သန်းထိုက်ဦး | ရန်ကုန်တိုင်း တွံတေးမြို့နယ် ဆံတော်လေးဘုရား သာသနာ့ နယ်မြေအနီးရှိ နိုက်ကလပ်၊ ကာရာအိုကေ ခန်းများ ပါဝင်သည့် ပုဂံဧရာ ဟိုတယ်အား ဖယ်ရှားပေးရန် အတွက် ဒေသခံများက လက်မှတ်ထိုးလှုပ်ရှားမှု တခုကို လုပ်ဆောင်နေသည်။
အဆိုပါ ဟိုတယ် ဖယ်ရှားပေးရေးအတွက် ဒေသခံ ရပ်ကွက် ၈ ခုတွင် ဦးဆောင်သူများက လက်မှတ်များလိုက်လံ ကောက်ခံခဲ့ပြီး စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပေးပို့တိုင်ကြားသွားမည်ဖြစ်သည်ဟု လက်မှတ်ထိုး လှုပ်ရှားသူများနှင့် နီးစပ်သူ တွံတေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ် တာဝန်ခံ တဦးက ပြောသည်။
ယင်းလက်မှတ်ထိုး လှုပ်ရှားမှုကို ပြီးခဲ့သည့် မတ်လ ၂၉ ရက် မှစတင်၍ ယနေ့အထိ ၅ ရက်ကြာ စုဆောင်းခဲ့ရာ လက်မှတ်ပေါင်း ၁၂၀၀ ကျော် ရရှိထားပြီးဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
ဟိုတယ် အဆောက်အဦး ဆောက်လုပ်စဉ် ကာလအတွင်း သံဃာတော်များက သက်ဆိုင်ရာ အာဏာပိုင်များထံ စာတင် အကြောင်းကြား သော်လည်း အရေးယူခြင်း မရှိဘဲ ဟိုတယ်ကို မတ်လ ၂၇ ရက်နေ့က ဖွင့်လှစ်ခဲ့ခြင်း ဖြစ် သည်။
၎င်းဟိုတယ်သည် ဘာသာ သာသနာနှင့် မသင့်လျော်သည်များ ပါဝင်သည့်အတွက် ဆံတော်လေး ဘုန်ကြီး ကျောင်း မှ သံဃာတော် အပါး ၂၀ ခန့်က မတ်လ ၂၉ ရက်နေ့မှ စတင်ကာ ကန့်ကွက်သည့် အနေဖြင့် ပဌာန်း ရွတ်ဖတ်ပွဲ ပြုလုပ်ခဲ့သည်မှာ ယနေ့ နောက်ဆုံး ရက်ဖြစ်သည်။
ယင်း ပဌာန်းရွတ်ပွဲ ကျင်းပသည့် ဘုရင့်နောင် ရပ်ကွက် အနီးတ၀ိုက်တွင် စစ်တပ်နှင့် ရဲ အပါဝင် ကြံ့ဖွံ့ အဖွဲ့ဝင် များက လုံခြုံရေး ယူထားသည်။
ပဌာန်း ရွတ်ပွဲ ပြီးသွားသော်လည်း ယင်းပြဿနာကို ဖြေရှင်းပေးရန်အတွက် ဒေသခံ လူထုက ယခုကဲ့သို့ လက်မှတ်ထိုး လှုပ်ရှားမှုကို ဆက်လက်ပြုလုပ်ခြင်းဖြစ်သည်ဟု ဒေသခံ တဦးက ပြောပြသည်။
၎င်း ပုဂံဧရာ ဟိုတည်ကို ကျပ် ငွေ သိန်း ၈၀၀၀ ခန့် ရင်းနှီးမြှုပ်နှံ၍ ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသတင်းနှင့် ပတ်သက်ပြီး တွံတေးမြို့နယ် ရှိ ပုဂံဧရာ ဟိုတယ်ကို ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရရှိခဲ့ပေ။
source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=912:2009-04-02-12-36-55&catid=1:news&Itemid=2
သာသနာ့ နယ်မြေအနီးရှိ ဟိုတယ်ဖယ်ရှားရန် လက်မှတ်ထိုးတောင်းဆို
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment