မြန်မာ ဒုက္ခသည်များ "ပြည့်တန်ဆာလုပ်ငန်းတွင် ရောင်းစားခံရ"

Saturday, April 25, 2009 ·

Finacial Times မိုးမခ | မြန်မာ ဒုက္ခသည်များ ပြည့်တန်ဆာလုပ်ငန်းသို့ ရောင်းစားခံရသည့် ကိစ္စတွင် မလေးရှား အစိုးရ အရာရှိများ ပါဝင်နေသည်ဟု အမေရိကန် လွှတ်တော်အမတ် တဦးက စွပ်စွဲလိုက်သည်။

ထိုင်း မလေးရှား နယ်စပ်ဒေသတွင် လူကုန်ကူးသူများ၏ လက်အတွင်းသို့ လွဲပြောင်းခံရသည့် မြန်မာ ဒုက္ခသည်များနှင့် ပတ်သက်ပြီး တနှစ်ကြာ အချိန်ယူ စုံစမ်း ရေးသားထားသော အ စီရင်ခံစာကို

နိုင်ငံခြားဆက်ဆံရေးကော်မတီတွင် တာဝန်ရှိသော လွှတ်တော် အမတ် Richard Lugarက မလေးရှား အစိုးရကို အင်္ဂါနေ့က ပေးအပ်လိုက်သည်။

အစီရင်ခံစာတွင် တတိယနိုင်ငံတခုကို သွားရောက်ရေးအတွက် မလေးရှားနိုင်ငံရှိ ကုလသမဂ္ဂရုံးသို့ ဆက်သွယ်ရန် ကြိုးစားသော မြန်မာပြည်သားများအကြောင်းကို ဖော်ပြထားသည်။

စုံစမ်းမှုများအရ မလေး အရာရှိများက ထိုမြန်မာပြည်သားများကို ဖမ်းဆီးပြီး နယ်စပ်သို့ ပြန်လည် ပို့ဆောင် ခဲ့ကြောင်း၊ ပြန်ပို့ခံရသူများထဲတွင် ဒုက္ခသည်အဖြစ် အသိအမှတ် ပြုခံထားရသူများလည်း ပါဝင်ကြောင်း၊ ထိုအချိန်တွင် ငွေမပေးနိုင်သူများမှာ လူကုန်ကူးသူများထံသို့ လွဲပြောင်းခံရကြောင်း ရေးထားသည်။

"ငွေမပေးနိုင်သူများသည် ထိုင်းနိုင်ငံရှိ လူကုန်ကူးသူများ လက်သို့ ရောက်သွားသည်၊ ငါးဖမ်းလှေ၊ ပြည့်တန်ဆာအိမ် စသည့် လုပ်ငန်းမျိုးစုံသို့ ရောက်သွားရသည်" ဟု အစီရင်ခံစာက ဆိုသည်။

လူကုန်ကူးသူများ၏ စော်ကားခြင်း ခံရသည့် အမျိုးသမီးများအကြောင်းကိုလည် ဖော်ပြထားသည်။ တချို့မှာ ၎င်းတို့၏ ခင်ပွန်းသည်များရှေ့တွင်ပင် စော်ကားခံရသည်ဟု ဆိုသည်။ "ဘယ်သူမှ ၀င်ပြီး မပြောရဲဘူး၊ ပြောရင် သေနတ်နဲ့ အပစ်ခံရမယ်၊ ဒါမှမဟုတ် ဓားနဲ့ အခုတ်ခံရမယ်" ဟူသော အကူအညီပေးရေး အဖွဲ့တခုမှ ၀န်ထမ်း တဦး၏ ပြောကြားချက်ကိုလည်း ကိုးကားထားသည်။

ဒုက္ခသည်တဦးကလည်း "(အမျိုးသမီးတွေက) ကြည့်ပျော်ရှုပျော် ရှိတယ် ဆိုရင် ပြည့်တန်ဆာလုပ်ငန်းကို အရောင်းခံရတယ်။ ရုပ်မချောတဲ့သူတွေဆိုရင်တော့ သူတို့က (လူကုန်ကူးသူတွေက) စားသောက်ဆိုင်တခုမှာ ရောင်းလိုက်နိုင်တယ်" ဟု ပြောသည်။

အဆိုပါ စွပ်စွဲချက်များကို မလေးရှား ရဲတပ်ဖွဲ့က စုံစမ်းမည် ဟူသော ဆုံးဖြတ်ချက်ကို လွှတ်တော် အမတ် Richard Lugarက ကြိုဆိုလိုက်သည်။

ဤကိစ္စများနှင့် ပတ်သက်ပြီး တစုံတရာ တုံ့ပြန်ပြောဆိုရန် ဆက်သွယ်သည့်အခါ မလေးရှား ၀န်ကြီးချုပ်ရုံးက အကြောင်းပြန်ခြင်း မရှိပေ။

source by : http://moemaka.com/index.php?option=com_content&task=view&id=3669&Itemid=1

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */