နန်းဒေဝီ | နယူးဒေလီ (မဇ္စျိမ)။ ။ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်တွင် ဖြစ်ပွားခဲ့သော ၂ လောင်းပြိုင် လူသတ်မှု နောက်ဆက်တွဲ သတင်းကို အာဏာပိုင်များက ပြည်တွင်းထုတ် ဂျာနယ်များတွင် ဖော်ပြခွင့် မပြုဘဲ ပိတ်ထားသည်။
လူသတ်တရားခံ ဖမ်းမိပြီဖြစ်ကြောင်း ဗိုလ်တထောင် ရဲစခန်းနှင့် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့တို့မှ ဂျာနယ်များ၏ မေးမြန်းချက်ကို အတည်ပြု ဖြေကြားခဲ့သော်လည်း ပြည်တွင်း ဂျာနယ်များအနေဖြင့် သတင်းရေးသား ထုတ်ဝေခြင်း မပြုရန် ပိတ်ပင်ခံရခြင်း ဖြစ်သည်။
“မရေးခိုင်းဘူးဗျ။ ကျနော်တို့ အမျိုးမျိုး ချည်းကပ်ပြီးပြီ။ ရေးရင် ဖမ်းမယ်ဘာညာလုပ်ပြီး ရန်တွေ့သေးတယ်” ဟု ရန်ကုန်ရှိ အမည်မဖော်လိုသူ အပတ်စဉ်ထုတ် ဂျာနယ် အယ်ဒီတာတဦးက ပြောသည်။
ယခုလဆန်းပိုင်းတွင် အသတ်ခံရသူသည် တပ်မတော် အကြီးအကဲဟောင်း တဦး၏ သမီးဖြစ်သူ ဒေါ်အေးအေးဝင်း (၄၃ နှစ်) နှင့် ခင်ပွန်းဖြစ်သူ ဦးခင်မောင်လေး (၄၆ နှစ်) တို့ အသတ်ခံခဲ့ရသည်။ ခင်ပွန်းသည်မှာ သင်္ဘောသားဖြစ်ကာ မာလိမ်မှူးစာမေးပွဲ ဖြေဆိုထားသူ ဖြစ်သည်။
ယခုလို နောက်ဆက်တွဲသတင်း ရေးသားဖော်ပြခွင့် ပိတ်ပင်ထားခြင်းသည် အာဏာပိုင်များ ဖမ်းဆီးထားသည့် လူသတ်တရားခံသည် စစ်ဘက်ဆိုင်ရာ အကြီးအကဲတဦး၏ ဆွေမျိုးသားချင်းတဦး ဖြစ်သည့်အတွက် ယခုလို ပိတ်ပင်ထားခြင်း ဖြစ်နိုင်ကြောင်း ရန်ကုန်မီဒီယာ အသိုင်းအဝိုင်းက ယုံကြည်နေသည်။
ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ် ရဲစခန်းက ၂ လောင်းပြိုင် လူသတ်မှုနှင့် ပတ်သက်နေသည့် အရေးကြီး တရားခံ တဦးကို ယခုလ ၁၅ ရက်နေ့က ဖမ်းဆီး စစ်ဆေးနေကြောင်း မဇ္စျိမကို ပြီးခဲ့သည့် တနင်္လာနေ့က အတည်ပြု ပြောဆိုခဲ့သည်။
သတင်းဂျာနယ် ၃ ခုဖြစ်သည့် Weekly Eleven ၊ 7 Day news နှင့် The Voice တို့တွင် လူသတ်မှုဖြစ်ချိန်က သတင်း ဖော်ပြခွင့် ရခဲ့သေးသည်။
သို့သော် ယခုတဖန် နောက်ဆက်တွဲသတင်း ရေးသားရာတွင် ၂ လောင်းပြိုင် လူသတ်မှုတွင် လူသတ်တရားခံကို ဖမ်းဆီးရမိပြီ ဖြစ်ကြောင်းသာ ရေးသားဖော်ပြနိုင်ပြီး စာပေစိစစ်ရေးတွင် တင်ထားကြောင်း ၂ လောင်းပြိုင် လူသတ်မှုသတင်း ဖော်ပြရေးသားခဲ့သည့် ဂျာနယ်တိုက်တခုက ပြောသည်။
ရန်ကုန်တိုင်းအတွင်း လူသတ်မှု မှုခင်းများကို ပြည်တွင်းဂျာနယ်များ အတည်ပြု ရေးသားနိုင်ရန်အတွက် ရန်ကုန်တိုင်း ရဲမှူးဝင်းနိုင်နှင့် နေပြည်တော် စီမံရေးရာ ဌာနမှူးဖြစ်သည့် ရဲမှူးကြီး ဝင်းခေါင်တို့ ၂ ဦးကသာ အဓိက တာဝန်ယူ ဖြေကြားပေးလေ့ရှိကြောင်း သိရသည်။
လူအများ စိတ်ဝင်စားနေသည့် ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် စိမ်းလဲ့ကန်သာလမ်းရှိ လူကုံထံ မိသားစုဝင် ၅ ဦး မတ်လ ၃ ရက်နေ့က အသတ်ခံရခြင်းနှင့် ပတ်သက်၍ ယနေ့ထိတိုင် အာဏာပိုင်များဘက်က တရားခံကို ဖမ်းဆီးနိုင်ခြင်း မရှိသေးပါ။
source by : http://www.mizzimaburmese.com/news/inside-burma/2813-2009-04-23-14-13-54.html
၂ လောင်းပြိုင် လူသတ်မှု နောက်ဆက်တွဲ သတင်း ဖော်ပြခွင့်မပြု
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment