ထောက်လှမ်းရေးအရာရှိဟောင်း သမီး အသတ်ခံရ

Monday, April 06, 2009 ·

မဇ္ဈိမ | ချင်းမိုင် (မဇ္ဈိမ)။ ။ ဗိုလ်တထောင်မြို့နယ်တွင်း ဖြစ်ပွားသော နှစ်လောင်းပြိုင် လူသတ်မှုတွင် အသတ်ခံ ရသူမှာ ယခင် ထောက်လှမ်းရေး အရာရှိတဦး၏ သမီးဖြစ်သည်ဟု ရဲသတင်းရပ်ကွက်နှင့် ပတ်ဝန်းကျင်နေသူများ အပြောအရ သိရသည်။

ဒေါ်အေးအေးဝင်း (အသက် ၄၃ နှစ်) သည် ဖျက်သိမ်းခံရပြီးသော ထောက်လှမ်းရေးအဖွဲ့မှ ထိပ်တန်း အရာရှိ တဦး၏ သမီးတဦးဖြစ်ပြီး အတူသေဆုံးနေသူ ခင်ပွန်းဖြစ်သူ ဦးခင်မောင်လေး (အသက် ၄၆ နှစ်) သည် သင်္ဘောသား တဦးဖြစ်ပြီး မာလိန်မှုး စာမေးပွဲ ဖြေဆိုထားသူ ဖြစ်သည်ဟု အမည်မဖော်လိုသူ ရဲတဦးက ပြောသည်။

ဒေါ်အေးအေးဝင်းသည် လွန်ခဲ့သည့် လေးနှစ်ခန့်က ပြောင်းရွှေ့လာခြင်းဖြစ်ကာ ပတ်ဝန်းကျင်နှင့် ဆက်ဆံရေး နည်းပါးသူဖြစ်သည်ဟု အိမ်နီးချင်းများက ပြောသည်။

အနံ့ထွက် ပုပ်ပွနေသော ရုပ်အလောင်းများကို ဧပြီလ ၂ ရက်နေ့က အိမ်နီးနားချင်းများက တွေ့ပြီး ရဲကို အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

မတ်လ ၃၀ ရက်နေ့ည ၁၁ နာရီခန့်က အခင်းဖြစ်ပွားရာ နေအိမ်မှ ရုန်းရင်းဆန်ခတ်သံများကြားခဲ့ရပြီး အမျိုးသမီး တဦး၏ သတ်ပါ၊ သတ်ပါ ဆိုသော အသံကိုလည်း ကြားခဲ့ကြရသည်ဟု အိမ်နီးချင်းများက ပြောသည်။

source by : http://www.mizzimaburmese.com/news/inside-burma/2716-2009-04-04-13-53-50.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */