စောသိန်းမြင့် (ကေအိုင်စီ) | ကရင်ပြည်နယ် ပိုင်ကျုံမြို့နယ်ရှိ သံဃာတော်များကို တိုးတက်သော ဗုဒ္ဓွဘာသာ ကရင် အမျိုးသား တပ်မတော် (ဒီကေဘီ အေ)က သက်သတ်လွတ်အတင်းစားခိုင်းသည့်အတွက်ကြောင့် ဘုန်းတော်ကြီး ၃ပါး ထိုင်း-မြန်မာ နယ်စပ် တနေရာသို့ ရောက်ရှိလာသည်ဟု သိရသည်။
ဒီကေဘီအေ (၉၉၉) တပ်ရင်းမှူး ဗိုလ်ဖားနွီးက သင်္ကြန်မတိုင်မှီ တရက် နှစ်ရက် အလိုတွင် ပိုင်ကျုံဂွင်အတွင်း သတင်းသုံးနေကြသော သံဃာတော်များ အားလုံး မဖြစ်မနေ သက်သတ်လွတ် စားရမည် ဖြစ်ကြောင်း အမိန့် ထုတ်ပြန်လိုက်သည်ဟု ထိုင်းနယ် စပ်တွင် ရောက်ရှိလာသည့် ဝါးမေကလား ကျောင်းထိုင် ဆရာတော် ဦးကောဝိဒက မိန့်ကြားသည်။
ဆရာတော်က “ဘုန်းဘုန်းတို့ကို လာပြောတာပေါ့။ ခင်ဗျားတို့ ဘုန်းကြီးတွေ အကုန်လုံး သက်သတ်လွတ် စားရမယ်လို့ လာပြောတယ်။ မစားနိုင်လို့ရှိရင် ဝေးဝေး ထွက်သွား။ ကျောင်းမှာ ဆက်ထိုင်ချင်ရင် သက်သတ်လွတ် စားပါ။ ဘုန်းဘုန်းက သက်သတ်လွတ် မစားနိုင်တဲ့အတွက် ထွက်လာတာပေါ့” ဟု မိန့်ကြားပါသည်။
အလားတူ ထီးကဟောကျောင်းမှ ဆရာတော် ဦးတိလောကကိုလည်း ကျောင်းထိုင်အဖြစ်မှ သာမန် ဆရာတော် တပါး အနေဖြင့် ဆက်လက် သီတင်းသုံးရန်၊ သက်သတ်လွတ် စားရန်နှင့် ဒီကေဘီအေ အဖွဲ့သို့ ဝင်ရောက်ရန် ဗိုလ်မှူးချုပ်ဖားနွီး ကိုယ်တိုင် လာရောက် ပြောဆိုခဲ့သည်ဟု မိန့်ကြားပြောဆိုသည်။
“ဗိုလ်ဖားနွီးက သူ့ရဲဘော်တွေနဲ့ ဦးပဉ္စင်းတပါး၊ ကိုရင်လေးနှစ်ပါး ပင့်လာပြီး ကျောင်းကို ရောက်လာတယ်။ ဘုန်းကြီးရဲ့ ကျောင်းမှာ ကျောင်းထိုင် ဆရာတော် ခေါ်လာခဲ့ပြီ။ ဘုန်းဘုန်းကိုတော့ ဒီကျောင်းမှာ ဆက်နေချင် သေးရင် သူတို့ အဖွဲ့ထဲဝင်၊ သက်သတ်လွတ်စားလို့ ပြောတယ်။ တကယ်ဆို ကျောင်းထိုင် ဆိုတာ အနည်းဆုံး ဝါ (၅)ဝါ ရှိရတယ်။ သူ ပင့်လာတဲ့ ဦးပဉ္စင်းက သင်္ကန်း စည်းတာ ရက်ပိုင်းပဲ ရှိသေးတာပဲ။ ဒါပေမဲ့ ဘုန်းဘုန်းက ဘာမှတော့ ပြန်မပြောပါဘူး။ ဒီကျောင်းမှာ သီတင်း မသုံးရလည်း ဘယ်မှာပဲ နေနေ ရပါတယ်”ဟု မြွက်ကြားခဲ့သည်။
ထိုင်းနယ်စပ်သို့ ဧပြီလ (၁၆)ရက်နေ့တွင် ထွက်ပြေး ရောက်ရှိလာသည့် ဘုန်းတော်ကြီးများမှာ ဝါးမီကလား ကျောင်းထိုင် ဆရာတော် ဦးကောဝိဒ သက်တော် (၅၄)နှစ်၊ ဝါတော် (၃၃)ဝါ၊ ထီးကဟော ကျောင်းထိုင် ဆရာတော် ဦးတိလောက သက်တော် (၃၄)နှစ်၊ ဝါတော် (၁၄)ဝါနှင့် သံလယ်ကျောင်းမှ ဦးပဉ္စင်း ဦးနန္ဒဝံသ သက်တော် ၆၁နှစ်၊ ဝါတော် (၅)ဝါတို့ဖြစ်သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဒီကေဘီအေ တပ်ရင်း(၉၉၉) တပ်ရင်းမှူး ဗိုလ်ဖားနွီးကို ကရင်သတင်းစဉ်က ဆက်သွယ် မေးမြန်း ခဲ့သော်လည်း တုန့်ပြန် ဖြေကြားရန် ငြင်းဆန်ခဲ့သည်။
ပိုင်ကျုံမြို့တွင် ကရင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ၁၁ကျောင်းနှင့် သံဃာတော် စုစုပေါင်းအပါး ၅ဝကျော် ရှိသော်လည်း ၃ကျောင်းသာ သက်သတ်လွတ် စားသည်ဟု ထိုဘုန်းတော်ကြီးများ၏ ပြောပြချက်အရ သိရသည်။
source by : http://moemaka.com/index.php?option=com_content&task=view&id=3662&Itemid=1
ဒီကေဘီအေ၏ သက်သတ်လွတ်စားရန် အမိန့်ကို မကျေနပ်သည့် ဗုဒ္ဓဘာသာဘုန်းကြီး (၃)ပါး ထိုင်းနယ်စပ်ထွက်လာ
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment