မျိုးကြီး | ရွှေလီ (မဇ္ဈိမ) ။ ။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ တယ်ဟုန်ပြည်နယ်ခွဲရှိ ရှမ်း-ကချင် လူမျိုးစုများ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ မြို့နယ် ၃ ခုတွင် ကျောင်းများကို ယခုနှစ် သင်္ကြန်ကာလ ပျော်ရွှင်ဖွယ် အားလပ်ရက် အဖြစ် ဒေသ အာဏာပိုင်များက ၇ ရက် သတ်မှတ်ပေးလိုက်သည်။
သင်္ကြန်ရေပက် ကစားသည့် ယဉ်ကျေးမှုရှိသော ရှမ်းလူမျိုးများ နေထိုင်ရာ မန်စီ၊ ရင့်ကျန်းနှင့် ရွှေလီမြို့တွင် ယခုလ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျောင်းပိတ်ရန်အတွက် ပြည်နယ်ခွဲ အစိုးရက သတ်မှတ်ပေးသလို၊ ယူနန်ပြည်နယ်က အသိအမှတ်ပြုပေးခြင်း ဖြစ်သည်။
ယခင်နှစ်များတွင် သင်္ကြန်ကာလ ရုံးပိတ်ရက်ကို ၃ ရက်သာ သတ်မှတ်ပေးခဲ့သည်။
”မနက်ဖြန်၊ သဘက်ခါ တက်အုံးမယ်။ တနင်္လာနေ့က စမယ်။ ၁၃ ရက်ကနေ ၁၉ ရက်နေ့အထိပေါ့။ ၂ဝ ရက်နေ့မှ ပြန်ဖွင့်မယ်။ ရင့်ကျန်းမှာလည်း သင်္ကြန်ပွဲ အကြီးအကျယ် ရှိတယ်လေ။ ၁၂ ရက်နေ့က စတာ။ ရှမ်းက တရက် စောပြီး ပန်းခူးတာကိုး” ဟု ရွှေလီမြို့ရှိ တရုတ်-မြန်မာ ကျောင်းဆရာတဦးက ပြောသည်။
ရွှေလီရှိ တရုတ် မူလတန်းကျောင်းတွင် ၂ တန်း၌ တက်နေသည့် ကျောင်းသားတဦး၏ ဖခင်က ''တနင်္ဂနွေနေ့ အထိ တက်ရအုံးမယ်။ ပြီးရင်တော့ တပတ်တိတိ ပိတ်ပေးတယ်” ဟု ဆိုသည်။
အာဏာပိုင်များက သင်္ကြန်ပွဲအတွက် မြို့ ၃ မြို့ကို တလှည့်စီ ငွေကြေးထောက်ပံ့ပေးကာ၊ စည်ကားသိုက်မြိုက်စွာ ကျင်းပပေးလေ့ရှိရာ ယခုနှစ်တွင် ရင့်ကျန်း အလှည့်ကျ ဖြစ်သည်။
ရှမ်းပြည် (အရှေ့ပိုင်း) နှင့် ကပ်လျက်ရှိသည့် စစ်ဆောင်ဘဏ္ဍာ (ခေါ်) ကျင်းဟုန်တွင်လည်း ယခုနှစ် သင်္ကြန်ပွဲ အတွက် အထောက်အပံ့ ပေးထားသည်။
”အထက်ကနေ အကြီးအကျယ်လုပ်မယ့် အစီအစဉ်နဲ့ ဘတ်ဂျက် ချတာတော့ ရင့်ကျန်း ရှိတယ်၊ ကျင်းဟုန် ရှိတယ်။ ရွှေလီတို့၊ မန်စီတို့ကတော့ ခါတိုင်းလိုလောက်ပေါ့။ ဟိုဟာကတော့ ယူနန် တီဗီလိုင်းကနေကို ကြေညာတာပေါ့။ ရင့်ကျန်းမှာ သွားပျော်ကြရအောင်၊ သင်္ကြန်ပွဲပေါ့” ဟု တရုတ်-မြန်မာ ကျောင်းဆရာက ပြောသည်။
ယခင်က တရုတ် တနိုင်ငံလုံး၌ ဥပဒေအရ ရွှေရောင် သတင်းပတ် ဟု ခေါ်သော ရက်ရှည်ရုံးပိတ်ရက်များ သတ်မှတ်ရာ တရုတ်နှစ်သစ်ကူး ပွဲတော်၊ အောက်တိုဘာ ၁ ရက်နှင့် မေဒေးနေ့ သတ်မှတ်ထားသည်။
၂ဝဝ၈ ခုနှစ်အတွင်း ကျင်းပခဲ့သည့် တရုတ်ပြည်သူ့ ကိုယ်စားလှယ်များ ညီလာခံ ဆုံးဖြတ်ချက်တွင် မေဒေးနေ့ကို ရွှေဝါရောင် သတင်းပတ် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ခြင်း မရှိတော့ဘဲ ရိုးရာပွဲတော်များဖြစ်သည့် လမုန့်စားပွဲနှင့် ဂူသင်္ချိုင်း ပူဇော်ရှင်းလင်းပွဲကို ရုံးပိတ်ရက်အဖြစ် ထည့်သွင်းသတ်မှတ်ပေးခဲ့သည်။
ယခုလို သင်္ကြန်ပွဲအတွက် ရက်ရှည်အားလပ်ရက် ပေးခြင်းမှာ တနိုင်ငံလုံး အတိုင်းအတာနှင့် ရက်ရှည်ပိတ်သည့် အစီအစဉ် များနှင့် မသက်ဆိုင်ဘဲ ပြည်နယ် အလိုက်၊ ဒေသအလိုက် လူမျိုးစုများ၏ ရိုးရာပွဲများကို အာရုံထား၍ ငွေကြေး စိုက်ထုတ် ကျင်းပပေးခြင်းလည်း ဖြစ်သည်။
၂ဝဝဝ ခုနှစ်က ရွှေလီနှင့် မူဆယ် အာဏာပိုင်များက သင်္ကြန်ပွဲတွင် အဝင်အထွက်ဂိတ်များ လွပ်လပ်စွာ သွားလာခွင့် ပေးခဲ့ပြီး၊ ပူးတွဲကျင်းပခဲ့သဖြင့် ယာဉ်ကြော ပိတ်ဆို့သည်အထိ စည်ကားခဲ့သည်။
source by : http://www.mizzimaburmese.com/news/regional/2757-2009-04-10-12-42-53.html
တရုတ်ကျောင်းများ သင်္ကြန် အားလပ်ရက် ၇ ရက် ပိတ်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်
လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
0 comments:
Post a Comment