မြန်မာပြည်တွင် အပူချိန်ပြင်းထန်

Friday, April 24, 2009 ·

အေးလဲ့ | မြန်မာနိုင်ငံရှိ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများ အပါအ၀င် နိုင်ငံအထက်ပိုင်း ဒေသများ၌ ယခုနှစ် နွေရာသီတွင် အပူဒဏ် ပြင်းထန်စွာ ခံစားနေရကြောင်း ဒေသခံများက ပြောသည်။

ယခုလအစောပိုင်းမှ စကာ မြန်မာပြည် အထက်ပိုင်းရှိ ညောင်ဦး၊ မင်းဘူး၊ ချောက်၊ အောင်လံ ၊မြင်းခြံ စသည့် ဒေသများ၌ ထူးခြားသည့် အပူချိန်မှာ ၄၀ ဒီဂရီ စင်တီဂရိတ် ကျော်ရှိကြောင်း အစိုးရထုတ် မြန်မာ့ အလင်း သတင်းစာတွင်လည်း ဖော်ပြထားသည်။

သင်္ကြန်ကာလအတွင်းမှ စတင်၍ ပြင်းထန်သည့် အပူဒဏ်ကြောင့် ချောက်မြို့တွင် ကလေးသူငယ်များနှင့် လူကြီးတချို့ ချွေးထွက်လွန်ခြင်းနှင့်အရေပြားယားနာများ ဖြစ်ပွားကြသည်ဟု ဒေသခံ ဦးသန်းတင်က ပြော သည်။

“ပူတာကတော့ တော်တော် ပူတယ်ဗျ၊ အခုကို အိမ်ပြင်မထွက်နိုင်ကြဘူး၊ အခု ပူတာ က ချောက်၊ မကွေး၊ မင်းဘူး၊ နေ့လယ်ဆို လူတွေက အိမ်ထဲမှာပဲ နေကြရတာ၊ ညနေ ၅ နာရီ ခွဲ၊ ၆ နာရီ လောက် မှ အပြင်ထွက် ကြရတယ်၊ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေကတော့ အရေးပြားယားနာတွေ ဖြစ်လို့ အပြင်ဆေးခန်းတွေ၊ ဆေးရုံတွေမှာ ကုသကြရတယ်၊ ဆေးရုံမှာ ကလေးတွေများတယ်၊ ၁၀နှစ် ဝန်းကျင် ကလေးတွေ၊ ချွေးထွက် လွန်တာတွေလည်းရှိတယ်၊ အသေအပျောက်တော့ မကြားသေးဘူး”ဟု ၎င်းက ပြောပြသည်။

အပူဒဏ်ကြောင့် ရေရှား၍ မသန့်သော မြစ်ရေကို သုံးကြရသည့်အတွက်လည်း ယခုကဲ့သို့ အရေပြားယားယံ ခြင်းများ ဖြစ်ကြောင်းလည်း ဆိုသည်။

ယင်းအပူချိန်လွန်ကဲမှုဒဏ်ကို သက်ကြီးရွယ်အိုများ၊ ကလေးငယ်များနှင့် ဆင်းရဲနွမ်းပါးသူများက ပိုမို ခံစားရ ကြောင်း သိရသည်။

မင်းဘူးမြို့ခံတဦးက“မင်းဘူးမှာလည်း ပူတယ်၊ ထောက်ရှာပင်က အရာရှိတွေဆို ခွင့်ယူပြီး တခြားနေရာကို မိသားစုလိုက် အလည်အပတ်ထွက်ကြတယ်၊ အပူဒဏ်ရှောင်တဲ့ သဘောပေါ့၊ သာမန်အရပ်သားတွေတော့ စီးပွားရေးကလည်း မပြေလည် ကိုယ့်အလုပ်နဲ့ကိုယ် ကြုံးလုပ်နေကြရတော့ ဘယ်သွားနိုင်မလဲ”ဟုပြောသည်။

မန္တလေးမြို့တွင်လည်း သင်္ကြန်ကာလမှ စတင်၍ အပူဒဏ်ကို ပြင်းထန်စွာခံကြရကြောင်း မန္တလေးမြို့မှ စာနယ်ဇင်း သမားတဦးက ပြောဆိုသည်။

“မန္တလေးက ပိုဆိုးတာပေါ့ဗျ၊ အပူပိုင်းဒေသထဲမှာ အပူလွန်ကဲတဲ့ နေရာလေ၊ နောက် သစ်ပင် ပန်းမန်တွေက လည်း နည်းတဲ့အခါကျတော့ ရာသီဥတု အပူချိန်တွေကလည်း တအားပူတာကိုး၊ သင်္ကြန်အတက်နေ့က မိုးချ လိုက်သေးတယ်၊ နည်းနည်းအေးသွားလိုက်သေးတယ်၊ နောက်ရက်မှာ ပြန်ပူတာပဲ၊ ပုံမှန်အားဖြင့် နှစ်စဉ် ဧပြီ နဲ့ မေလကတော့ အပူဆုံးကာလတွေပဲ”ဟု ၎င်း စာနယ်ဇင်းသမားက ပြောသည်။

မုံရွာမြို့ဘက်တွင်လည်း အပူချိန်ကြောင့် သောက်သုံးရေ ရှားပါး၍ မြစ်ရေကို အသုံးပြုနေရကြောင်း သိရ သည်။
ယင်းအပူချိန် လွန်ကဲရခြင်းမှာ သစ်တော၊ သစ်ပင်လျော့နည်းသွားခြင်းကြောင့် ဖြစ်သည်ဟု သဘာဝပတ် ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် တဦးဖြစ်သူ ဦးအုန်းက ပြောသည်။

“ပူတာကတော့ မြန်မာပြည်အောက်ပိုင်းဆိုရင် နာဂစ်ဖြစ်တော့လေ သစ်ပင်တွေက တော်တော် လဲသွားတယ်၊ ရန်ကုန်မှာဆိုရင်လည်း သစ်ပင်အတော့ကို လျော့သွားတယ်၊ အဲတော့ သစ်ပင် အရိပ်နည်းသွားတဲ့ အတွက် ပူတယ်လို့လည်း ပြောလို့ရတယ်၊ အဓိကကတော့ သစ်ပင် သစ်တောတွေက မှုလပုံစံ မရှိဘဲနဲ့ ခုတ်လို့မရ တာ ရှိတယ်၊ ဆိုင်ကလုန်း ကြောင့် သေတာရှိတယ်၊ အဲတော့ သစ်ပင်သစ်တော လျော့သွားတယ်၊ တော တွေ ပျက်သွားတဲ့အတွက် ရာသီဥတု ဖောက်ပြန်တယ်၊ ဥပမာ မိုးရွာသင့်တဲ့ နေရာ မရွာဘူး၊ မရွာသင့်တဲ့ နေရာ ရွာတယ်၊ အဲဒီအတွက် လူနေမှု ထိုင်မှု အခက်အခဲရှိလာမယ်၊ စိုက်ပျိုးရေးတွေမှာ အခက်အခဲ ဖြစ်နိုင် တာပေါ့၊ Global Warming ဆိုတာက လူမှုရေး၊ စီးပွားရေး၊ ရာသီဥတု အကုန်လုံး ကပတ်သက် နေတာပေါ့ နော်”ဟု ဦးအုန်းက ပြောသည်။

အပူဒဏ်အန္တရာယ် ကာကွယ်ရေးနှင့်ပတ်သက်ပြီး သတိပေး နှိုးဆော်ချက်များကိုလည်း မြန်မာနိုင်ငံ ကျန်းမာ ရေးဝန်ကြီး ဌာန က အစိုးရ သတင်းစာများတွင် နေ့စဉ်ကဲ့သို့ ဖော်ပြထားသည်။

နံနက်၁၀နာရီမှ ညနေ၅နာရီအတွင်း လွင်တီးခေါင်ပြင်၊ ရေဆိပ် တို့တွင်ရေချိုးခြင်းမှ ရှောင်ရန်၊ အရက် သောက်ခြင်း ရှောင်ရန်၊ ဆီးချို၊ နှံလုံး၊ သွေးတိုး ရောဂါ အခံရှိသူ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ နေ့လယ်ပိုင်း၌ အရိပ်တွင်နားနေရန်၊ မိတ်ဖု၊ ယားနာထွက်က ရေအေးဝတ်ကပ်ခြင်း သနပ်ခါးလိမ်းခြင်းပြုလုပ် ရန်၊ အပူကြောင့် ပင်ပန်းခြင်း၊ ကိုယ်အပူချိန်တက်ခြင်း၊ သတိလစ်ခြင်းနှင့် အတက်ရောဂါ ဖြစ်က နီးစပ်ရာ ကျန်းမာရေးဌာနတွင်ပြသရန် စသည့်တို့ကို သတင်းစာ၌ သတိပေးနှိုးဆော်ထားသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်လည်း အပူချိန်လွန်ကဲနေပြီး ထိုင်းနိုင်ငံ၌ နှစ်၃၀အတွင်း ဧပြီ၂၅ ရက်နေ့မှာ အပူဆုံး နေ့ဖြစ်ခဲ့ရာမှ ယခုနှစ်တွင် ထိုင်းမိုးလေဝဌာန အဆိုအရ လာမည့် ဧပြီ၂၇ ရက်နေ့သည် တနှစ်လုံး၏ အပူဆုံး နေ့ဖြစ်မည်ဟု အင်္ဂလိပ်ဘာသာဖြင့် ယမန်နေ့က ထုတ်ဝေသည့် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြ ထားသည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=981:2009-04-23-12-38-32&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */