မွန်ပြည်သစ်ပါတီဝင် တဦး လုပ်ကြံခံရ

Tuesday, April 21, 2009 ·

သန်းထိုက်ဦး | မွန်ပြည်သစ်ပါတီ ( NMSP ) ဗဟိုကော်မတီဝင် တဦးဖြစ်သူ ဒေါက်တာ နိုင်မင်းနောင်သည် ပြီးခဲ့သည့် စနေနေ့ ညနေပိုင်း တွင် မော်လမြိုင်မြို့မှ နေရပ်သို့အပြန် သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံခံရ မှုကြောင့် ကွယ်လွန်သွားခဲ့သည်။

ယခုကဲ့သို့ ဒေါက်တာ နိုင်မင်းနောင် လုပ်ကြံခံရခြင်းသည် မူးယစ်ဆေးဝါး နှိမ်နင်းမှု နှင့် ပတ်သက်ပြီး ၎င်းအား မကျေနပ်သူများ၏ လက်ချက်ဖြစ်နိုင်ကြောင်း လွတ်လပ်သော မွန်သတင်း အေဂျင်စီ အယ်ဒီတာချုပ် နိုင်ကဆော့မွန် က ဧရာဝတီသို့ပြောသည်။

“သူက မူးယစ်ဆေးဝါး ကိစ္စတွေကို အရေးယူခဲ့တဲ့ အပေါ်မှာ မကျေမနပ်ဖြစ်လို့ လုပ်လိုက်တာလားပေါ့နော် သံသယ ဖြစ်မိတယ်။ နောက်ပြီးတော့ တချိန်တည်းမှာပဲ မွန်ပြည်သစ် ပါတီထဲက ခွဲထွက်သွားတဲ့ အဖွဲ့တွေက လည်း အကျိုးစီးပွား အတွက်ပေါ့နော် များသောအားဖြင့် မူးယစ်ဆေးဝါးနဲ့ လောင်းကစားတွေ ပတ်သက်တဲ့ အဖွဲ့ တွေရှိ တယ်။ အဲဒါကို မွန်ပြည်သစ်ပါတီဘက်က အရေးယူတာမျိုးရှိတဲ့အခါမှာ မကျေနပ်တဲ့သူတွေက ဒီလိုမျိုးလုပ်လိုက် တာလားပေါ့နော်။ ကျနော်တို့က အဲဒီလိုမျိုး သံသယရှိတယ်”ဟု ၎င်းကဆိုသည်။

ဒေါက်တာ နိုင်မင်းနောင်သည် NMSP အတွက် ရိပ်က္ခာ စုဆောင်းရန် ဆိုင်ကယ်ဖြင့် စီးနင်းလာစဉ် မွန်ပြည်နယ် မုဒုံ ကားလမ်းမပေါ်ရှိ ဖားအောက် ကျေးရွာအနီးတွင် အမည်မသိ သေနတ်သမားက ကားဖြင့် နောက်က လိုက်လာ ပြီး ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။

ထို့အပြင် ဆန်ရိက္ခာဝယ်ရန်အတွက် ယူဆောင်လာသည့် ငွေ ကျပ် သိန်း( ၁၈၀ ) ကိုလည်း မော်လမြိုင် ရဲစခန်းမှ သက်သေခံအဖြစ် ခေတ္တသိမ်းဆည်းခံထားပြီးနောက် မွန်ပြည်သစ်ပါတီမှ တာဝန်ရှိသူများကို ပြန်လည် အပ်နှံခဲ့ပြီး ဖြစ်ကြောင်း နိုင်ကဆော့မွန်က ဆိုသည်။

အဆိုပါ သေဆုံးသူ၏ အမှုနှင့်ပတ်သက်ပြီး နောက်ဆုံး အခြေအနေကို သိရှိရန် မော်လမြိုင်မြို့ရှိ မွန်ပြည်သစ် ပါတီရုံးသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ယူဖြေကြားမည့်သူ မရှိကြောင်း ပြန်လည်ပြောဆိုခဲ့ သည်။

ဒေါက်တာ နိုင်မင်းနောင်သည် မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်ရွာ ဇာတိဖြစ်ပြီး တိမွေး/ကု ဆရာဝန် တဦးလည်း ဖြစ်သည်။

၎င်း၏ ရုပ်အလောင်းကို လွန်ခဲ့သည့် ၁၉ ရက်နေ့ ညနေ ၃ နာရီ ခန့်က မော်လမြိုင်မြို့သုသာန်တွင် မီးသင်္ဂြိုဟ် ခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=972:2009-04-21-10-50-14&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */