ဗိုလ်တထောင်တွင် နှစ်လောင်းပြိုင် လူသတ်မှုဖြစ်

Thursday, April 02, 2009 ·

မဇ္ဈိမ | ချင်းမိုင် (မဇ္ဈိမ)။ ။ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်တွင် နှစ်လောင်းပြိုင် လူသတ်မှုတခု ဖြစ်ပွားခဲ့သည်။

ဗိုလ်တထောင်လမ်းသွယ် ၂ လမ်း၊ တိုက်ခန်းအမှတ် ၆ (ဘီ)၊ လေးလွှာတွင် နေထိုင်သော အသက် ၄ဝ ကျော်အရွယ်ရှိ ကိုခင်မောင်လေးနှင့် မအေးအေးဝင်းတို့ လင်မယား နှစ်ဦး၏ ရုပ်အလောင်းများကို ယနေ့ နံနက်တွင် အိမ်နီးချင်းများက တွေ့ရှိပြီး ရဲသို့ အကြောင်းကြားခဲ့သည်။

ယခု သတင်းရေးသားချိန် ညနေ ၃ နာရီခွဲ အချိန်အထိ ရဲတပ်ဖွဲ့၊ ရဲထောက်လှမ်းရေး (SB)၊ စီအိုင်ဒီနှင့် စရဖ အဖွဲ့ဝင်များက စစ်ဆေးနေဆဲဖြစ်ပြီး အလောင်းများမှာ နေအိမ်တွင်ပင် ရှိနေသေးသည်။

အိမ်နီးနားချင်းများ၏ အဆိုအရ အပုတ်နံ့ ရရာကနေ သတိပြုမိပြီး အလောင်းများကို တွေ့မိခဲ့သည်ဟု ဆိုသည်။

ထို့အပြင် တနင်္လာနေ့ ည ၁၁ နာရီခန့်က အခင်းဖြစ်ပွားသည့် နေအိမ်မှ ဆူညံသံများ ကြားခဲ့ရပြီး အမျိုးသမီး တဦး၏ သတ်ပါ၊ သတ်ပါ ဟူသော အော်ဟစ်သံများလည်း ကြားခဲ့ရသည်ဟု သိရသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */