုတ်မယ်” ဟု ကိုမိုးဇော်ဦးက ဆိုသည်။

အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း ၁၉၉၆ တွင် တကြိမ်၊ ၂၀၀၃ ခုနှစ်တွင် တကြိမ် လူအုပ်စုဖြင့် ၀ိုင်းဝန်း တိုက်ခိုက်ခြင်းကို ခံခဲ့ရဖူးသည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=970:2009-04-20-11-53-00&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */