မြန်မာပြည် ဘီဂျလီ ဆိုင်ကလုန်း ရန်မှ လွတ်ပြီ

Saturday, April 18, 2009 ·

AP သတင်းဌာန | ဘီဂျလီ ဆိုင်ကလုန်းက အနောက်ဘက် ကမ်းရိုးတန်းမှ ယနေ့ လှည့်ပြန်သွားသဖြင့် မြန်မာ အာဏာပိုင် တို့က မုန်တိုင်း အရေးပေါ် ကြေညာချက်များကို ရုပ်သိမ်းလိုက်သည်။

မုန်တိုင်းကြောင့် မြန်မာပြည် အနောက်ဘက် ကမ်းရိုးတန်းဒေသ တချို့တွင် မိုးအကြီးအကျယ် ရွာခဲ့သည်။

“မုန်တိုင်း သတိပေးတာ တွေကို ရပ်လိုက်ပြီ။ မုန်တိုင်းဘေးကနေ လွတ်သွားပါပြီ” ဟု မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီး ဌာန အကြီးအကဲ ဦးထွန်းလွင်က ပြောသည်။

ယမန်နေ့က ထုတ်ပြန်ခဲ့သော အစိုးရ၏ ကြေညာချက်တွင် အနောက်ဘက် ကမ်းရိုးတန်းဒေသမှ လှေသင်္ဘောများ လုံခြုံ စိတ်ချသို့ ခိုလှုံရန် ဖော်ပြထားသည်။ သို့သော်လည်း ယနေ့ထုတ်ပြန်ချက်များတွင် ဆိုင်ကလုန်းမုန်တိုင်းသည် အရှိန် လျော့ကျသွားသည့် အပြင် ကမ်းရိုးတန်းဒေသသို့ ၀င်ရောက်တော့မည် မဟုတ်ကြောင်း ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ် တောင်ပိုင်းတွင်မူ ယနေ့နံနက်က ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ခဲ့သည်။ တိုက်ခတ်ပြီး မကြာမီမှာပင် မုန်တိုင်း အရှိန် လျော့ကျသွားသည်။

ငါးဖမ်းလှေများ ပင်လယ်သို့ ပြန်လည် သွားရောက်နိုင်ပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တို့က ကြေညာ ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်၏ အဓိက ဆိပ်ကမ်းဖြစ်သော စစ်တကောင်းမြို့သင်္ဘောဆိပ်ကို မကြာမီ ပြန်ဖွင့် ပေးတော့မည် ဟု အရာရှိ တဦးက ဆိုသည်။

source by : http://moemaka.com/index.php?option=com_content&task=view&id=3639&Itemid=1

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */