အေးလဲ့ | တောင်ကိုရီးယားနိုင်ငံမှ ၂၀၀၉ ခုနှစ် ဂွမ်န်ဂျူး(GwangJu) လူ့အခွင့်အရေးဆုကို ၈၈ မျိုးဆက်သစ် ကျောင်း သားခေါင်းဆောင် ကိုမင်းကိုနိုင်အား ရွေးချယ်လိုက်ကြောင်း အန်အယ်လ်ဒီ -အယ်လ်အေ (ကိုရီးယားဌာနခွဲ) ကပြောသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (အန်အယ်လ်ဒီ-အယ်လ်အေ)(ကိုရီးယားဌာနခွဲ)မှ အတွင်းရေးမှူး၂ ဖြစ်သူ ကိုဇော်မိုးအောင် က“ နိုင်ငံတကာအသီးသီးက ဒီဆုရရှိဖို့ အတွက် စာရင်း တင်သွင်း ကြတယ်၊ အဲဒီအထဲမှာမှ မြန်မာနိုင်ငံက ကိုမင်းကိုနိုင်ကို ရွေးချယ်လိုက်ပြီဆိုတဲ့ အကြောင်း ဂွမ်န်ဂျူး မြို့မှာ ရှိတဲ့ may 18 Foundation က ဒီနေ့မနက် ၁၁ နာရီမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်”ဟု ပြောသည်။
ယင်းဆုပေးအပ်ပွဲအခမ်းအနားကို လာမည့် မေလ ၁၈ရက်နေ့ ညနေပိုင်းတွင် ဂွမ်န်ဂျူး မြို့ရှိ May 18 Memorial ခန်းမတွင် ချီးမြှင့် ပေးအပ်မည် ဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။
ဂွမ်န်ဂျူး ဆုတွင် ရွှေတံဆိပ်ဆု အပါအဝင် ကိုးရီယားဝမ် သန်း၅၀ (အမေရိကန်ဒေါ်လာ ၅၀၀၀၀) နှင့် ဂုဏ်ပြု ဘွဲ့လက်မှတ်ကို ပေးအပ်ချီးမြှင့်မည် ဖြစ်ကြောင်းသိရသည်။
ယင်းဆုအတွက် ကိုရီးယား အန်အယ်လ်ဒီ အဖွဲ့က မတ်လတွင် အဆိုတင်သွင်းခဲ့ခြင်း ဖြစ်ပြီး ယင်းသို့ အဆို တင်သွင်းရန် ကိုမင်းကိုနိုင်၏ ကိုယ်ရေးသမိုင်းနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်း သား များ ကူညီစောင့်ရှောက်ရေးအသင်းနှင့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဗဟိုဌာနချုပ်တို့မှ ကူညီပြုစုပေးခဲ့ ကြသည်။
ထိုဆုကို ကိုးရီးယားနိုင်ငံ နိုင်ငံရပ်ခြားမှ တသီးပုဂ္ဂလများ၊ အစုအဖွဲ့များနှင့် အဖွဲ့အစည်းတို့မှ လူ့အခွင့် အရေး လှုပ်ရှားသူ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး လုပ်ငန်းများလုပ်ကိုင်သူတို့ကိုချီးမြှင့်ခြင်းဖြစ်သည်။
၁၉၈၀ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ စစ်အာဏာရှင် စနစ်ကို ဂွမ်န်ဂျူးမြို့ရှိ ကျောင်းသားများက ဆန့်ကျင် ဆန္ဒပြခဲ့သည့် ကျောင်းသားလှုပ်ရှားမှု၊ ဒီမိုကရေစီလူထုအုံကြွမှု စိတ်ဓာတ်ကို ဂုဏ်ပြုသောအားဖြင့် ယင်း လူ့ အခွင့်အရေးဆုကို ပေးအပ်ခြင်းဖြစ်ကြောင်းသိရသည်။
ထိုဆုကို ၂၀၀၄ခုနှစ်တွင်လည်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြု ချီးမြှင့် ခဲ့ပြီး ယင်း ဆုငွေနှင့် ရွှေတံဆိပ်ဆုကို ယခုအချိန်အထိ အန်အယ်လ်ဒီ အယ်လ်အေမှ ဆက်လက် ထိန်းသိမ်း ထားဆဲဖြစ်ကြောင်းလည်း ကိုဇော်မိုးအောင်က ပြောသည်။
ဂွမ်န်ဂျူး လူ့အခွင့်အရေးဆုကို ပေးအပ်ခဲ့သည်မှာ ယခုဆိုလျှင် ၁၀ နှစ် ပြည့်မြာက်ပြီဖြစ်ပြီး ၂၀၀၆ခုနှစ်နှင့် ၂၀၀၇ ခုနှစ်တွင် ပူးတွဲ ပေးအပ်ခဲ့သည်။ ဆုရသူများထဲတွင် အရှေ့တီမောမှ ရှနားနာ ဂတ်စ်မို၊ မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်၊ အင်ဒိုနီးရှားမှ ဝါဒတ်ရှ် ဟာဖီဇ်၊ အာဖဂန်နစ္စတန်မှ မာတာလိုင် ဇိုယာနှင့် အန္ဒိယမှ အိုင်ရွမ် ရှာမီလာတို့ဖြစ်သည်။
ယင်း အဖွဲ့နှင့် ဆုပေးပွဲမတိုင်မီ လာမည့်မေလ ၁၆ရက်နေ့တွင်လည်း May 18 Memorial ခန်းမတွင်ပင် မြန်မာ့ အရေးနှင့်ပတ်သက်ပြီး ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။
source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=991:2009-04-24-12-31-13&catid=1:news&Itemid=2
မင်းကိုနိုင်ကို ကိုရီးယားက ဆုပေး
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment